လူငယ်နှင့် ပညာရေး

ဒီကာလအတောအတွင်းမှာ လူငယ်တော်တော်များများနဲ့ တွေ့ခွင့်ရပါတယ်။ လူငယ်ဆိုတာ ကျွှန်တော့်ထက်ငယ်တဲ့သူပေါ့ ၂၅အောက်တွေနဲ့ ၁၉၊၁၈၊၁၇၊၁၆ နဲ့၁၅နစ်ရှိတဲ့ လူငယ်တွေလဲပါပါတယ်။ အဲတော်တော်များများကို တော်တော်လေး စိတ်မကောင်းစရာ လမ်းမှားနေတာကို မြင်ရပါတယ်။ အဲကျွှန်တော်ကိုယ်တိုင်လဲ လမ်းမှန်ရောက်အောင်လုပ်နေစဲပါ။ ကိုယ့်ထက်ပိုဆိုးတဲ့သူတွေပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီးဆိုလိုတာပါ။

အဲအသိ ကလေးတွေပေါ့ဗျာ တော်တော်လေးကို ရင်းနီးပါတယ်။ တယောက်ဆိုတော်တော်ခင်ပါတယ်။ ဆယ်တန်:ကျတာ နနစ်ရှိပြီဆိုတော့ အိမ်ခေါ်ထမင်းကျွေးပြီး စာတောင်သင်ပေးဖူးပါတယ်။အဲဒီကလေ:တွေ အကြောင်းပြောပြချင်တယ်ဗျ။ လူဆယ်ယောက်ရှိတယ်ဆိုပါတော့ အဲဒီထဲက ငါးယောက်က ၁၀တန်:တောင်မအောင်ဘူးဗျ။ သုံးယောက်က First year, second year မှာ ၂နစ်က နဲ့၃နစ်တစ်နေတယ်။ တစ်ယောက်က ကျောင်းထွက်လိုက်ပြီ၊ အဲတစ်ယောက်ကတော့ ထူးထူးခြားခြားကျောင်းပြီးတော့မယ်။ သူတို.မိဘတွေကလဲ ချောင်လယ်ကြပါတယ်။ စာ:နိုင်သောက်နိုင် ကျောင်းထားနိုင်ကြပါတယ်။

အဲဆယ်တန်:မအောင်တဲ့ ကလေးတွေကို မေးကြည်.တယ် မင်းတို.ဘာလို. အောင်အောင်မလုပ်တာလဲလို.။ အဖြေကတော. ့မျိုးစုံရပါတယ်။ ဒါပေမယ့် နိဂုံးချုပ်ကြည်.တော့ အဖြေက အောင်ရင် ဘာလုပ်မှာလဲတဲ့။မိဘတွေကလဲ မအားတာ အလုပ်ရှုပ်နေတာလဲပါမှာပေါ့။ အမှန်က ဆယ်တန်:ဆိုတာမျိုးက အခြေခံလေးရှိရင် ၅လလောက်စာဖတ်ရင် ကောင်းကောင်းကိုအောင်နိုင်လောက်ပါတယ်။ အရေးကြီးတဲ့အချက်က အောင်ချင်စိတ်မရှိတာဗျာ့ ။ ပတ်ဝန်:ကျင်ကလဲ အောင်တဲ့နဲ့့ မအောင်တာနဲ့ ဘာမှမထူးသလိုပဲဗျ။ ဘေးအိမ်ကပွဲစား ၉တန်:မအောင်ဘူး ချောင်လယ်တယ် ဟိုဆရာဝန် မွဲတယ် အဲဒါမျိုးပါပါသေးတယ်။

ဆရာဝန်တစ်ယောက်က လခ (average) ၁၀၀,၀၀၀ကျပ်ရတယ်ဆိုပါတော့။ Taxi မောင်းတဲ့ သူတစ်ယောက်က ၃၀၀,၀၀၀ လောက်ရနိုင်တယ်ဗျ။ ၁၀တန်:အောင်မှ ဘွဲ့ရမှ Taxi မောင်းရမယ်ဆိုတဲ့ ကန့်သက်ချက်မရှိဘူးဗျ။ ကဲ taxi သမားက များပါတယ် ဆိုက်ကားသမား တစ်နေ့ ၄၀၀၀နဲ့ တစ်လ ၁၂၀,၀၀၀လောက်ရတယ် ၊ ၄တန်:အောင်ရင်ရပြီဗျာ။ မူလတန်:ဆိုရင် တောင်ဖြစ်သေးတယ်။ ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို.မိဘက အနည်းဆုံး သိန်း ၂၀နဲ့ အထက် ကုန်ပါတယ်။ အဲဒီပိုက်ဆံကို ဆိုက်ကားဝယ်(လိုရင်နဲနဲချီးပေါ့ဗျာ) ဒါမှမဟုတ် စပေါ်တင်ပြီး taxi မောင်:မယ်ဆိုရတာပေါ့ဗျာ။ မိဘကလဲ အကုန်အကျသက်သာ၊ ကလေးလဲဝင်ငွေရ။အဲဒီတော့ စာမသင်ပါဘူးကွာရှုပ်ပါတယ်။ ဆိုက်ကားပဲနင်းစားမယ်, taxi မောင်းစာ:မယ်ဆိုရင် ကောဗျာ။ကောင်းတယ်မကောင်းဘူး မပြောလိုသေးပါဘူး၊ ဆိုက်ကားသမားထဲမှာ တက္ကသိုသ်ကျောင်းသားလဲပါပါတယ်။ taxi မောင်းတဲ့သူထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာက အစ တက္ကသိုသ်ကျောင်: ဆရာဟောင်းတောင်ပါသေး။

အဲလိုမျိုးအလုပ်တွေက မကောင်းဘူးနှိမ့်ကျတယ် မဆိုလိုပါဘူး။ ဒါပေမယ့် လူငယ်တွေမှာ အသိအမှားတွေကူ:စက်လာလို. ရေးလိုက်တာပါ။

အရမ်းကောင်းတယ်မပြောပါဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က argument approach ကိုသိပ်အားမပေးပါဘူး။ ရှေးရိုးဆွဲ ငါဒါသင်မယ် ဒါမှန်တယ် မင်:တို.လဲဒီလိုပဲလုပ်ရမယ်။ အဲလိုမျိုးများပါတယ်။ အဲ အဲဒီလိုဆိုတော့ကလေးတွေက critical thinking, problem solving နဲ့ creativity အပြင်ခြံုငုံသုံးသက်မူ(common sense) အရမ်းကျသွားပါတယ်။ ဒါပေမယ့် အဲဒါမို.လို. ကျောင်းတောင်မတက်ပါဘူးကွာဆိုရင် မိတ်ဆွေအရမ်းမှားသွားပါပြီ။ လူဆိုတာတစ်ယောက်ထဲနေလို.မရဘူးဗျ။ ပတ်ဝန်:ကျင်နဲ့ အပေါင်းအသင်းနဲ့နေရတာဗျာ့။ ဝမ်းရေးအတွက် taxi မောင်းရတယ်ပဲထားဦး ပညာမတက်တဲ့ taxi သမားနဲ့ ဆရာဝန် taxi သမားအပျက်အသက်ကွာပါတယ်။ ဥပမာ taxi မောင်းတယ်ဆိုတာ လူပေါင်းစုံနဲ့တွေ့မှာပဲ ဗျ။ လူကြီးလူကောင်းကနေစပြီ: ကလေကချေဂပိုးသခိုးကအစပေါ့။ လောင်းကစား ကလဲပါတယ်။ ဆေးလိပ်အရက်အစုံပါပဲဗျာ။ အခုခေတ်ကြီးမှာ လူတွေက ပညာသင်ကြားခြင်းကို အရေးမပါဘူးထင်လာကြနေပါတယ်။ ပညာသင်နေတဲ့သူတွေတောင် ရောင်ဝါးဝါးဖြစ်လာနေကြတယ်။

