Windows Registry အပိုင်း (၅)

(ဒါကတော့ ညီလေး ကိုစိုင်း ရဲ့ တင်ပြမှုတစ်ခုပါ)

1/ @echo off
2/ color 0a
3/ :-main
4/ echo.
5/ echo.
6/ set/p val = Do you want to hide Run Dialogbox (y/n)?
7/ if/I”%val%”==”y” goto -Hide
8/ if/I”%val%”==”y” goto -Quit
9/ goto :-main

10/ :-Hide
11/ echo.
12/ echo.
13/ reg add hkcu\software\microsoft\windows\currentversion\pol icies\
explorer /v Norun /t reg_dword /d 1
14/ echo.
15/ echo.
16/ pause
17/ exit

18/ :-Quit
19/ exit

—-
End
—-

လို်င်းအမှတ်(၁) – “@echo off” Program အစမှာ မပါမဖြစ်
ပါရမယ့်စကားပါ။ဒီစကားလုံးမပါရင် Display Window မှာ ရှုပ်ထွေးမှု
တွေဖြစ်နေပါမယ်။ဒီစကားလုံးပါတဲ့ အတွက် ကိုယ်ပြောချင်တာကို
ရှင်းရှင်းလင်းလင်း မြင်ရတာပါ။

လိုင်းအမှတ်(၂) – “color 0A” လို့့ရေးထားတာက Program မှာ အောက်ခံအရောင်က အနက်၊ စာလုံးက အစိမ်းရောင်သုံးမယ်လို့ ပြောတာပါ။

လိုင်းအမှန်(၃) – “:-main” လို့ရေးထားပါတယ်။ Program ရေးရာမှာ လွယ်ကူစေရန်
Subprogram တွေခွဲပြီး ရေးလေ့ရှိပါတယ်။ ဒီProgram မှာ Input ကို
အပိုင်းတစ်ပိုင်း| Process နဲ့ Output ကို အပိုင်းတစ်ပိုင်း | Program
ပိတ်ဖို့ုကို အပိုင်းတစ်ပိုင်း | စုစုပေါင်း အပိုင်း (၃)
ပိုင်းခွဲပြီးရေးမယ်လို့ စဉ်းစားထားပါတယ်။ဒါကြောင့် လိုင်းအမှတ် (၃) မှာ
ဒါဟာ Program အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူ့ကို main လို့
အမည်ပေးထားတယ်လို့ ပြောတာပါ။
ကြိုက်ရာနာမည် ပေးလို့ရပါတယ်။

လိုင်းအမှတ်(၄)(၅) – “echo.” ဆိုတာကတော့ မျဉ်းအလွတ် (၂) ကြောင်းခြားပြီးမှ ပေါ်စေချင်လို့ သုံးထားတာပါ။

လိုင်းအမှတ်(၆)(၇)(၈) – Input အပိုင်းပါ။ User ဆီက Input တောင်းမယ်၊ အဲဒီ
Input ကို val ဆိုတဲ့ ကိန်းရှင်နဲ့ ဖမ်းယူမယ်။ User ထည့်မယ့် Input ဟာ “y”
or “n” ပဲဖြစ်ရမယ်လို့ ပြောတာပါ။ Input ဟာ “y” (သေးသေးကြီးကြီး) Hide
ဆိုတဲ့ subprogram ကိုသွားမယ်လို့ လိုင်းအမှတ်(၇) က ပြောတာပါ။Input ဟာ “n”
(သေးသေးကြီးကြီး) Quit ဆိုတဲ့ subprogram ကိုသွားမယ်လို့ လိုင်းအမှတ်(၈) က
ပြောတာပါ။

လိုင်းအမှတ်(၉) – User သွင်းလိုက်တဲ့ Input ဟာ “y” လည်းမဟုတ်၊ “n”
လည်းမဟုတ် ရင် မူလမေးခွန်းကိုပဲ ပြန်ပေါ်အောင် subprogram main
ကိုပြန်သွားဖို့ ပြောတာပါ။

လိုင်းအမှတ်(၁၀) – Subprogram Hide ဖြစ်တယ်လို့ ပြောတာပါ။
လိုင်းအမှတ်(၁၁)(၁၂) – မျဉ်းအလွတ် ၂ ကြောင်း

လိုင်းအမှတ်(၁၃) – Process အပိုင်းပါ။ User က Hide လုပ်ချင်တယ်လို့ ပြောတဲ့ အတွက် Run Box ကို လက်ရှိ User မှ ပြောက်အောင်လုပ်တဲ့ Registry Setting တွေကို Registry မှာထပ်ထည့်တာပါ။

လိုင်းအမှတ်(၁၄)(၁၅) – မျဉ်းအလွတ် ၂ ကြောင်း

လိုင်းအမှတ်(၁၆) – Program ကနေထွက်ဖို့ ကြိုက်ရာ ခလုတ်တစ်ခုခုကို
နှိပ်ပါလို့ စက်က Output ထုတ်ပေးအောင် ထည့်ထားတာပါ။ဒီလိုင်း ကို မထည့်
လည်းရပါတယ်။ မထည့်ရင် Program က ချက်ချင်းပိတ်သွားမှာ ဖြစ်ပါတယ်။

လိုင်းအမှတ်(၁၇) – Program ကို ပိတ်ဖို့ ရေးထားတာပါ။

လိုင်းအမှတ်(၁၈) – Subprogram Quit ဖြစ်တယ်လို့ ပြောတာပါ။
လို်င်းအမှတ်(၁၉) – User က “n” ကိုရွေးလိုက်လို့ လာမှမလိုပ်ဘဲ Program တန်းပိတ်ဖို့ ထည့်ထားတာပါ။

ဒီ Script Program ကို ဘယ်လိုရေးသလဲဆိုတာ ရှင်းပြီထင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *