Run Another Dropbox on Mac

Dropbox ကို Mac မှာ တစ်ခုထက် မက သုံးချင်တာတွေရှိပါတယ်။ သို့ပေမယ့် ပုံမှန် အားဖြင့် dropbox က တစ်ခုတည်းပဲ သုံးလို့ရပါတယ်။ ကျွန်တော် တို့ ဆီမှာ account ၂ ခုရှိတယ်။ တစ်ခုက ရုံးအတွက် တစ်ခုက personal အတွက် ဆိုပြီး ရှိတယ်ဆိုရင် သုံးရတာ အဆင်မပြေတော့ဘူး။ Mac မှာ Dropbox ၂ ခု သုံးချင်တယ်ဆိုရင်တော့ ဒီ file လေးကို download ချလိုက်ပါ။

zip ဖြည်လိုက်ရင် app တစ်ခု ရပါမယ်။ double click နှိပ်လိုက်ပါ။ Dropbox နောက်ထပ် account တစ်ခုထည့်ဖို့အတွက် ပေါ်လာပါမယ်။ Create new account သို့မဟုတ် နောက်ထပ် account တစ်ခုကို ထည့်လိုက်ရင်ရပါပြီ။ Menu bar မှာ နောက်ထပ် dropbox icon ထပ်မြင်ရပါလိမ့်မယ်။ ပိုပြီး သေသေချာချာ ခွဲလို့ရအောင်

1. Click dropbox icon
2. Preferences > General
3. Check Use black and white menu bar icon

ဒါဆိုရင် black and white icon အဖြစ်ပြောင်းသွားပါမယ်။ ဒါဆိုရင် dropbox ၂ ခု ကို ခွဲခွဲခြားခြား မြင်ရပါပြီ။

Login ဝင်တိုင်း အသစ် ဆောက်ထားတဲ့ Dropbox တစ်ခု အလိုလို အလုပ်လုပ်နေဖို့အတွက် ခုနက application ကို တစ်နေရာမှာ သိမ်းလိုက်ပါ။

System Preferences > Account > Login Items ထဲမှာ + icon လေးကို နှိပ်ပြီး ထည့်ပေးလိုက်ရင် နောက်တစ်ခါ computer ဖွင့်လိုက်တိုင်းမှာ အဲဒီ app လေးကို သွားပြီး run စရာ မလိုတော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *