Just A Knowledge

ကျွန်တော် သိသလောက်။ ပြောပြဖို့ လွယ်တဲ့ အကြောင်းတွေ သင်ခန်းစာတွေ အကုန်လုံးကို မျှဝေသွားပေးမယ်။ တချို့အရာတွေကတော့လည်း စာတွေ့နဲ့ပြောရတာ ခက်ခဲတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ဆက်ပြီး သင်သွားမှာပါ။

ဒီ Course ရဲ့ ပထမဆုံးနေ့မှာတော့ အကုန်သိကြတဲ့ google အကြောင်းပါ။ google ရဲ့ service တွေက အများကြီးပါ။ ကျွန်တော်တို့ လူတိုင်းသိကြတာကတော့ google ဆိုတာ search engine တစ်ခုပါ။ တစ်ခြား service ထဲမှာ နာမည်အကြီးဆုံးကတော့ gmail ပါပဲ။ မြန်မာတော်တော်များများမှာ gmail ရှိကြပါတယ်။ တခြား လူသိများပြီး မြန်မာတော်တော်များများသိကြတာကတော့ blogspot ပါ။ စာရင်းကတော့ ဒီမှာ ကြည့်လိုက်ပါ။ အဲမှာ မပါပဲ ကျွန်တော်တို့ web developer တွေသုံးသင့်တာကတော့ google webmaster tool ပါ။ ကိုယ့် website ကို google မှာ လွယ်လင့်တကူရှာနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တခြား web developer သုံးကြတာကတော့ google apps ပါ။ saturngod at mysteryzillion.com လိုမျိုး ကိုယ့်ရဲ့ @mysteryzillion.com ကို google ရဲ့ service ယူထားလို့ gmail feature နဲ့ gtalk ပါ ရပါတယ်။

Wiki နဲ့ တနေ့တာ

လူတိုင်း မသိမဖြစ် သိသင့်တာကတော့ wiki ပါ။ wiki ဆိုတာကတော့ လူတိုင်းပြင်ဆင်ရေးသားဖြည့်စွက် ကြတဲ့ စွယ်စုံကျမ်းတစ်ခုပါ။
အပြည့်စုံဆုံး wiki ကတော့ http://en.wikipedia.org ပါ။သင်သိချင်တဲ့ အကြောင်းအရာတွေ ရှာလို့ရပါတယ်။ သင်သိလျှင် ဝင်ပြီး ရေးသားနိုင်ပါသေးတယ်။ နောက်ထပ် မြန်မာတွေ ကြိုက်မယ့် site ကတော့ Drama Wiki ပါ။ ကိုရီယား ဇာတ်လမ်းတွဲတွေ မင်းသား မင်းသမီးတွေ အကြောင်းတွေ ရှာလို့ရပါတယ်။ wiki ရဲ့ထူးခြားချက်ကတော့ ဆက်စပ်ပြီး ရှာဖွေလို့ရတယ်ဆိုတာပဲဗျ။ Category အမျိုးအစားလိုက်ရှာနိုင်ခြင်းဟာ stater user တွေအတွက် သင့်တော်ပါတယ်။ Google မှာ ရှာရခက်တယ်။ ဒါဆိုရင်တော့ wiki ကို ညွှန်းပါမယ်။
Thesis လုပ်နေတဲ့လူတွေကတော့ http://en.wikipedia.org ကိုမဖြစ်မနေသွားရမှာပါ။ ကျွန်တော် သိတဲ့ download manager က Internet Download Manager ပေါ့။ ဒါဆိုရင် Internet Download Manager လို့ရိုက်ထည့်လိုက်ပါ။ ရလာတဲ့ result အောက်မှာ Categories: Download Managers ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Download Managers တွေ အကုန်ဖော်ပြပေးပါမယ်။အဲလိုမျိုးပါပဲ။ မျိုးနွယ်တူတွေကို သိချင်တယ်။ ရှာချင်တယ်ဆိုရင် wiki က ကူညီပေးနိုင်ပါတယ်။ ဘာပဲပြောပြော သင်အင်တာနက်သုံးပြီဆို wiki ကိုမဖြစ်မနေ သုံးရပါမယ်။

