How to learn web development – 2

ကျွန်တော် ပထမပိုင်းမှာ Web Essential ပိုင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ Web Development ပိုင်းကို မလေ့လာခင်မှာ web essential ပိုင်းက မသိမဖြစ်ဆိုလည်း မမှားပါဘူး။ Web Essential ပိုင်းကို လေ့လာရင်း web developer အစား web designer လိုင်းကို ပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် develop မလုပ်ခင်မှာ ကိုယ် developer ပိုင်းသွားမလား Designer ပိုင်းသွားမလား ဘယ်ဟာပို စိတ်ဝင်စားလဲဆိုတာကိုလည်း သိရအောင် web essential ပိုင်းကိုတော့ သိသင့်ပါတယ်။

အခြေခံ Language က ဘာလဲ

ကိုယ် developer လိုင်းသွားတော့မယ်ဆိုရင် အရင်ဆုံး programming language တစ်ခုခုကို တတ်ထားပြီးသားလို့ မှတ်ယူလို့ရပါမယ်။ ကိုယ့် အခြေခံ language က ဘာလဲ။ C++ တို့ Perl တို့က ကိုယ့်အတွက် အခြေခံရှိရင်တော့ PHP ကို သွားသင့်ပါတယ်။ C# , VB.NET တို့က လာတာဆိုရင်တော့ ASP.NET နဲ့ အဆင်ပြေပါလိမ့်မယ်။ Java သမားတွေအတွက်ကတော့ JSP ပေါ့။ Python သမားတွေကလည်း Django လိုမျိုး Framework ကို အသုံးပြုနိုင်ပါတယ်။ Ruby သမားတွေအတွက် ROR ရှိပါတယ်။

ကိုယ့်အခြေခံပေါ်မှာ မူတည်ပြီး web development ကို ကူးပြောင်းသင့်ပါတယ်။ တော်တော်များများဟာ web essential ပိုင်းမှာ မကျေညက်ခဲ့သလို လူအများပြောတဲ့ language ကို လွယ်လင့်တကူ ရွေးချယ်ကြတာကလည်း web development ကို စိတ်ပျက်သွားစေတဲ့ အကြောင်းလည်း ပါဝင်ပါတယ်။ HTML , CSS , javascript တို့ကို သဘောကျတဲ့ သူတစ်ယောက်အနေနဲ့ Drag & Drop တွေလုပ်ပြီး ရေးရတဲ့ ASP.NET ကို သဘောကျချင်မှ ကျမယ်။ အဲလိုလူမျိုးတွေအတွက်ကတော့ PHP က ပိုကိုက်ပါတယ်။ အရာရာ object အနေနဲ့ စဉ်းစားလာတဲ့ သူတွေအတွက်ကတော့ ASP.NET သို့မဟုတ် ROR က အဆင်ပြေလိမ့်မယ်။ Python သမားတွေ အနေနဲ့ကတော့ အခြား language ကို ပြောင်းပြီး လေ့လာမယ့် အစား Django ကို လေ့လာတာက ပိုမိုမြန်ဆန်စေတယ်ဆိုလည်း မမှားပါဘူး။ Java သမားအနေနဲ့ JSP က အသင့်တော်ဆုံးပဲ။ အဲလိုမျိုး ကိုယ်ကျွမ်းကျင်ခဲ့တဲ့ အခြေခံပေါ်မှာမူတည်ပြီး language ကို ရွေးချယ်သင့်ပါတယ်။

Server

Web Development လုပ်ပြီဆိုရင်တော့ server ပိုင်း အနည်းငယ်သိထားသင့်ပါတယ်။ PHP သမားတွေအနေနဲ့ Apache , MySQL စတာတွေ ဘယ်လိုသွင်းရမလဲ ဘယ်လို control လုပ်ရမလဲဆိုတာ အနည်းငယ်သိထားသင့်သလို ASP.NET သမားအနေနဲ့လည်း IIS နဲ့ MSSQL server အကြောင်း အနည်းအကျဉ်းသိထားဖို့လိုပါတယ်။ Server တွေက များများစားစား မရှိပါဘူး။ ကျွန်တော် အောက်က ပုံမှာလည်း ရှင်းပြထားဘူးပါတယ်။

