CodeAcedamy

Programming ကိုလေ့လာချင်တယ်။ Programming ဆိုတာ ဘာလဲ။ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ ဒါပေမယ့် လေ့လာကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် CodeAcedamy က ဖန်တီးပေးထားပါတယ်။ javascript ကို လေ့လာချင်တဲ့ သူတွေအတွက်ကတော့ တော်တော် အဆင်ပြေပါတယ်။ အခု အချိန်မှာတော့ Course က ၂ ခု ပဲ ရှိပါသေးတယ်။ သို့ပေမယ့် contribute လုပ်ထားတဲ့ course တွေကတော့ တော်တော်များများရှိပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို တင်မထားသေးပါဘူး။

Continue reading “CodeAcedamy”

Unicode Guide

Unicode အသုံးပြုပုံနဲ့ ပတ်သက်ပြီး ထည့်သွင်းရေးသားထားပါတယ်။ မရှင်းတာ နားမလည်တာတွေကို comment မှာ မေးနိုင်ပါတယ်။ သို့မဟုတ် user.mysteryzillion.org မှာ လည်း မေးနိုင်ပါတယ်။

iBook need 1.2 or later for font embed.

Download

Cloud Computing Explained

Cloud ဆိုတာ ဘာလဲဆိုတာကို သေသေချာချာ ရှင်းပြထားတဲ့ video လေးပါ။ Cloud ဆိုတာကို နားမလည်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ video ဆိုလည်း မမှားပါဘူး။

PHP Developer ကောင်း မပီသခြင်း Part II

အပိုင်း ၁ ကို ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။

ကိုယ့် coding ကို အားကိုးလွန်းခြင်း

တချို့ ကိစ္စတွေမှာ ရိုးရိုးလေးနဲ့ အရှည်ကြီး ရေးရမယ့် coding နဲ့ သင့်ရဲ့ trick နဲ့ တိုတို လေး ရေးလိုက်လို့ရတာတွေ ရှိပါတယ်။ လူတိုင်း နီးပါးကတော့ ကိုယ်ပိုင် trick လေး သုံးပြီးရေးလိုက်ချင်တာပဲ။ သို့ပေမယ့် သင့် code က ပြန်ဖတ်တဲ့ အခါမှာ အရမ်းကို ရှုပ်ထွေးလွန်းနေပြီး သင်တစ်ယောက်တည်းသာ နားလည်နိုင်တယ်ဆိုရင်တော့ သင်ဟာ Developer ကောင်း ပီသတဲ့ သူမဟုတ်တော့ဘူး။ လူတိုင်းက သင့်လို မတော်ပါဘူး။ သင်ရေးတဲ့ code က သင့်တစ်ယောက်တည်း အတွက်ဆိုရင် ကိစ္စမရှိပေမယ့် နောင်တချိန် အခြားလူတစ်ယောက်က ပြန်ပြင်ရမယ်ဆိုရင်တော့ မသုံးသင့်ဘူးပေါ့။ ပြန်ပြင်တဲ့လူက သင့် code ကို လုံးဝ နားမလည်ဘူး သို့မဟုတ် သင့်လောက် မတတ်ဘူး မတော်ဘူးဆိုရင်တော့ သင့်ကို ပြန်မေးတာတွေကို သင်ပြန်ဖြေနေရလိမ့်မယ်။ လူတိုင်းက သင့်လောက် မတော်ပါဘူး။ ဒါကြောင့် ရိုးရှင်းပါ။
Continue reading “PHP Developer ကောင်း မပီသခြင်း Part II”

Vanilla Forum Script Installation

ကျွန်တော် ဒီတစ်ခါတော့ vanilla ဆိုတဲ့ forum script ကို install လုပ်နည်းကိုပြသသွားမှာ ဖြစ်ပါတယ်။ vanilla ကို mysteryzillion မှာ VBulletin အစားအသုံးပြုတော့မယ့် forum CMS တစ်ခုဖြစ်ပါတယ်။ vanilla ဟာ install လုပ်ရတာအရမ်းလွယ်ကူပြီးတော့ configure လုပ်ရတာလည်း ခန့်မှန်းထားသလောက်မခက်ခဲ့ပါဘူး။ သူရဲ့အားသာချက်ကတော့ VBulletin လိုအခကြေးငွေတစ်စုံတစ်ရာပေးစရာမလိုတဲ့ free (not only like beer free but also like freedom)  CMS အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် forum စတင်စမ်းသပ်ထူထောင်လိုသူများအတွက် အထူးသင့်တော်မယ်လို့ယူဆရပါတယ်။ သို့သော် ကျွန်တော်သည် developer level user (power user ) တစ်ယောက်မဟုတ်တာကြောင့် vanilla နဲ့ပတ်သတ်၍ က မှ အ အဆုံးထိရေးသားနိုင်စွမ်းမရှိပါဘူး။ ကိုယ်တက်နိုင်သလောက် installation process ကို end user များနားလည်နိုင်အောင်ရေးသားလိုက်ရပါတယ်။
Continue reading “Vanilla Forum Script Installation”

Run Another Dropbox on Mac

Dropbox ကို Mac မှာ တစ်ခုထက် မက သုံးချင်တာတွေရှိပါတယ်။ သို့ပေမယ့် ပုံမှန် အားဖြင့် dropbox က တစ်ခုတည်းပဲ သုံးလို့ရပါတယ်။ ကျွန်တော် တို့ ဆီမှာ account ၂ ခုရှိတယ်။ တစ်ခုက ရုံးအတွက် တစ်ခုက personal အတွက် ဆိုပြီး ရှိတယ်ဆိုရင် သုံးရတာ အဆင်မပြေတော့ဘူး။ Mac မှာ Dropbox ၂ ခု သုံးချင်တယ်ဆိုရင်တော့ ဒီ file လေးကို download ချလိုက်ပါ။
Continue reading “Run Another Dropbox on Mac”

Apple Release iOS 4.3 Beta

Apple iOS 4.3 Beta ကို iPhone , iPad, iPodTouch တို့အတွက် ထုတ်ပေးလိုက်ပါပြီ။ အသစ်ပါဝင်လာတဲ့ feature တွေကတော့ wifi hotspot , stream video to Apple TV using AirPlay, iAd full screen banners, and HTTP Live Streaming statistics , Multitasking Gestures တို့ပါပဲ။ အခုအချိန်မှာတော့ $99/year or Enterprise developer တွေပဲ download ချ ပြီး အသုံးပြုလို့ရပါသေးတယ်။ ခန့်မှန်းရတာတော့ iPad 2 နဲ့ အတူတူ ထွက်ရှိလာဖို့ရှိပါတယ်။

Hellobar – A Web Toolbar

Hello Bar ဆိုတာကို သိပြီးသူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့လူတွေ အတွက် ရည်ရွယ်ပြီး ရေးထားပါတယ်…။

Hello Bar ဆိုတာ ဘယ်Website ၊ ဘယ် Blog မှာမဆို အသုံးပြုလို့ ရနိုင်တဲ့ Web Toolbar တစ်ခုပါ….။
Hello Bar ကို ကိုယ့် Blog ရဲ့ နောက်ဆုံး Blog Post တို့ ၊ ကိုယ့် Website ရဲ့ နောက်ဆုံးထည့်သွင်းထားတဲ့ အချက်အလက် ၊ ဘယ်အရာကိုမဆို ဖော်ပြနိုင်ဖို့ အတွက် အသုံးပြုနိုင်ပါတယ်..။ Hello Bar ဟာ Website ၊ Blog စာမျက်နှာရဲ့ အပေါ်ဆုံးမှာ
Bar လေးအဖြစ် ရှိနေမှာဖြစ်ပြီး စာဖတ်သူ ၊ Visitor တွေကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေဘဲ သေသေသပ်သပ် ရှိနေမှာဖြစ်ပါတယ်…။

Hello Bar ကပေးထားတဲ့ JavaScript ကို ဘယ် HTML Website ၊ Blog မှာမဆို  Copy/Paste လုပ်ရုံနဲ့ Hello barအား  အသုံးပြုနိုင်ပါတယ်..။ ငုင်း Bar မှာ မိမိစိတ်ကြိုက်  အရောင် ၊ စာသား နဲ့ Web Link တစ်ခုကို ထည့်ထားပြီး ဖော်ပြထားနိုင်ပါသေးတယ်..။