အချို့ကိစ္စတွေမှာ စာသင်နေတဲဲ့့သူတွေကိုတောင် လောင်ပြောင်တာမျိုး ဖြစ်လာကြနေပြီ။

ပညာမတက်တဲ့သူတွေများလာရင်ဘာဖြစ်နိုင်မလဲ။ စိတ်ပညာမှာလဲရှိတယ် လူတစ်ဦးက ကိုယ်ကိုတိုင်သေချာမသိတာများလာတဲ့ အခါမျိုးမှာမိမိရဲ့ မသိခြင်းကိုကာကွယ်ဖို. တက်သိကျွမ်းတဲ့သူကို ခံညင်းတာပေါ့ဗျာ။ ငါ့စကားနွားရပေါ့။ အဲလိုလူမျိုးတွေ မသိနားမလည်တဲ့သူတွေနားယောင်မိရင် ဒုက္ခရောက်နိုင်တယ်ဗျ။

လူချင်:တူပေမယ့် စာကောင်းကောင်းသင်ထားတဲ့ သူတစ်ယောက်က ကိုယ့်ရဲ့ဘေးကို ရှောင်ရမယ်ဆိုတာနားလည်တယ်ဗျ။ ကိုယ်ပိုက်ဆံမတရားသုံးရင် ဒုက္ခရောက်မယ်။အကာအကွယ်မရှိရင် AIDS လိုရောဂါမျိုးကူ:နိုင်တယ် ဆိုတာတွေသိတယ်ဗျ။ ကပ်သက်ပြောရင်တော့ရတာပေါ့ဗျာ ဆရာဝန်အရက်ဂျိုးဆိုတာမျိုး၊ အင်ဂျင်နီယာ လောင်းကစားသမာ:ပေါ့ဗျာ။ ဒါပေမယ့် percentage ကို သေချာမေးကြည်.ပါဦး အပျက်အသက်နဲပါတယ်။

ဆယ်တန်:တောင်မအောင်တဲ့ သူတစ်ယောက်က ကားပြင်တက်တယ်ထားပါတော့။ သူကားပြင်တက်ဖို. ၂နစ်လောက်သင်ရပါတယ်။ အင်ဂျီနီယာတစ်ယောက်က ကားတောင်ပြင်တက်မယ် မဟုတ်ဘူးထားပါတော့။ သူကို ဝတ်ရှော့ကိုပို.လိုက်ရင် အများဆုံး ၂လဆိုတဲ့ အချိန်ကလုံလောက်ပါတယ်။ ဆယ်တန်:မအောင်တဲ့ ကလေးက computer control circuit တွေပါတဲ့ ကားတစ်ခုကို ပြင်တက်မှာမဟုတ်ပါဘူး။ အနဲဆုံးအင်္ဂလိပ်စာ တော့မဖတ်တတ်ဘူး ။ လေ့လာတယ်သင်တယ်ဗျာ အသုံးအသုံးပြုတဲ့ စကားလုံးတွေနဲ့ အကျွမ်းတဝင်မရှိဘူး။ အင်ဂျင်နီယာတစ်ယောက်အတွက်
ဖြစ်နိုင်ပါတယ်။ ဝပ်ရှော့ဆရာလေး မလုပ်နိုင်ပါဘူး။

ကဲကမ္ဘာသမိုင်းကိုပြန်လန်ရအောင်ဗျာ။ ရောမ၊ ဂရိ၊ အင်္ဂလိပ်၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု။ သူတို.တိုင်းပြည်တွေမှာ အတွေးအခေါ်နဲ့ R&D လို.ခေါ်လို.ခေါ်တဲ့ Research and Development အရမ်းကောင်းပါတယ်။ ဂရိနဲ့ရောမဆို ပလေတိုတို. ဆိုကရေ:တီ:တို. အများကြီးပါ။ ဂရိ mythတွေဆို နာမည်ကြီးတွေပါ ။ ဟိုတလောကပဲ ပြသွားတဲ့ “Clash of the Titan” နဲ့ “Lighting Theif” လိုမျိုးပေါ့။ ပြောချင်တာက အဲဒီတိုင်းပြည်တွေမှာ အတွေးအခေါ်အရမ်းကို ထွန်းကားပါတယ်။ တီထွင်မူအားကောင်းပါတယ်။ တီထွင်မူအားကောင်းဖို. ပညာရှင်တွေအများကြီးလိုပါတယ်။


အဲအယ်ဒီဆင်က အတန်:ပညာမတက်ဘူး။ ဘီဂိတ်နဲ့စတိက ကျောင်းမပြီးဘူးကပ်သက်မပြောပါနဲ့။ ဘီက SAT ၁၆၀၀ မှာ ၁၅၅၀ ရတဲ့သူဗျ။ (the whole Burma တွေတောင် ၁၅၀၀တောင်အနိုင်နိုင်) စတိက Standford က ဗျ။ အပုံကြီးကွာတယ်။ ငယ်ငယ်ထဲက special train လာတဲ့သူတွေဗျ။ ပြီးတော့သူတို.နောက်မှာ ဆရာတွေအများကြီးရှိတယ်။ တက်ကျွမ်းတဲ့ပညာရှင်တွေရှိတယ်။ ပညာရှင် phd doctor တွေအများကြီးရှိတယ်။

နောက်ပြီ: ဆိုက်ကားသမားက ဆိုက်ကားသမားတွေနဲ့ အလုပ်လုပ်တယ်။ ဆိုက်ကားကို ဘယ်လိုနင်းဖို.တွေ:တယ်၊ taxi သမားက taxi သမားတွေနဲ့ အလုပ်လုပ်တယ် ကားပြင်ဖို.နဲ့ passenger များများရဖို.တွေ:တယ်။ ကျောင်းကထွက်လိုက်တဲ့ ကလေးတစ်ယောက်က ဘယ်သူတွေနဲ့ ပေါင်းမလဲ၊ ဘာတွေစဉ်းစားမလဲ၊ ဘာတွေများဆက်ဖြစ်မလဲ။ သေချာတာတော့ ကိုယ့်လိုလူတွေနဲ့ ပိုပေါင်းဖြစ်မှာသေချာတယ်၊ အလုပ်လုပ်ရင်ကော သေချာတယ်။ လူဆိုတာတစ်ယောက်ထဲ နေလို.ရတဲ့သူမဟုတ်ဘူးဗျ။ ဥပမာ စီးပွားရေးသမား ကုန်သည်ဆိုပါတော့ ကုန်သည်တွေနဲ့ ပေါင်းရပါတယ်။ ငွေကြေးကိစ္စတွေပြောဖို. စီးပွားရေးပေါင်းလုပ်ဖို.ပေါ့။ ငွေကြေးကအရေးကြီးပါတယ်။အဲဒါထက်ပိုပြီး ကောင်းမွန်တဲ့ မိတ်ဆွေကောင်းတွေက ပိုအရေးကြီးတယ်။

 

အဲကျောင်းကိုပြီးအောင်မတက်ပဲ အလုပ်လုပ်နေတဲ့သူတွေရှိပါတယ်။ အဲသူတို.တွေက မဟာတန်:နဲ့ doctorate တန်:တွေအတွက်ပါ thesis တွေရေးပေးနေရတယ်။ ဟင်ဘယ်.နဲ့ ဒီလိုသူတွေထက်ပိုသာနေပါလား၊ ပြောစရာရှိပါတယ်။ သူတို.တွေရေးနိုင်နေတာ programming တစ်ခုတည်းပါ။ database တွေ networking တွေရတယ်ဆိုပါတော့ဗျာ။ တကယ့်ဘဝက တကယ်အလုပ်လုပ်ပြီဆို programming တစ်ခုတည်းနဲ့မရပါဘူး ၊ လုပ်ငန်:ရဲ့သဘောသဘာဝကို လေ့လာရပါတယ်။ project ကိုဆွဲရပါတယ် ကိုယ်နားမလယ်တာတွေကိုဖတ်ရပါတယ်။ အဲဒါတွေနားလယ်ဖို. Problem solving skill အရမ်းလိုပါတယ်။ ဆရာကောင်းတွေရဲ့ညွန်ကြားဆုံးမမူအရမ်းလိုပါတယ်။ ဥပမာ Company တစ်ခုအတွက် system တစ်ခုရေးမယ်ဆိုရင် programming skills တင်မက အဲဒီအဖွဲ့အစည်းရဲ့ အတွင်းသဘော ၊ ဖွဲ့စည်းပုံပါနားလည်ရပါမယ်။

 

လူတစ်ဦးအသိပညာတိုးတက်ဖို. သုတကော ၊ ရသကော ဘက်ညီညီလေ့လာဖို.လိုအပ်ပါတယ်။ အောင်မြင်တဲ့သူဖြစ်ဖို. ဗဟုသုတအပြင် ပေါင်းသင်းဆက်ဆံရေးကလဲ အရေးကြီးပါတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ project manager A ဟာ ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းတဲ့ project manager B ထက် ပိုပြီး project ပိုရမှာသေချာတယ်။ ကျောင်းဆိုတာလဲ တကယ်တန်:တော့ ပေါင်းသင်:ဆက်ဆံရေးပညာသင်ပေးတဲ့နေရာတစ်ခုပါပဲ။ အဲ ကိုယ်နဲ့တူတူတက်လာတဲ့သူတွေက တချိန်ချိန်ကျရင် လုပ်ငန်:ရှင်တွေ၊ အကြီးအကဲတွေ ဖြစ်လာကြမှာကို:။

ဒီမှာက သိပ်ပြီးမသိသာပေမယ့် ဖွင့်ဖြို:တိုးတက်တဲ့ နိုင်ငံတွေမှာ ဥပမာ programmer တစ်ယောက်ဆိုပါတော့။ ရေးနေရုံနဲ့ မပြီးဘူးဗျ။ တစ်ဆင့် level ထပ်တက်ဖို. အလုပ်အကိုင်ကောင်းတာထက်ကောင်းတာရဖို. seminar တွေ၊ conference တွေအများကြီးတက်ရပါမယ်။ မိတ်ဆွေဖွဲ့ရပါတယ်။ အဲသူများခိုင်:တာရေး သူများပေးတဲ့ scope အတိုင်းပဲလိုက်လုပ်ဆို ပြီးတာပဲလို.သက်မှတ်ထားရင်တော့မပြောတက်ဘူး။ အဲအဲဒီနေရာတွေတိုင်းကို သေချာတာတော့ လူတချို့ပဲတက်လို.ရမှာပါ။

 

ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို. အပေါင်းအသင်းကတကယ်တန်:တော့အရေးကြီးဆုံးပါ။ အပြင်ကို ရောက်သွားတဲ့ကလေးတစ်ယောက်က အပြင်ကသူတွေနဲ့ပဲပေါင်းဖြစ်မှာပဲဗျ။ လူကောင်းသူကောင်းတွေ နဲ့တွေ့နိုင်ပါတယ် ဒါပေမယ့် ကျောင်းမှာပို အခွင့်အရေးများပါတယ်။ ကလေးဘဝတုန်းက မိဘတွေရဲ့ အတုကိုခိုးတယ် ၊ ပြီးတော့ အပေါင်းအသင်းတွေရဲ့ ဟန်ပန်အပြောအဆိုတွေကို မသိမသာ influence ကိုယ့်အပေါ်မှာ ဖြစ်နေတာ သတိထားမိပါ။ (ဥပမာ ကိုယ့်သူငယ်ချင်းက ဒီစကားလေးပြောရင် သဘောကျလို. လိုက်ပြောမိတာမျိုးပေါ့) ။

အပြင်လောကမှာက ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မဟုတ်တာလုပ်တာကို မကြိုက်ကြပေးမယ့် သိပ်ပြီးတော့ တာ:မြစ်မူမရှိဘူး။ ကျောင်းမှာတော့ ပိတ်ပင်ထားတယ်ဗျ။ ဒဂုံရောက်မှ ဖဲရိုက်တက်တယ်၊ GTC ရောက်မှ အရက်သောက်တက်တယ် ၊ ကောင်မလေး ရည်းစာနဲ့ ခိုးရာလိုက်သွာ:တယ်။ ကပ်သက်ပြောနေရင်တော့ မသိဘူး။ ဘယ်နေရာမှာမဆိုမိမိကိုယ်တိုင်ထိန်းသိမ်းဖို.လိုသေးတယ်။ ဘုရားသာသနာမှာတောင် ရဟန်:တချို.မဟုတ်တာလုပ်သေးတာပဲ။ ဘာပဲပြောပြော တာ:မြစ်တဲ့ attemptတွေတော့ရှိပါသေးတယ် ။

ကျွှန်တော့်အကြောင်းနဲနဲပြောပြချင်တယ်။ ကျွှန်တော်က ကိုယ်ထင်ရာ ကိုယ်ကြိုက်ရာ လုပ်တက်ပါတယ်။ မိဘတွေက ဆရာဝန်တွေပါ။ ဒါပေမယ့် ကျွှန်တော်ဆေးကျောင်းမတက်ခဲ့ဘူး။ ဆယ်တန်:အောင်တော့ နိုင်ငံခြားဘာသာ တက္ကသိုသ်တက်တယ်။ အင်္ဂလိပ်ဘာသာ နေ့ပိုင်းပေါ့။ အဲဒီကာလမှာပဲ ပြိုင်တူ ရန်ကုန်တက္ကသိုသ်မှာ sat-sun , electronic နဲ့ IT တက်ခဲ့ပါတယ်။ပြီးတော့ BSc Engineering နဲ့ BA English ကိုပြိုင်တူတက်ခဲ့ပါတယ်။ ဘယ်လောက်တောင် လောဘကြီးလဲဆိုတော့ အားတဲ့ညနေပိုင်းနဲ့ မနက်ပိုင်းတွေ SAT,GCE,TOEFL, IELTS တွေတက်ပါသေးတယ်။ ပြောချင်တာအဲဒါမဟုတ်ပါဘူး။ BSc Enginnering တွေကို ဒဂုံပို.လိုက်တဲ့ ကိစ္စကစပြောချင်တာပါ။

ကျွှန်တော်က အဲဒီအချိန်က Final Year ရောက်နေပါပြီ BSc Enginnering (Double Diploma) ပေါ့။ Fist year မတက်ရပါဘူး ဒီပလိုမာနစ်ခုရှိရင် တစ်နစ် ၊ တစ်ခုဆို semester တစ်ခု သက်သာခွင့်ရပါတယ်။ ကျွှန်တော်တို.မှာ အဲဒါတက်ရဖို. Electronic Diploma နဲ့ IT Diploma ကို ၂နစ်နီးပါတက်ရပါတယ်။ ဘွဲ့ကတော့ သုံးနစ်ပေါ့။ ဒဂုံရောက်တော့ သုံးနစ်က ကြောင်:ကျိုးဆီလျော်မူမရှိဘူးဆိုပြီး တစ်နစ်တိုးလိုက်ပါတယ်။ အလိုလို နောက်ဆုံးနစ်ကနေအလိုလို တတိယနစ်ရောက်သွားပါတယ်။ ကျွှန်တော် ရန်ကုန်တက္ကသိုသ်မှာ ငါးနစ်နီးပါးတက်ပြီးသားပါ။ ခြောက်နစ်အခုတက်ရပါတော့မယ် ဆရာဝန်တောင်ငါးနစ်တက်ရပါတယ်။ ကျွှန်တော့်မှာအလိုလို demote လုပ်ခံရတဲ့အပြင် အချိန်လဲ ပိုကြာသွားပါတယ်။

အမှန်အတိုင်းပြောရင်တော်တော် ဘာမှလုပ်ချင်စိတ်တောင်မရှိတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ဒဂုံမှာတက်ရရဲ့ First Semester မှာ တစ်ဘာသာကျသွားပါတယ်။ အဲဒီအတွက် နောက်လာတဲ့ second semesterမှာ အောင်အောင်ကြိုးစာခဲ့ပါတယ်။ ဒါပေမယ့် Second Semester မှာ အောင်ပေမယ့် First Semester မှာမအောင်ရင် အဲဒီအချိန်အရ အအောင်မပေးပါဘူးတဲ့။ နောက်ဆုံးနစ်ကနေ တတိယနစ်၊ အဲဒီကနေ နောက်တစ်နစ် စုစုပေါင်း ရနစ်ဖြစ်သွားပါပြီ။နောက်ပြီးစိတ်နာစရာတစ်ခုက ကျွှန်တော့်ရဲ့ ခုံနံပါတ်က တစ်ပါ။ BSc IT နဲ့ EC ပေါင်း လူ ရ၀၀လောက်ရှိပါတယ်။ အဲဒီထဲကလူ ၁၄ယောက်ပဲ BSc IT+EC(DD) ကို တက်ခွင့်ရတာပါ။ အဲဒီအထဲက ခုံနံပါတ်တစ်ပါ။စဉ်:စာကြည်.ပါ ကျွှန်တော်တော်တော်ရှက်မိပါတယ်။

ဘာပဲပြောပြော ကျွှန်တော်ကံကောင်းပါတယ် ရန်ကုန်တက္ကသိုသ်ကဖွင့်တဲ့ online မဟာတန်:ကို UFL ကရလာတဲ့ ဘွဲ့လေးတွေ ရန်ကုန်တက္ကသိုသ်ကပေးတဲ့ Diploma နစ်ခုရယ်၊ Hardware Diploma တစ်ခုရယ်ပေါင်းပြီးတက်ခွင့်ရလိုက်ပါတယ်။ ကျောင်းသာ: ပေါင်း ၂၄၀ကျော်ရှိပါတယ်။ အခု (june 2010) အထိအောင်တဲ့သူ ၆ယောက်ပဲရှိပါသေးတယ်။ ပထမဆုံး အောင်မြင်တဲ့ ၄ယောက်မှာ ကျွှန်တော် ပါခဲ့ပါတယ်။ အမြန်ဆုံးပြီးတာပါ အချိန်၂နစ်ကျော်ယူခဲ့ရပါတယ်။ maths အတွက်အချိန်အများကြီးယူခဲ့ရပါတယ်။ သူကဘာကိုခက်သလဲဆိုတော့ maths problems တွေကို mathlab လိုမျိုးနဲ့ဖြေရှင်းရတာပါ။ online ဖြစ်နေတာလဲပါမှာပေါ့ တော်တော်ဒုက္ခရောက်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွှန်တော်မခံချင်တဲ့စိတ်နဲ့သာကြိုးစာရတာ။ အယုံအကြည်သိပ်မရှိပါဘူး။ ဒါပေမယ့်ကျောင်းမှာကောင်းကောင်း စာလိုက်နိုင်ဖို. အပြင်မှာထပ်ဆောင်းပြီး တက်ရပါတယ်။ လေ့လာဖို.တွန်းအားတော့ရသွားတယ်။ ဥပမာ ဒေါ့နက် ၊java၊ database ကို Gusto မှာတက်ရတာတို.maths ကို phd doctor ဆရာနဲ့ သင်ရတာမျိုးပေါ့။

ကိုယ့်ကိုကိုယ်တော်နေပြီတက်နေပြီပြောတာမဟုတ်ပါဘူး။ ကျောင်းကပေးရတဲ့ တွန်းအားအကြောင်း ပြောချင်တာပါ။ ကျွှန်တော့်မှာ ကြိုက်ကြိုက်မကြိုက်ကြိုက် Ivan Summerville ရဲ့ Software Engineering နဲ့ CJ. Date ရဲ့ database ကို မပြီးပြီးအောင်ဖတ်မိပါတယ်။အောင်ချင်တာကိုးဗျ။ မဟုတ်ရင် ကျွှန်တော် BA English နဲ့ဘဝဆုံးတော့မှာကိုး ကျွှန်တော်အရမ်းယူချင်တဲ့ Yangon University Convocation ဘွဲ့နင်းသဘင်ပေါ့ဗျာ(နောက်တော့ နိုင်ငံခြားရောက်နေတာနဲ့ မတက်လိုက်ရပါဘူး)။

ဆယ်တန်:အောင် Hardware diploma တက်တုန်းက JK flip-flop , transistor ကြည်.တာ ၊ register value တွေကို ဖတ်တာသင်ရပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်တွေတုန်းက အရမ်းစိတ်ညစ်ပါတယ်။ သူများတွေ Computer တွေပြင်နိုင်နေတဲ့ အချိန် ၊ အသစ်ထွက်တဲ့ hardware တွေ( အဲဒီတုန်းက p4 )အကြောင်းသူများတွေက မြိုင်မြိုင်ဆိုင်ဆိုင်ဝေဝေ စာစာပြောနေတဲ့ အချိန်မှာဘာမှမလုပ်နိုင် ခဲ့ပါဘူး။ L2 cache က ဘာမို.လို. အပြင်ကနေ အထဲထဲ့တာနဲ့၊ clock cycle တစ်ခုမှာ အလုပ်ကိုဘယ်လိုလုပ်လဲ Cycleတစ်ခုနဲမပြီးရင် ဘယ်လိုဆက်လုပ်မလဲ သင်နေတုန်း။ 555 IC နဲ့ clock က ုိမနဲထွက်အောင်လုပ်နေတုန်း အဲဒီကတည်းက သံသရရှိခဲ့ပါတယ်။ ဒါတွေနဲ့ ဘာလုပ်မှာလဲပေါ့။

မဟာတန်:တက်နေတုန်းမှာ သူများတွေprogram တွေတစ်ခုပြီ:တစ်ခု တဒိုင်းဒိုင်:ရေးနိုင်နေတဲ့အချိန်မှာ ကျွှန်တော်ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ e-commerce ဘာညာပြောနေတဲ့ အချိန်မှာ ကျွှန်တော့်မှာ ဒေါ့နက် data အသွင်:အထုတ် (insert, update, delete) program တစ်ခုတောင်ဖြစ်အောင် မရေးနိုင်သေးပါဘူး။