ပုံထဲမှာတော့ မျဉ်းအစက်လေးတွေနဲ့ အပိုင်းက Optional ဖြစ်ပြီး နောက်မှ လေ့လာဖို့လိုပါတယ်။ ပထမဆုံး လေ့လာရမှာ language ကို လေ့လာရမှာ ဖြစ်ပြီးတော့ ကိုယ့် စက်ထဲမှာ စမ်းသပ်နိုင်ဖို့အတွက်လည်း Server Installation ပိုင်းတွေကိုလည်း သိထားရပါတယ်။ Web Development ပိုင်းမှာ Server တွေက ကိုယ့်စက်ကို localhost network တစ်ခု ဖန်တီးပေးပါလိမ့်မယ်။ ထို့မှသာ browser တွေမှာ ကိုယ်ရေးထားတဲ့ code တွေကို server က compile လုပ်ပြီး HTML နဲ့ ပြန်လည် ပြသနိုင်မှာပါ။

Server ဆိုတာကတော့ web server လို့ ဆိုရပါမယ်။ Apache , IIS , Tomcat စတဲ့ web server တွေပေါ့။ သူတို့ဟာ သက်ဆိုင်ရာ language နဲ့ ရေးထားတာတွေကို compile လုပ်ပြီးတော့ HTML output ထုတ်ပြီး browser မှာ ပြသပေးဖို့ အတွက် အသုံးပြုထားတာပါ။ လက်ရှိ Internet website တွေမှာလည်း ထိုကဲ့သို့ အလားတူ server တွေ ထားရှိပါတယ်။ ဒါကြောင့် website တွေအားလုံးရဲ့ source ကို HTML နဲ့ ကြည့်ရှုလို့ရနေပါတယ်။ သို့ပေမယ့် မူရင်းရေးထားတဲ့ programming language source ကိုတော့ ကြည့်လို့မရပါ။

Database Server ကတော့ Database အတွက်ပါ။ Web Server အပြင် Database Server ဆိုတာ သီးသန့် ထပ်ရှိပါသေးတယ်။ သူကတော့ Database သီးသန့်အတွက်ပါ။ ကိုယ်ရေးထားတဲ့ program ဟာ database နဲ့တွဲပြီး အလုပ်လုပ်ဖို့အတွက် database server လိုအပ်ပါတယ်။ Web Development ပိုင်းကို လေ့လာရမှာ ဦးစွာ ပထမ language ပိုင်းကို လေ့လာပြီးရင်နောက်ပိုင်းမှာ Database နဲ့ ချိတ်ဆက်တဲ့ အပိုင်းတွေပါ လေ့လာရပါလိမ့်မယ်။ လက်ရှိ website တွေဟာလည်း database server တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေကြပါတယ်။

ဘာအတွက်ရေးမှာလဲ

Web Development ကို လေ့လာတဲ့ အခါမှာ ဘာအတွက် ရေးမှာလဲဆိုတဲ့ အချက်ကလည်း language ကို လေ့လာတဲ့ နေရာမှာ အထောက်အကူပြုစေပါတယ်။ တကယ်လို့ Open Source ပိုင်းတွေကို လေ့လာချင်တယ်ဆိုရင်တော့ PHP က အသင့်တော်ဆုံးပါ။ SAAS လိုမျိုး web application ကောင်းကောင်းတွေ ကိုယ်ပိုင်ရေးချင်တယ်ဆိုရင်တော့ Python သို့မဟုတ် Ruby က သင့်တော်တယ်။ အလုပ်အတွက်ပါပဲဆိုရင်တော့ အပေါ်မှာ ပြောထားသလို ကိုယ်နဲ့ သင့်တော်တဲ့ language ကို လေ့လာတာ အကောင်းဆုံးပါပဲ။

ဘယ် ဘာသာစကားမဆို နေ့ခြင်း ညခြင်း လေ့လာလို့ တတ်မြောက်ကျွမ်းကျင်သွားတယ် မရှိပါဘူး။ အချိန်ပေးပြီး လေ့လာရပါတယ်။ များများ ဖတ်ပြီး လေ့လာထားတဲ့ သူက ပိုမို မြန်ဆန်တတ်ကျွမ်းပါလိမ့်မယ်။ နောက်ပြီး web development ဆိုပေမယ့် တကယ်တန်းတော့ web ပါပဲ။ တကယ့်အနှစ်က HTML ပဲ ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ အခြား ဆွေးနွေးလိုသည်များကို comment ပေးခဲ့နိုင်ပါတယ်ဗျာ။