ဒါအပြင် Hello Bar မှာ မိမိ Blog rss feed ၊ Twitter feed ၊ Facebook feed ၊ တွေကိုလည်း ဖော်ပြထားနိုင်ပါသေးတယ်…။

အကယ်၍များ Hello Bar ကို မသုံးချင်လို့ ကိုယ်Site မှာ ဖယ်ချင်ရင် အရင်ကထည့်ထားတဲ့ Code ကို ဖယ်ဖျက်စရာမလိုဘဲ Switch Off လုပ်ထားရင် ချက်ချင်းဖယ်ပြီးသားဖြစ်အောင် လုပ်ထားနိုင်သေးပါတယ်..။ မိမိ လိုအပ်တဲ့အချိန်မှာလည်း အလွယ်တကူဆိုသလို ချက်ချင်း Switch On လုပ်နိုင်ပါတယ်..။

Hello Bar ကို သုံးသင့်တဲ့ အကြောင်းကတော့ ရိုးရှင်းတဲ့ ဒီဇိုင်း ၊ မိမိ Website မှာ Click လုပ်တဲ့အရာတွေ ၊ စာဖတ်သူ စိတ်ဝင်စားတဲ့အချက်အလက်တွေ ၊ CTR (Clickthrough rate) တွေကိုလည်း မှတ်သားထားနိုင်တာကြောင့်ရယ် …၊ မိမိဖော်ပြလိုတဲ့ အရေးကြီး အကြောင်းအရာတွေကို ထင်ထင်ရှားရှား သိသိသာသာ ဖော်ပြနိုင်တာကြောင့်ပါ..။

Hello Bar ကို Blogspot မှာပဲဖြစ်ဖြစ် ၊ WordPress မှာပဲ ဖြစ်ဖြစ် ၊ ဘယ် CMS (Content Management System) မှာမဆို အသုံးပြုနိုင်ပါတယ်..။

Hello Bar ဟာ Beta အဆင့်မှာပဲမို့ … Public Release မလုပ်သေးပါဘူး..။ သုံးချင်လို့ Sign up လုပ်ရာမှာ Beta Key ထည့်ပေးဖို့လိုပါသေးတယ်..။
ဒါကြောင့်အသုံးပြုလိုသူများ ၊ စမ်းသုံးကြည့်လိုသူများအနေနဲ့ အောက်က Comment Section မှာ တောင်းဆိုနိုင်ပါတယ်…။ Beta Key ၁၀ ခုသာ ရှိတာမို့ ဦးသူရမယ်လို့ အာမခံပါရစေ..။

Hello Bar ရဲ့ Official Website ကတော့ http://hellobar.com ဖြစ်ပါတယ်..။

ရှင်းလင်း ပေါ့ပါး WordPress , Blogger Templates များ

WordPress  နဲ့ Blogger (blogspot) တို့ဟာ အင်တာနက်ပေါ်မှာ လူအသုံးများဆုံး Blogging Platform များဖြစ်ကြပါတယ်..။ သူတို့ရဲ့ ရိုးရှင်းမှု ၊ သုံးစွဲရတာ လွယ်ကူမှု ၊ အချိန်ကုန်သက်သာစွာနဲ့ ထိထိရောက်ရောက် ဖော်ပြနိုင်မှု တို့ကြောင့် လူကြိုက်များနေတုန်းပါပဲ…။ အခြား Livejournal, Typepad,Posterous,Tumblr,soup.io စတဲ့ Blog Platform များစွာလည်းရှိပါသေးတယ်.. …။

အောက်မှာကတော့ WordPress Blog (Self-hosted blog) နဲ့ Blogspot (Blogger) တို့မှာ အသုံးပြုနိုင်မယ့် ရှင်းလင်း ၊ ပေါ့ပါးပြီး Customize လုပ်ရတာ လွယ်ကူမယ့် Themes များကို ဖော်ပြထားပါတယ်…။