ဒါပေမယ့် အဲဒါတွေက နောင်ဘယ်လိုအချိန်မှာ အကျိုးပေးလဲဆိုတော့ လက်တွေ့နဲ့ပေါင်းဆက်တဲ့နေရာမှာပါ။ ဥပမာ memory ချောင်းတစ်ခုကို မြင်ရင် အထဲမှာဘယ်လိုတွေ တည်ဆောက်ထားတယ်။ ပျက်တာဘာလို.လဲဆိုတာ transistor တွေ ဘယ်လိုပုံစံရှိနေနိုင်တယ်ဆိုတာ မြင်ယောင်လာပါတယ်။ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ညဏ်ရှိသွားတယ်ပေါ့ဗျာ။ အကြောင်:အရာတစ်ခုကို အစကနေလေ့လာရင်ပိုပြီး မြန်လာတယ်ပေါ့ဗျာ။problem တစ်ခုကိုဖြေရှင်းတယ်ဆိုပါတော့ သူနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်နိုင်တဲ့ နောက်စပ်တွဲတွေပါမြင်လာတယ်ဗျ။ ကိုယ်မသိရင် ဘယ်နေရာမှာ လေ့လာရမလဲဆိုတာ သိလာတယ်။ ဘယ်သူကို အကြံညဏ်တောင်:ရမယ် ဆိုတာသိလာပါတယ်။ (ဆရာတွေပေါ့ ကျောင်းနဲ့ဆက်စပ်ပြီ: သိခဲ့တဲ့သူတွေပေါ့)။

ကျွှန်တော်ကိုယ့်ကိုယ်ကိုတော်နေပြီတက်နေပြီမဆိုလိုပါဘူး။ အတွေ့အကြံုနဲပါသေးတယ် လက်တွေ့နဲ့ပေါင်းဆက်ပြီး လေ့လာနေတုန်းပါ။ Enterprise Application တွေမရေးနိုင်သေးပါဘူး။ ဒါပေမယ့် e commerce သဘောတရား နဲ့ cms တွေတော့ကောင်းကောင်းသုံးတက်နေပါပြီ။ ကျောင်းကပေးလိုက်တဲ့ problem solving tasks တွေ brainstorming လုပ်လိုက်တဲ့ ပြဿနာတွေက အကျိုးကောင်းကောင်းပေးတော့တာပါပဲ။

 

ဥပမာ IELTS မှာသင်လိုက်တဲ့ Essay ရေးရင်သုံးတဲ့ clustering technique က software development မှာ သုံးလို.ရတယ်ဆိုတာနားလယ်သွားပါတယ်။ advantages, disadvantages ခွဲခြားရတဲ့ နည်းက ကိုယ့်ရဲ့ project မှာအသစ်ထဲ့လိုက်တဲ့ feature အတွက ်ကောင်းကောင်းသုံးလို.ရတယ်ဆိုတာမြင်သွားပါတယ်။ ဘယ်ဟာနဲ့ဘယ်လိုပေါင်းရင် ဘယ်လိုမျိုးအသစ်ရနိုင်တယ်ဆိုတာမျိုး ကောင်းကောင်းနာ:လယ်သွားပါတယ်။ အခုမှ တဖြေ:ဖြေ:တဖွဖွကျေးဇူးတင်လာမိပါတယ်။ စာသင်ရတဲ့အတွက်ပေါ့။ နောင်တလဲ ရမိပါတယ်။ ငါဒီထက်ကြိုးစာ:ခဲ့ရင်ဆိုတာမျို:ပေါ့။

ကြံုဘူးလားမသိဘူး စစ်တုရင်ကစာ:ပွဲတွေမှာ တစ်ခါတလေ ကစာ:နေတဲ့သူနစ်ယောက်ထက်စာရင်ဘေးက ကြည်.နေတဲ့သူက ပိုပြီးမြင်နေတာမျိုးပေါ့ ။သုက ဒီအလုပ်တစ်ခုကို ဒီပုံစံနဲ့ မှန်တယ်ထင်ပြီးလုပ်နေတယ် ဒါပေမယ့်ကိုယ်က ဘေးကကြည်.လိုက်ရင် အမှားကို တွေ့လိုက်တယ်ဆိုတာမျိုး ကြံုဘူးကျမှာပေါ့။ အဲဒါက ဘယ်ဟာနဲ့တူသလဲဆိုတော့ ကျောင်းမှာ project တွေကို group

လိုက်ဖြေရှင်းတာမျိုးပေါ့။

 

company တစ်ခုမှာဝင်လုပ်တယ် ဆရာကောင်းနဲ့တွေ့တယ်။ သေသေချာချာသင်ပေးတယ် ထားပါတော့ အများဆုံးဘယ်နစ်ဦးနဲ့ တွေ့မလဲ ၃ယောက်ပေါ့ဗျာ။ ကျောင်းတက်တဲ့သူကော? အများကြီးပါနော်။ ဆိုတာတကယ်တန်:တော့ ဆရာကောင်းတွေကို စုပေးတဲ့နေရာပါ။ မကောင်းဘူးပဲထားပါဦး chance အများကြီးပိုရှိပါတယ်။ ပုံမှန်အားဖြင့် ဆရာတစ်ယောက်က တပေ့တစ်ဦးကို အများဆုံးကိုယ်တက်တာရဲ့ သုံးပုံ နစ်ပုံပဲသင်ပေးနိုင်ပါတယ်။ ပညာသင်ကြားတယ်ဆိုတာငယ်တဲ့အချိန်မှာအကောင်းဆုံးပါ။ ကြီးလာရင် သင်ဖို.အခွင့်အလမ်းတွေနဲသွားပါတယ်။ လောလောဆယ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်က ကျောင်းတက်နေတဲ့သူတွေ ကို ကောင်းကောင်းလောင်လို.ရပါတယ်။ “မင်းကွာဒါကြီးတက်နေပြီး ဒါလေးတောင် ်မှန်အောင်မရေးတက်ဘူး အလကား အာပလာ” ။ ဒါပေမယ့် တကယ်တန်: complex ဖြစ်တဲ့ project တွေရောက်လာရင် ဟိုကသူက ဖတ်ပြီးနာ:လယ်တဲ့အချိန်မှာ ကိုယ်က ခေါင်းကုက်နေရပါလိမ့်မယ်။

 

 

သေချာတာတစ်ခုရဲရဲကြီးပြောနိုင်တာကတော့ အလုပ်တစ်ခုကို ညီတူတက်ကျွမ်းတဲ့ သူနစ်ဦးမှာ ကျောင်းမှာကောင်းကောင်း သင်ထားတဲ့သူက အသစ်တစ်ခုကို လေ့လာရာမှာ ပိုပြီးမြန်ဆန်တယ်ဗျ။ ဥပမာ PHP တက်တဲ့ ပရိုဂရမ်းမာ နစ်ယောက်ဆိုပါတော့။ တစ်ယောက်က ကျောင်းမတက်ဘူးဘူး။ တစ်ယောက်ကတက်ဘူးတယ် သူတို.နစ်ဦးမှာ သူညီတဲ့ skill ရှိတယ်ဆိုပါတော့ဗျာ။ JAVA ဆိုတဲ့ ပရိုဂရမ်းမင်း language ကို ိလေ့လာတယ်ဆိုပါတော့။တူညီတဲ့ကြိုးစာမူရှိရင် ကျောင်းတက်တဲ့သူကပိုပြီး မြန်မြန်ဆန်ဆန် ပြီးလိပ်မယ်ဗျ။ ဘာလို.လဲဆိုတော့ common sense လိုခေါ်တဲ့ ခြံုငုံသုံးသက်တက်မူအားကောင်းတယ်ဗျ။

 

ဘာလို.လဲဆိုတော့ ကျောင်းမှာက အဲဒါမျိုးအသစ်သစ်တွေ သင်သင်နေရတာကိုး။ ဦးနောက်ဆိုတာ ဒါးနဲ့တူတယ် သွေးလေးထက်လေပါပဲ။

ဘာသာရပ်တစ်ခုနဲ့ပတ်သက်ပြီး ပြောရအောင် ဥပမာ software development နဲ့ပတ်သက်တဲ့ HR Management ဆိုတာမျိုးပေါ့။ လူတွေက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားခြားနားတဲ့ စိတ်၊ တုံပြန်မူရှိကြတယ်ဗျ။ ဥပမာ မောင်ဘက issue

A,B,C,D ကို sensitive ဖြစ်တယ်ဆိုရင်၊ မောင်လှက case issues E,F,G,H ကို

sensitive ဖြစ်နိုင်တယ်ဗျ။ သူက ဘယ်ဟာကို ကြိုက်သလဲ မကြိုက်ဘူးလဲဆိုတာကို

ပြောပြမှာမဟုတ်ဘူးဗျ သူတို.နဲ့စကားပြောနေရင်း သိသွားတာမျိုးပေါ့။ ဒီဟာက

ဘာနဲ့တူသလဲဆိုတော့ ကိုယ်မသိသေးတဲ့ ပြဿနာတစ်ခုကို theory တစ်ခုပြီးတစ်ခု

သုံးပြီး တွက်ချက်ကြည်.တာမျိုးပေါ့။

ဒီမှာက ပိစိကွေးလေးတွေနဲ့ဆိုတော့လဲ သိပ်မပေါ်ဘူးပေါ့ဗျာ။ နောက်တခုက lecture တွေ assignment တွေဆိုတာ real life အတွက် simulated လုပ်ထားတာတွေဗျ။ ဖြေရှင်းရတာပေါင်းစုံ။ ကဲဗျာ မောင်ဘကအလုပ်လုပ်တယ် သူက အလုပ်နဲ့ဆိုင်တဲ့ problem A,B,C,D ပဲဖြေရှင်းရတာဗျာ့။ E,F,G နောက်ပိုင်းလာရင်ခက်ပြီ။ assignment တွေဆိုတာ A to Z အထိပါတယ်ဗျ။ အနီးကပ် spot ရိုက်တယ်ပဲထားဦး။ စာသင်တာမကောင်းဘူးပဲထားဦး course စာအုပ်တွေတော့ နဲနဲဖက်ဖြစ်တယ်ဗျ။

ကျောင်းကပေးတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဥပမာ ကျွှန်တော့်ဆရာကိုရာဗီ သူနဲ့က scholarဖြေဖို.လုပ်တုန်း တွေ့တာပါ။ နောက်ပိုင်း ဆရာကိုဝင်းထိန်ဝင်း သူနဲ့က မဟာတန်:အတွက်လိုတဲ့ ဒေါ့နက်အတွက်တက်ရင်းတွေ့တာ၊(အဲဒါက ကိုရာဗီကလမ်းညွန်ပေးတာ) ဒေါ့နက်တက်တဲ့အတွက် ဆက်စပ်ပြီ java တက်ဖြစ်တယ်။ သူငယ်ချင်:ကောင်းတွေလဲ ရခဲ့ပါတယ်။ ရန်လင်းအောင်နဲ့ မင်းဇော်လွင် သူတို.နဲ့ဆက်စပ်ပြီ: MITP ရောက်လာခဲ့တာပါ။ အဲဒီက တစ်ဆင့် ကိုနီရို၊ ကိုအာကာ၊ ကိုစိုးသီ၊ ကိုငွေထွန်:၊ မောင်ပြံုး၊ ကိုမိုးကြီး၊ကိုရှောင်၊ ကိုထွန်: အများကြီးပါ။ ကိုမြင့်ကျော်သူနဲ့လဲ တွေ့ သူနဲ့ဆက်စပ်မိပြီး ကိုနေအောင်လတ်တဲ့တွေ့ အဲဒီကနေMMGamers ကိုစလုပ်ဖြစ်တာပါ။ MITP က ကို Alex ကိုအောင်အဲဒီကတဆင့် Microsoft မှာ seminar တက်ပြီ: မိတ်ဆွေတွေအများကြီးရခဲ့ပါတယ်။ ဘယ်ဟာမဆိုသူနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ chain reaction တွေရှိပါတယ်။ ကိုငွေထွန်းနဲ့ ဆက်စပ်ပြီး ပြင်သစ်ကပေးတဲ့ training တက်ဖြစ်တယ်။ အဲဒီက ဆက်စပ်ပြီ ကိုဇော်ဇော်၊ မထိုက်ထိုက် သူတို.နဲ့ဆက်စပ်ပြီး barcamp မှာ translatorလုပ်ဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီ Mike Amy , Robert , John အများကြီးပါ မိတ်ဆွေကောင်းတွေအများကြီးရခဲ့ပါတယ်။ ပြောချင်တာကတစ်ခုတည်းမကြည်.ပါနဲ့ နောက်ကွယ်မှာ အကျိုးပြုတာတွေအများကြီးရှိပါတယ်။ ဥပမာ ကိုရာဗီဆိုရင် ကျွှန်တော့်ကို IIS, WordPress ,PHP, Joomla အများကြီးသင်ခဲ့ပေးတာပါ။ အရမ်းကို အကျိုးရှိပါတယ်။

ကိုမြင့်ကျော်သူပြောတာ ကျွှန်တော်မှတ်မိပါတယ်။ Programming အတွက်လိုအပ်တဲ့ if,for,while စတဲ့ဟာတွေကို ရေးချလိုက်ရင်A4 နစ်မျက်နာမကျော်ပါဘူး။ တကယ်လဲဟုတ်ပါတယ်။ အလွတ်ကျက်လိုက်ရင်အများဆုံး တစ်ပတ်ဆိုရပါပြီ။ ဒါပေမယ့် ဘယ်ဟာက ဘယ်နေရာမှာ၊ ဘယ်လိုဘယ်ပုံစံနဲ့ သုံးမယ်ဆိုတာက တကယ့် ပညာပါ။ ဗမာစကားပုံတောင် ရှိသေး “အရိပ်ပြအကောင်မြင်ဆိုတာ” ။ကွန်ဖြူးရှပ် စာ:ပွဲတလုံးရဲ့ ခြေထောက်တစ်ဖတ်ဟာ တခြား ခြေထောက်တစ်ဖက်ဟာ တစ်ခြားသုံးခုနဲ့ ဆက်စပ်မူရှိတယ်ဆိုတာမျိုးပေါ့။ Self-study ပဲလုပ်မယ်ကွာ၊ ဘယ်လောက်လုပ်ဖြစ်မှာလဲ။ Aအရေအတွက် လုပ်ဖြစ်တယ်ထားပါတော့ ကျောင်းတက်တဲ့သူက 10A လောက်လုပ်ဖြစ်မယ်ဗျ။ မဖြစ်မနေကိုး၊ ကယ် programmer တစ်ယောက်က programming ရေးတတ်ရင် ဖြစ်တယ်။ သူထပ်သာချင်ရင် software engineering concept တွေကို ထပ်လောင်းနားလယ်ရမယ်။ ပိုပြီးသာချင်ရင် HR Management , agile အစရှိတာတွေ သဘောပေါက်ရမယ်။

