How to learn web development

Web Development လုပ်တော့မယ်ဆိုရင် ကျွန်တော် ဒီပုံမှာ ပြခဲ့တာလေးကို တချက်ကြည့်စေချင်ပါတယ်။ ပုံထဲမှာ ကျွန်တော့်အနေနဲ့ Web Programming ကို မလေ့လာခင်မှာ HTML , CSS , Javascript ကို စတင်လေ့လာဖို့ ဆိုထားပါတယ်။ HTML , CSS က programming ပိုင်း မပါဝင်ပါဘူး။ တော်တော်များများဟာ HTML, CSS, Javascript က သေချာ မတတ်ကျွမ်းပဲနဲ့ Web Development ပိုင်းကို ကူးနေကြတာတွေကိုလည်း တွေ့ရပါတယ်။

Web Essential

Web Development ပိုင်းကို မသွားခင်မှာ Essential ပိုင်းဖြစ်တဲ့ HTML , CSS , Javascript ကို တတ်ကျွမ်းထားဖို့ လိုပါတယ်။ HTML , CSS , javascript ပြီးရင် jquery ကို လေ့လာသင့်ပါတယ်။ jquery , mootool , prototype စတဲ့ javascript library တွေထဲမှာ jquery က အသင့်တော်ဆုံးဆိုလည်း မမှားပါဘူး။ အခုခေတ်မှာ Ajax နဲ့ javascript effect တွေက website တော်တော်များများမှာ တွေ့နေရပါပြီ။ ajax ပိုင်းကို ရေးမယ်ဆိုရင် jquery နဲ့သာ တွဲသုံးတယ်ဆိုရင် တော်တော်လေးကို လွယ်ပါတယ်။

HTML ဆိုတာကတော့ website တစ်ခုကို တည်ဆောက်ရာမှာ အခြေခံအကျဆုံး အဆင့်ဆိုလည်း မမှားပါဘူး။ HTML မတတ်ပဲနဲ့ website ရေးလို့ မရပါဘူး။ Dreamweaver နဲ့ ရေးရင် ရပါတယ်လို့ ဆိုပေမယ့် အဲဒါက ရေရှည်အတွက်ကောင်းတဲ့ နည်းလမ်း မဟုတ်ပါဘူး။ Dreamweaver က website ဖန်တီးရာမှာ ကူညီတဲ့ tool တစ်ခုသာ ဖြစ်ပြီး langauge မဟုတ်ဘူးဆိုတာကို သိထားသင့်ပါတယ်။ အခုမှ စလေ့လာတဲ့သူတွေဟာ Dreamweaver ကို langauge တစ်ခုလို မှားမှတ်ကြပါတယ်။ website တစ်ခုကို dreamweaver နဲ့ လွယ်လွယ် တည်ဆောက်လို့ရတယ်လို့ ထင်မှတ်ကြပါတယ်။ မဟုတ်ပါ။ HTML မတတ်ပဲနဲ့ website တစ်ခု ကောင်းကောင်း တည်ဆောက်လို့မရပါ။ Dreamweaver နဲ့ တည်ဆောက်တဲ့ website ဟာလည်း microsoft word မှာ စာစီစာရိုက်လုပ်သလောက်ပဲ ဖြစ်နေမှာ အမှန်ပါပဲ။

CSS ကတော့ HTML ကို အထောက်အပံ့ ပေးဖို့ပါ။ HTML နဲ့ တည်ဆောက်တဲ့အခါမှာ Design ပိုင်းပါဝင်လာမှာမဟုတ်ပါဘူး။ လှပတဲ့ Web Design ကို တည်ဆောက်ဖို့အတွက် CSS ကို တတ်ကျွမ်းထားဖို့လိုပါတယ်။ CSS ကို မသိတဲ့အခါမှာတော့ လိုသလို Design ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ CSS ကို သာ မတတ်ကျွမ်းထားရင် font size တွေ font color တွေ ပြင်ဖို့အတွက် သီးသန့် Designer ကို အကူအညီ တောင်းရပါလိမ့်မယ်။ တကယ်တန်းတော့ အဲဒီအတွက် Designer ကို စောင့်စရာမလိုပဲ ကိုယ်တိုင် လွယ်လွယ်ပြင်လို့ရတဲ့ အပိုင်းတွေပါ။ ဒါကြောင့် Web Development မလုပ်ခင်မှာ HTML နဲ့ CSS ကိ ုအခြေခံကြပါတယ်။

Javascript ကတော့ programming ပိုင်း နည်းနည်းဆန်လာပါတယ်။ condition ပိုင်းတွေ ပါဝင်လာပါတယ်။ HTML , CSS တတ်ရုံနဲ့ Design တစ်ခုကို ဖန်တီးနိုင်ပါတယ်။ javascript မတတ်ကျွမ်းရင်တော့ validation ပိုင်းလိုမျိုး code တွေ ရေးလို့မရပါဘူး။ နောက်ပြီးတော့ image slide တွေထည့်သွင်းဖို့ရာမှာလည်း ပြဿနာလေးတွေ ရှိနိုင်ပါတယ်။ အခုနောက်ပိုင်း အသုံးပြုလာတဲ့ Google Map လိုမျိုး API တွေဟာလည်း javascript ကို တတ်ကျွမ်းထားဖို့လိုပါတယ်။ ထို့မှသာ website ထဲမှာ ထည့်သွင်း အသုံးပြုနိုင်မှာပါ။

Jquery ကတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ javascript library ဆိုလည်း မမှားပါဘူး။ javascript library ဆိုတာကတော့ လက်ရှိ javascript ကိုပဲ ပိုမို လွယ်ကူအောင် ဖန်တီးထားတာပါ။ လက်ရှိ အသုံးပြုထားတဲ့ javascript တွေအပြင် jquery api တွေပါ ထပ်ပါလာပါတယ်။ jquery api က event တွေကို ပိုမိုလွယ်ကူအောင် ဖန်တီးပေးထားပါတယ်။ ajax ပိုင်းနဲ့ animation ပိုင်းတွေအတွက်ကတော့ jquery က ပိုပြီး အဆင်ပြေစေပါတယ်။ javascript နဲ့ animation လုပ်ရတာထက် jquery နဲ့ ဖန်တီးတဲ့အခါမှာ code တွေ အများကြီး ပိုတိုပြီး ရှင်းလင်းလွယ်ကူစွာရေးသားနိုင်ပါတယ်။ ajax အတွက်လည်း jquery က အရေးပါပါတယ်။ javascript မှာ ajax function အတွက် code တွေအရှည်ကြီး ရေးရပေမယ့် jquery ကိုသာ အသုံးပြုမယ်ဆိုရင် လွယ်လွယ်ကူကူ ရေးသားနိုင်ပါတယ်။

ဒါကြောင့် web development ပိုင်း ကို မသွားခင်မှာ HTML , CSS , javascript အပြင် jquery ကို သိထားခြင်းအားဖြင့် web development ကူးတဲ့အခါမှာ ပိုမိုလွယ်ကူစေပါတယ်။

ဆက်ပါအုံးမည်။

One Reply to “How to learn web development”

Leave a Reply

Your email address will not be published. Required fields are marked *