အများစုဟာ Originally for WordPress themes များဖြစ်ပြီး ငုင်းတို့ကို Blogspot (Blogger) မှာလည်း အသုံးပြုနိုင်ဖို့  မူရင်းမှ တဆင့် ပြန်လည်ပြုပြင်ထားတဲ့ Template များဖြစ်ကြပါတယ်…။ အများစုကတော့ White , Black, Grey Based Color Themes and Templates တွေ ဖြစ်ပါတယ်..။

Continue reading “ရှင်းလင်း ပေါ့ပါး WordPress , Blogger Templates များ”

ချဉ်းကပ်ခြင်း

ပြီးခဲ့တဲ့ သောကြာနေ့ ကိုရဲမြတ်သူ ဘန်ကောက်ရောက်နေတော့ ကျွန်တော့် ဆီကို ဖုန်းဆက်ပါတယ်။ အဓိကတော့ ပြည်တွင်းကလူတွေ ပြည်ပထွက်ကုန်တဲ့ နောက်ပိုင်းမှာ လူတော်တွေရှားလာတယ်။ Computer နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ချင်တဲ့ လူတွေ နည်းလာတယ်။ အဲဒီ အတွက် company တွေ အနေနဲ့လည်း အဆင်မပြေဘူး။ လက်ရှိ ရှိနေတဲ့ human resource တွေ ဘာကြောင့် မတိုးတက်လာတာလဲ။ ဘာကြောင့် ရှားပါးကုန်တာလဲဆိုတာကို အချိန် တစ်နာရီလောက် စကားပြောဖြစ်ခဲ့တယ်။

ရှားပါးလာတဲ့ Human Resource

Generation တစ်ခုပြီး တစ်ခု နိုင်ငံခြားထွက်လာတဲ့ အမျှ မြန်မာနိုင်ငံမှာလည်း Human Resource တွေ တဖြည်းဖြည်း ကျဆင်းလာတယ်။ လက်ရှိ ပြည်တွင်းမှာ ကျန်ရှိတဲ့သူတွေက ရာခိုင်နှုန်းအရ Fresh တွေနဲ့ Begineer တွေ ပိုများလာတယ်။ အများအားဖြင့် သင်တန်းဆင်း တွေ က များလာတယ်။ သင်တန်းဆင်း တော်တော်များများဟာလည်း လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြံု အားနည်းသလို တကယ်လိုအပ်တဲ့ project ကြီးတွေမှာ လုပ်ဖို့ကလည်း လုပ်ငန်းရှင်တွေ ကိုယ်တိုင် အာမခံရဲ ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရတနာပုံ DDoS ပြဿနာတုန်းကဆိုရင် တရုတ်လက်ထဲအပ်ပြီး ခိုင်းရတဲ့ အဆင့်ထိတောင် ဖြစ်သွားတယ်။ နောက်ပြီး ပြည်တွင်းမှာ လုပ်ငန်း Freelance network က အားနည်းနေသေးတာကြောင့်လည်းပါတယ်လို့ ဆိုရမယ်။ အချို့ လုပ်နိုင်တဲ့ လူတွေ ရှိပေမယ့် လက်ရှိ အလုပ်အပ်ချင်တဲ့သူတွေ ရှာဖွေရ ခက်တာတွေလည်း ရှိတယ်။ ရှိပေမယ့် ရှာရခက်နေတယ်။ ရှားနေတယ်လို့လည်း ဆိုရမှာပေါ့။

Continue reading “ချဉ်းကပ်ခြင်း”

Install Cocos2d-iphone

Cocos2d ဟာ iPhone 2D Game ရေးဆွဲဖို့အတွက် opensource framework တစ်ခုပါ။ game တွေကိ ုမြန်ဆန်လွယ်ကူအောင် ရေးဆွဲဖို့အတွက် framework တွေထဲက opensource framework တစ်ခုပါ။ အခု iphone အတွက် ဖြစ်တဲ့အတွက်ကြောင့် Mac OS 10.6 နဲ့Xcode ရှိထားဖို့လိုပါတယ်။ Cocos2d က အစက python နဲ့ရေးထားပြီးတော့ objective-c အတွက် သီးသန့် ပြန်ရေးထားတယ်လို့ ဆိုပါတယ်။

ဟုတ်ပြီ။ ကျွန်တော်တို့ အရင်ဆုံး http://www.cocos2d-iphone.org/download မှာ download လုပ်လိုက်ပါ။ stable version က cocos2d-iphone-0.99.4.tar.gz ပါ။ rc version ကတော့ cocos2d-iphone-0.99.5-rc1.tar.gz ပါ။ rc1 အခြေအနေ ရောက်နေတဲ့အတွက် stable မဖြစ်ပေမယ့် တော်တော် အဆင်ပြေပါတယ်။ 0.99.5 နဲ့ o.99.4 က ကွာတဲ့ အချက်တွေ ရှိပါတယ်။ 0.99.5 မှာ iPhone 4 retina display အတွက် hd image တွေ ထည့်လို့ရလာပါတယ်။ 0.99.4 ကတော့  iPhone 4 မှာ hd အနေနဲ့ support မရနိုင်ပါဘူး။ ဒါကြောင့် 0.99.5rc1 ကိုပဲ download ချစေချင်ပါတယ်။

cocos2d-iphone-0.99.5-rc1.tar.gz ကို ဖြည်လိုက်ပါ။ ပြီးရင် terminal ဖွင်ပြီး ဖြည်ထားတဲ့ folder ကို သွားလိုက်ပါ။

Terminal မှာ

$sudo sh install-templates.sh

ဆိုပြီး ရိုက်ပြီး cocos2d ကို သွင်းနိုင်ပါတယ်။ ပြီးရင် xCode ကို ဖွင့်လိုက်ပါ။ Create new project လုပ်လိုက်ရင် cocos2d template ကို user template အောက်မှာ တွေ့ပါလိမ့်မယ်။

အခု cocos2d သွင်းလို့ရသွားပြီဆိုတော့ နောက်ပိုင်း cocos2d နဲ့ game ရေးပုံလေးတွေ ဆက်လက်ရေးသားပေးပါ့မယ်။

Starting Game Development

အရင်အလုပ် web development ကနေ ဘာမှ မဆိုင်တဲ့ iphone game development ကို ရောက်သွားတော့ စာတွေတော်တော် ပြန်ဖတ်လိုက်ရတယ်။ နောက်ပြီး မသိတာတွေ တော်တော်များများလည်း လေ့လာလိုက်ရတယ်။ Game Devloper လုပ်ချင်တဲ့ သူတွေ အရင်ဆုံး ကိုမြင့်ကျော်သူရေးထားတဲ့ post လေးတွေကို ဖတ်သင့်တယ်။ ကိုမြင့်ကျော်သူကတော့ Game Dev နဲ့ ပတ်သက်လာရင် ဆရာကြီး တစ်ဆူလို့တောင် ဆိုလို့ရမယ်။ မြန်မာနိုင်ငံကနေ နိုင်ငံတကာကို game ရောင်းနေတဲ့ Total Game Studio ဆိုပြီး အောင်မြင်တဲ့ Game Studio တစ်ခုလည်း ရှိတယ်။ ဒါကြောင့် Game Developer မလုပ်ခင်မှာ သူရေးထားတဲ့ post လေးတွေကို ဖတ်သင့်ပါတယ်။
Continue reading “Starting Game Development”

Real-time web applications

အခုအချိန်မှာ real-time web applications ဆိုတာက မြန်မာနိုင်ငံနဲ့ အလှမ်းကွာသေးပေမယ့် သိသင့်ပါတယ်။ အထူးသဖြင့် google doc က အကောင်းဆုံး real-time web applications ပါပဲ။ ဒီဘက်က စာရိုက်လိုက်တာနဲ့ ဟိုဘက်မှာ ချက်ခြင်း သွားပေါ်တယ်။ Real-time web applications က chat လိုမျိုး web applications တွေမှာ တော်တော်ကို အသုံးဝင်ပါတယ်။ real time chatting ပေါ့ဗျာ။ သာမာန် သမာရိုးကျ နည်းလမ်းက ဟိုးအရင်တုန်းကတော့ iframe သုံးပြီး refresh ကို ၅ စက္ကန့် တစ်ကြိမ် လုပ်ကြတယ်။ နောက်ပိုင်း ajax ပေါ်လာတော့ iframe အစား ajax နဲ့ ၅ စက္ကန့် တစ်ခါ refresh လုပ်ရပြန်တယ်။

Continue reading “Real-time web applications”

Learn Objective-C : Day 6

ဒီနေ့တော့ Day 6 ရောက်ပါပြီ။ ဒီနေ့က categories လို့ခေါ်တဲ့ cocoa Touch အကြောင်းပါ။ လက်ရှိ object တွေကို implement ထပ်လုပ်တဲ့အကြောင်းပေါ့။ အရင်တုန်းက ရေးခဲ့တဲ့ အပိုင်းတွေကတော့

Other Articles In This Series

Categories

Categories ဆိုတာ ဘာလဲ ? Objective-C tutorials တော်တော်များများမှာ categories ကို တွေ့နိုင်ပါတယ်။ အလွန်ပဲ အသုံးဝင်ပြီးတော့ code ကော သပ်သပ်ရပ်ရပ် ဖြစ်စေတယ်ဆိုလည်း မမှားပါဘူး။ အခုကျွန်တော်တို့တွေ မကြာခင် လေ့လာရတော့မှာပါ။ NSString function မှာ ကျွန်တော်တို့ ကိုယ်ပိုင် function တွေ ထည့်ချင်တဲ့ အခါတွေရှိပါတယ်။ ဥပမာ။။ a chatacters တွေကို 4 ပြောင်းလိုက်တဲ့ function မျိုးပေါ့။ ကျွန်တော်တို့တွေ NSString ကို subclass ရှိပြီး ကိုယ်တိုင် method ကိုယ့်ဘာသာကိုယ် ထည့်သွင်းနိုင်ပါတယ်။ subclass ပိုင်းကို ကျွန်တော်တို့တွေ car class ဆောက်တုန်းက တွေ့မြင်ဖူးမှာပါ။ subclass က တော်တော်ကောင်းမွန်ပါတယ်။ သို့ပေမယ့် categories က ပိုပြီး ပြည့်စုံကောင်းမွန်တယ်လို့ ဆိုလို့ရပါတယ်။

Categories က ကျွန်တော်တို့တွေကို methods အသစ်တွေကို ရှိနေတဲ့ class မှာ ထပ်ဖြည့်ထည့်ခွင့်ပေးထားပါတယ်။ ဥပမာ။။ 100 NSString Objects ကို သင့် app မှာ သုံးထားတယ်ဆိုပါဆို့။ reverstring function ကို extra method အနေနဲ့ ထည့်ချင်တယ်ဆိုရင်တော့ custom subclass ကို အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် Categories နဲ့ဆိုရင်တော့ ပိုပြီး ရိုးရှင်းပြီး လွယ်ကူတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး ရှိနေဲ့ method တွေကိုလည်း overwrite လုပ်ပြီး အစားထိုးဖို့ကလည်း ဖြစ်နိုင်ပါတယ်။ Continue reading “Learn Objective-C : Day 6”

Order UITableViewCell Tutorial

ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ tutorial တုန်းကတော့ delete လုပ်ပြီးပါပြီ။ Edit လုပ်လိုက်တဲ့အခါမှာ delete လုပ်ဖို့အတွက် အနှုတ် button လေးပြသလိုပဲ cell ကို drag & drop ရွှေ့လို့ရအောင်လည်း ဖန်တီးလို့ရပါတယ်။ ပြီးခဲ့ tutorial က file ကိုပဲ ပြင်ရအောင်။


- (void)tableView:(UITableView *)tableView moveRowAtIndexPath:(NSIndexPath *)fromIndexPath toIndexPath:(NSIndexPath *)toIndexPath {

}

အဲဒီ function လေး ထပ်ဖြည့်ပြီး run ကြည့်လိုက်ပါ။

Continue reading “Order UITableViewCell Tutorial”