Ubuntu နဲ့ တနေ့တာ

Ubuntu ဆိုတာကတော့ GNU Linux တစ်ခုပါပဲ။
ကျွန်တော်တို့တွေ Windows မဟုတ်တဲ့ တခြား OS တစ်ခုကို စမ်းကြည့်ချင်လား။
Mac ကိုတော့ ဝယ်မသုံးနိုင်သေးဘူး ဒါပေမယ့် ကျွန်တော်တို့ အတွက် Linux ရှိတယ်လေ။
အခု လက်ရှိ ကျွန်တော်ကတော့ Ubuntu ကို သုံးနေပါတယ်။

Ubuntu ကို ဘာလို့ သုံးလဲ။

အရှင်းဆုံးကတော့ virus မဝင်လို့ပါ။ နောက်ပြီး ကျွန်တော့်အတွက် စမ်းစရာတွေ များတယ်။
Linux ကိုလေ့လာသူတွေကတော့ သိထားသင့်တယ်။ အနည်းဆုံးတော့ စမ်းသုံးကြည့်သင့့်ပါတယ်။

Ubuntu ကို ဘယ်မှာ ရနိုင်မလဲ။

http://www.ubuntu.com/getubuntu/downloadအဲမှာ အလကား download ချလို့ရပါတယ်။ ဒါမှမဟုတ် လမ်း ၅၀ cycodyno internetcafe မှာ တခွေ ၃၀၀ နဲ့ အခွေလာရောက် ကူးယူနိုင်ပါတယ်။

Ubuntu ကို ဘယ်လို သွင်းမလဲ။

အရင်version တွေကတော့ သွင်းရတာ ရှုပ်ပါတယ်။ အခု version ကတော့ အရမ်းကိုလွယ်ပါတယ်။ wubi ဆိုတာ ပါလာတယ်။ အခွေထည့်။ ပြီးရင် Install inside Windowsကနေ သွင်းမယ်လို့ ရွေးလိုက်ရင် ဖြစ်ပါတယ်။ ပြီးရင်တော့ nextလုပ်လိုက်ရုံပဲ။ ပြီးရင် Drive ကိုရွေးုပြီး ကိုယ် ဘယ်လောက် spaceထားမလဲဆိုတာကို ရွေးလိုက်ရင် ဖြစ်ပါတယ်။
https://help.ubuntu.com/8.04/installati … index.html အဲမှာ လေ့လာလိုက်လည်း ဖြစ်ပါတယ်။

Ubuntu မှာ ဘာတွေ သွင်းသင့်လဲ။

သွင်းသင့်တာကတော့ ကိုယ်လိုရာ သွင်းပေါ့။ ကျွန်တော့် blog မှာရေးထားပေးဘူးတယ်။
sudo apt-get install firefox-3.0
sudo apt-get install ubuntu-restricted-extras
sudo apt-get install vlc
sudo apt-get install vlc-plugin-*
sudo apt-get install supertux
sudo apt-get install compiz-fusion-*
sudo apt-get install compizconfig-settings-manager
sudo apt-get install gwget
deb http://repository.cairo-dock.org/ubuntu hardy cairo-dock
sudo apt-get install cairo-dock

အောက်က ဟာတွေကတော့ php သမားတွေ အတွက်ပေါ့
sudo apt-get install bluefish
sudo apt-get install apache2 php5-mysql libapache2-mod-php5 mysql-server
sudo apt-get install php5-gd phpmyadmin php5-curl php5-xmlrpc

အဲဒါတွေ ရှိရင် လုံလောက်ပါတယ်။

Ubuntu မှာ စမ်းစရာတွေ အများကြီးပါ။ လုပ်လို့ရတာတွေ အများကြီးပါ။ အခြေခံ အဆင့်လေးပြီးရင် လေ့လာဖို့ အရာတွေ အများကြီးပါ။
http://ubuntuguide.org/wiki/Ubuntu:Hardy
အဲဒါကလည်း လေ့လာသင့်တဲ့ site တစ်ခုပါ။

Zawgyi

www.zawgyi.net မှာ zawgyi အတွက် font နဲ့ keyboard ရနိုင်ပါတယ်။သေသေချာချာ အောက်က လိပ်စာက စာအုပ်လေးကို download ချပြီးဖတ်ကြည့်နိုင်ပါတယ်။
Download

Virus ဆိုတာဘာလဲ

virus ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပေါ့။ power point file လေးပါ။
Download

Leave a Reply

Your email address will not be published. Required fields are marked *