5 Replies to “How to learn web development – 2”

  1. အကို ကျွန်တော်နှစ်ပိုင်းလုံးဝင်ဖတ်သွားပါတယ်၊ ပို့စ်အတွက် ကျေးဇူးတင်ပါတယ်၊

  2. အစ်ကိုပြောတဲ့အထဲမှာ ့html,cssနဲ့javascript ကို သဘောကျရင် phpကပိုကိုက်တယ်လို့ပြောခဲ့ပါတယ်နော် ညီမကအဲဒါလေးတွေသုံးရတာ သဘောကျတယ် ဒါပေမဲ့ခု asp.net လိုင်းကိုလိုက်ဖို့ အတွက် c#ကိုစလေ့လာနေတာ ၁လလောက်တောင်ရှိပြီ စိတ်လညး်ဝင်စားလာပြီီ ဘယ်လိုလုပ်ရပါ့မလဲ microsoft စာမေးပွဲဖြေဖို့က .Net လိုင်းမှ ရတာလားအစ်ကိုဖြေပေးပါဦး php ပြောင်းသင့်လားအရင်က ညီမက jspလည်းတက်ဖူးတယ် ဒါပေမဲ့ phpကိုမလေ့လာချင်ဘူးဖြစ်နေတာ စိမ်းသလိုပဲ aspမှာ အဲဒီ cssနဲ့javarscript တွေကိုစိတ်ကြိုက်သုံးလို့ မရလို့လားဟင် တကယ်မသိလို့ပါ aspနဲ့ပက်သက်ပြီးဘာမှကိုမသိသေးလို့ပါ တော်ကြာc#တွေလေ့လာပြီး aspရောက်မှ Php ကိုပြန်ကူးချင်စိတ်ပေါက်သွားမှာလည်းကြောက်တယ် ဟိုမရောက်ဒီမရောက်လည်းမဖြစ်ချင်လို့သေချာလေး ပြောပြပေးနိုင်မလားရှင်

    1. ASP.NET လုပ်မယ်ဆိုရင်လည်း html နဲ့ css အပြင် javascript တတ်ထားဖို့လိုပါတယ်။ C# ကိုလေ့လာပါ။ ကောင်းပါတယ်။ ASP.NET မှာ CSS နဲ့ javascript ကို စိတ်ကြိုက်သုံးလို့ရပါတယ်။ HTML,CSS,javascript ပြီးရင်တော့ အရင်ဆုံး C# ပြီးရင် ASP.NET ကို လေ့လာကြည့်ပါ။

  3. အကိုရေကျွန်တော်ကတော့ အခုမှ html ကိုစလေ့လာကာစပဲရှိသေးတယ် စိတ်ဝင်စားလို့ပါ
    ဘယ်လိုင်းလိုက်သင့်မှန်းလည်း သေချာမသိဘူး ဗျ
    ကျွန်တော်ကဒီဇိုင်းပိုင်းလည်းစိတ်ဝင်စားတယ် နောက်ပြီး ခုမှ စလေ့လာတာဆိုတော့ စိမ်းနေတယ်အကို
    အကြံပေးပါဦး ဒါပြီးရင်ဘာတွေဆက်လုပ်သင့်လဲဆိုတာပြောပြပါ။

    1. ဘာလုပ်ချင်လဲဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ။ Design ပိုင်းမှာဆိုရင်တောင် Web Design နဲ့ Artist က မတူဘူး။ Layout Design နဲ့ Web Design ကလည်း မတူပါဘူး။ ဒါကြောင့် Design ဆိုရင်တောင် ဘာ Design လဲ ဆိုတာ လေ့လာပါအုံး။ Artist ဖြစ်ချင်တာလား။ Web Designer ဖြစ်ချင်တာလားဆိုတာကို ကိုယ့်ဘာသာ ကိုယ်မေးပါ။ web designer ဖြစ်ချင်တယ်ဆိုရင်တော့ HTML , CSS, javascript တတ်ထားသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *