Japanese Basic 4(အခြေခံဝါကျ)

wa နဲ့ desu ကို သိသွားပြီဆိုရင်တော့ အငြင်းဝါကျနဲ့ မေးခွန်းဝါကျဆီ သွားကြည့်ရအောင်နော်။

အငြင်းဝါကျ

လွယ်ပါတယ်။  ဟုတ်သည် ဖြစ်သည်ကို “desu” လို့ပြောတယ်ဆိုရင် “မဟုတ်ပါ၊ မဖြစ်ပါ” ကို “dewa arimasen”လို့အသံထွက်ပါတယ်။ “ဒဲဝအရိမဆဲန်း” ပါ။ romaji မမှတ်မိရင် ရှေ့အခန်းတွေ ပြန်ကြည့်စေချင်ပါတယ်။

ဒီတော့  နမူနာဝါကျတွေ ကြည့်ရအောင်

စုစုသည် ကျောင်းသားမဟုတ်ပါ

sususan wa gakusei dewaarimasen.

မီမီသည် ကြောင်မဟုတ်ပါ

mimisan wa neko dewaarimasen.

မောင်မောင်သည် စာရေးဆရာမဟုတ်ပါ

mgmgsan wa hongaku dewaarimasen.

ဒါက အငြင်းဝါကျအတွက်ပါ။

အမေးဝါကျ

မေးခွန်းတွေအတွက်သုံးတဲ့ စာလုံးကတော့ “desuka”ဖြစ်ပါတယ်။ “ဒဲစကား”လို့ ထွက်ပါတယ်။

သူက သူဌေးလား

kare wa kanemoti desuka?

ဒါက နှင်းလား

kore wa yuki desuka?

မင်းက ချစ်သူလား

anatawa koibito desuka?

ဒီလောက်ဆို အဟုတ်ဝါကျ(wa…desu)၊ အငြင်းဝါကျ(wa….dewaarimasen)နဲ့ အမေးဝါကျ(wa….desuka)တွေကို သဘောပေါက်ပြီထင်ပါတယ်။

ဒါဆိုရင် နာမ်စားတွေနဲ့ အသုံးအများဆုံးနာမ်တွေကို ကျက်ရအောင်။

ငါ                          watasi

နင်                        anata

သူ                         kare

သူ(မ)                   kanojyo

ဒီ                           kono

ဟို                         sono

ဟိုး                        ano

ဒီ(နေရာ)              koko

ဟို(နေရာ)            soko

ဟိုးက(နေရာ)      asoko

ဒီဟာ                    kore

ဟိုဟာ                  sore

ဟိုးကဟာ            are

စာကြွင်း။              ။“ဒီ”၊ “ဟို” နဲ့ “ဟိုး”က ဘာကွာလဲဆိုတော့.. “ဒီ”ကတော့ ရှင်းတယ်၊ ကိုယ်နဲ့လက်လှမ်းမီတဲ့နေရာမှာ ရှိတဲ့ဟာ၊ ကိုယ့်ဘက်မှာရှိနေတဲ့ဟာ။  “ဟို”က ကိုယ်နဲ့စကားပြောနေတဲ့သူဘက်မှာ ရှိတဲ့ဟာ၊ ကိုယ်မမီတဲ့ဟာ။ အဲ.. “ဟိုး”ကကျတော့ ကိုယ်ရော၊ ကိုယ်နဲ့စကားပြောနေတဲ့သူရော မမီဘဲ နှစ်ယောက်လုံးနဲ့ အဝေးမှာရှိနေတဲ့ဟာကို ပြောတာပါ။

One Reply to “Japanese Basic 4(အခြေခံဝါကျ)”

  1. ဆက်ရေးပါအုံး။ အခြေခံမှာပဲ ရပ်တော့မှာလား။ တန်းလန်း ဖြစ်နေပြီး။

Leave a Reply

Your email address will not be published. Required fields are marked *