အမေကျော်ဒွေးဒေါ်လွှမ်းတာလဲမဟုတ်ပါဘူး အင်္ဂလိပ်ခေတ်အုပ်ချုပ်ပုံက အရမ်းကောင်းပါတယ်။ ကျောင်းပြီးတဲ့ သူတစ်ယောက်ကို သူ.ရဲ့ စာတက်မြောက်မူ.အပေါ်မူတည်ပြီး ရာထူးအဆင့်စဥ့်ပေးသွားတာပါ။ ပညာတက်တွေကို ကောင်းကောင်းအသုံးချတက်တယ်။ စနစ်ကောင်းလို.လဲ နေမဝင် အင်ပါယာကြီးကို နစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့တာပေါ့။ ကမ္ဘာမှာအကြီးဆုံးရေတပ်က တည်ထောင်နိုင်ခဲ့တယ်။ သံကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကိုး။ မြန်မာလူမျိုးတွေ သွေးမကြောင်ပါဘူး ဒါပေမယ့် လက်နက်ခြင်းမှ မညီတာကိုး သူတပါးလက်အောက်မှာ နစ်ပေါင်း၁၀၀ကျော် နေတော့တာပေါ့။

 

လက်သမား/ပန်:ရန်တစ်ဦးက မြောင်းလုပ်တက်မှာပေါ့။ မြို့ပြအင်ဂျင်နီယာတစ်ဦးက အုပ်တောင်ကောင်းကောင်း စီနိုင်တာရှားပါတယ်။ ဒါပေမယ့် လက်သမား/ပန်:ရန်တစ်ဦးအတွက် မြောင်းလုပ်ပြီးရင်ပြီးပီဗျ ရေက မြင့်ရာက နှိမ့်ရာကိုစီးဆင်းတယ်ဆိုတာသိရင် ပြီးပါပြီ။ ဘယ်ကိုဘယ်လိုစီးရမယ်။ ဘယ်မြောင်းကို ဘယ်လိုဘယ်နေရာမှာ ဖောက်ရင် ရေးစီးကြောင်းက ဘယ်လိုပြောင်းသွားမယ်။ ဒီမှာအသစ်တူ:လိုက်တဲ့အတွက် တစ်ခြားနေရာမှာ ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာ နာ:လည်စရာမလိုပါဘူး။ အဲဒါမျိုးက မြို့ပြ အင်ဂျင်နီယာကသာ လုပ်ရမှာကိုး။ မြောင်းတွေကို ဘယ်နေရာမှာ ရေးစီးကောင်းအောင်လုပ်ရမယ် ဘယ်နေရာမှာကြီးကြီးတူးရမယ်။ ဘယ်နေရာမှာ တိန်ရမယ် ၊ ဘယ်နေရာမှာနက်ရမယ် အစရှိသ၍ပေါ့ ပညာရှင်တွေလိုအပ်ပါတယ်။ အကျိုးဆက်ကတော့ အခု ရန်ကုန်မှာ ခြင်၊ ယင်ပေါတာနဲ့ မိုးနဲနဲရွာတဲ့နေ့ ရေကြီးတာမျိုးပေါ့။

 

 

အားလုံးကို အရိုးသားဆုံးဝန်ခံပါရစေ။ ကျွှန်တော်ရေးတာတွေဟာ မှာ:ကောင်းမှားနိုင်ပါတယ် ။ လူတစ်ဦးရဲ့ အတွေ့အကြံု နဲ့ သူ.ရဲ့ ပတ်ဝန်:ကျင်နဲ့ ပတ်သက်မူ လွှမ်းမိုးမူကွာခြားနိုင်ပါတယ်။ ကျွှန်တော်က အတတ်နိုင်ဆုံးနဲ့ သူများဘက်က စဉ်:စာ:ပြီးရေးပေမယ့် လွဲကောင်းလွဲနိုင်ပါတယ်။ ဆက်စပ်ပြီ: စာဖတ်တဲ့ ကိစ္စကို ဆက်ပြီးပြောပြချင်ပါတယ်။ စာဖတ်တာအရမ်းကောင်းပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ရသွားရင် အသိပညာဗဟုသုတ အရမ်းရပါတယ်။ ဒါကတော့ လူတိုင်းလက်ခံတဲ့ principal ဖြစ်မှာပါ။ စာဖတ်တာတော့ဟုတ်ပါပြီ။ စာရေးသူတိုင်း စာအုပ် ကောင်းမယ်ထင်ပါသလာ:? သုတရသ ပြည်.စုံတဲ့ စာပေမျိုးရှိသလို အဆိပ်တောက်ဖြစ်တဲ့ စာပေမျိုးလဲရှိမှာ မလွဲပါဘူး။ အကောင်းအဆိုးခွဲခြားနိုင်ဖို. စာကောင်းပေကောင်းရှာဖတ်တာမျိုး အရမ်းအရေးကြီးပါတယ်။ စာကောင်းတစ်ခုဟာ လူတစ်ယောက်ကို အကောင်းဘက်အများကြီး ပြောင်းလဲနိုင်သလို စာဆိုးစာညစ်ကလဲ လူတွေအများကြီးကို ဒုက္ခရောက်စေနိုင်ပါတယ်။

 

 

ဥပမာအားဖြင့် မိန်းကလေးတွေ အများကြီးဖတ်ကြတဲ့ အချစ်စာအုပ်တွေပေါ့။ ဘယ်သူဘယ်ဝါရေးတယ် မပြောလိုပါဘူး။ ကျွှန်တော်ဖတ်ဘူးပါတယ် သိပ်ကိုရောင်းကောင်းတဲ့ ဘက်ဆဲလာ:တွေပေါ့ဗျာ။ ကောင်လေးက သူဌေးသားလေးဗျ ပြိုင်ကားလေးနဲ့ ကောင်မလေးကလဲ သူဌေးသမီးလေး မက်တူးဆိုလာ:ကားလေးနဲ့ပေါ့ ။ နေတာက တစ်ယောက်က အင်းယားမြိုင်၊ တစ်ယောက်က ရွှေတောင်ကြား၊ ဖတ်လို.တော့ကောင်:သာ ကောင်လေ:က ကင်း ကောင်မလေးက ကွင်း ။ အကုန်အလန်:တွေကြီးပဲ။ လွှမ်းရင်အဆိပ်သောက်တယ် မိန်းကလေးက အရက်သောက်တယ် ရန်ညိုးတွေဖွဲ့ကြတယ် လက်စာချေကြတယ်။ ချစ် ကွဲ ညား ကြိုက် လွှမ်း ။ အိမ်ထောင်ကျ ကားအကောင်းစားတွေ သိန်းသောင်းချီတန်:တဲ့ အိမ်တွေလက်ဖွဲ့အဖြစ်ပေး။ တကယ့်ဘဝနဲ့ လားလားမှ မဆိုင် ကျွှန်တော်နဲ့ တော်တော်အသားမကျတာဖြစ်ပါလိမ့်မယ်။့ လူတိုင်းက အချစ်နဲ့ မကင်းတာထားပါတော့။စာအုပ်တစ်အုပ်ကို ဖတ်တဲ့နေရာမှာ ကိုယ်ကိုတိုင်က ဇာတ်လိုက်ဖြစ်သွားသလိုမျို: ခံစာ:ပြီးဖတ်ကြတာများမှာပါ။ ဖီးတွေတက် ဖတ်နေရင်းနဲ့ပြံုး ။ စိတ်ကူးတွေရင် ။
စာအုပ်တစ်အုပ်ဖတ်ရင် ဇာတ်ကောင်ကို အားကျတယ်၊ အတုယူတယ်၊ သူတို.လုပ်သလို

အပြင်မှာလိုက်လုပ်ကြတယ်။ လိုက်တုတဲ့နေရာမှာ ကိုယ့်မိဘက မတက်နိုင်ရင်ကော။ တနေ့လုပ်မှ တနဲ့အနိုင်နိုင် စားနေရတဲ့ မိသားစုမှာ ဖုန်းတွေ ကားတွေဝယ်နိုင်ပမလားဗျ။ နောက်ဆုံးတော့ ဖားတုလို.ခရုခုံပြီး ဘဝပျက်သွားကြတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ။ Escape from Reality ဆိုတာ အတိုင်းအတာတစ်ခုပဲ ကောင်းပါတယ်။ လေ့လာကြည်.ပါတယ် ဇာတ်လိုက်က ဆင်းရဲတာတော်တော်ရှားသား။ ဖတ်တဲ့သူကို ခွန်အားပေးတာမျိုးလဲ မတွေ့ရဘူး။

 

မဖတ်ရဘူး မပြောပါဘူး ကြိုက်တက်ရင်ဖတ်ပါ။ စာဖတ်တယ်ဆိုပြီး အပျော်ဖတ်တွေပဲများနေရင် အပျော်လွန်ပြီး ဒုက္ခရောက်သွာ:လိမ့်မယ်။ ဦးနောက်ဆိုတာ သုတ၊ ရသ အားလုံး ကို ကျွေးပေးဖို.လိုတယ်။ အချစ်စာအုပ်တွေ သရဲစာအုပ်တွေအပြင် ၊ စွန့်စားခန်:တွေ ၊ စုံထောက်ဇာတ်လမ်းတွေ၊ နည်းပညာစာဆောင်တွေ၊ ဆေးပညာနဲ့ပတ်သက်တာတွေ၊ science နဲ့ ပတ်သက်တာတွေပါဖတ်ပေးပါ။ ဘာသာရေးစာအုပ်ဖတ်မိတဲ့သူဟာ ဘာသာတရားပိုပြီးသက်ဝင်ယုံ ကြည်လာသလိုပဲ။ ကိုယ်ဖတ်တဲ့ စာပေတွေက ကိုယ့်ကိုတစ်နေ့အကျိုးပေးလာပါလိမ့်မယ်။ အနဲဆုံးတော့ ကိုယ့်ကို လူလိမ်မခံရတော့ဘူးပေါ့။

 

 

စာဖတ်တာတော့ဟုတ်ပါပြီ။ ကိုယ်ဖတ်တာက မှန်မမှန်ဆင်ခြင်သုံးသပ်ဖို.လဲလိုသေးတယ်။ ဒီဟာက ဒါယူရမယ် ဟိုဟာကိုယ်ပယ်ရမယ် ဆိုတာလဲအရေးကြီးသေ:တယ်။ စာတစ်ခုဖတ်ပြီးရင် ဆွေးနွေးတဲ့ အလေ့အကျင့်က အရမ်းကောင်းပါတယ်။ ဆွေးနွေးတာတော့ဟုတ်ပါပြီ ဘယ်လိုတွေနဲ့ ဘယ်လိုလူတွေနဲ့ ဆွေးနွေးမှာလဲ။ အသိပညာမရှိတဲ့သူနဲ့ ပြောနေရင် လေကုန်တာနဲ့ ပြီးသွားလိမ့်မယ် ဘာမှရမှာမဟုတ်ဘူး။ သူမတက်တာ မသိတာကို ဖုံးကွယ်ဖို.အတွက် ဘုကလန့် ခံညင်းတာနဲ့ပဲ အဆုံးသက်လိမ့်မယ်။ ကျောင်းတက်ခြင်းရဲ့ အနစ်သာရထဲမှာ အဲဒါတွေလဲပါပါတယ်။ ကိုယ်နဲ့ စိတ်ဝင်စားမူတူတဲ့သူနဲ့ ပေါင်းသင်းဆက်စံ ဆွေးနွေးခွင့်ပိုရှိသွာ:တယ်။

 

စာပေအတုအယောင်တွေပြီးတော့ ဆရာအတုအယောင်တွေကိုလဲ သတိထားစေချင်ပါတယ်။ ငါဒါသိတယ် အဲဒါကအမြဲမှန်တယ်၊ ငါ့ဟာက အကောင်းဆုံးဆိုတာမျိုးပေါ့ ။ အကောင်းအကျိုးအဆိုးကို နားမလည်ပဲ ဖင်ပိတ်ညင်းတက်တဲ့သူတွေပေါ့။ လူကောင်းသူကောင်:ဆိုတာ ကိုယ်မှာ:တဲ့ အရာတစ်ခုအတွက် ဝန်မခံရင်တောင် မှာ:နေတာကို ဆက်မလုပ်ဖို.အရမ်းအရေးကြီးပါတယ်။ အဲလိုမျို:သူတွေကို ဆရာတင်မိလို.တော့ ဘဝဆုံးပြီသာမှတ်။ ကျွှန်တော် အထက်တန်:ကျောင်းမှာ တက်နေတုန်းက ကျောင်းအုပ်ဆရာကြီးက ပြောဘူးတာရှိပါတယ် ။ အစာထဲအဆိပ်ခတ်တာထက်စာရင် နားထဲ၊ စာထဲ ၊ နုနယ်တဲ့ နလုံးသားထဲ အဆိပ်ခက်တာက လူပိုသေပါသတဲ့။

ရာဇဝင်မှာတောင်ရှိပါတယ် လက်ညိုးပေါင်း တစ်ထောင်ကိုဖြတ်တဲ့ လူမိုက်ကြီးလေ။

အလိမ်မခံရဖို. စာများများဖတ်ပေးပါ။ စဉ်:စာ:နိုင်ဖို. ဦးနောက်က အမြဲသွေးထားပါ။

အခုခေတ်လူငယ်တွေကို ကြည်.ရတာလဲ အကြောင်းအမျိုးမျိုးကြောင်. ပညာရေးတို.လို.တန်:လန်:ဖြစ်သွာ:ကြတာတွေ တွေ့ရပါတယ်။ မိဘရဲ့ စီပွားရေး ကျပ်တည်းလို. ၊ ကိုယ်တိုင်က ဆက်လက်ပြီးမသင်ချင်တော့လို.၊ ကိုယ့်အောက်က မောင်နမတွေ ကျောင်းတက်ရအောင် ကိုယ်က အနစ်နာခံလိုက်ရတာမျိုးပေါ့။ အဲဒီအတွက် အားငယ်နေစရာမလိုပါဘူး။ ကြိုးစာရင်ဖြစ်နိုင်တဲ့ နည်းလမ်းတွေအများကြီးပါ။ အဲဒီအကြောင်းတွေကို ဆက်ရေးပါဦးမယ်…..

အမှားရှိပါက အချက်အလက်ဖြင့်သာ ဝေဖန်ပေးကြပါရန်။

 

ကျေးဇူးပါ။

3 Replies to “လူငယ်နှင့် ပညာရေး”

  1. ဆွေးနွေးသွားတာ အရမ်းသဘောကျပါတယ် ခင်ဗျာ အရမ်းလဲကောင်းပါတယ်

  2. ဆက်ရေးပါဗျာ..အဲ့လိုစာမျိုးကိုအရမး်ဖတ်ချင်တယ်…အောက်ဆုံးကစာမှာပြောသလိုကျွန်တော်လဲအကြောင်းကြောင်းကြောင့် ပညာရေးတို့လို့
    တန်းလန်းဖြစ်ခဲ့ရတာပေါ့။ ပြီးတော့စာရေးသူပြောသလို အဆိပ်ဖြစ်စေတဲ့စာတွေကိုလဲ ဆယ်တန်းဖြေထားတုနး်နဲ့ ပထမနှစ်တက်နေတုန်းမှာ
    စွဲစွဲမက်မက်ဖတ်ခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေ ဖြစ်တည်မှုပဓာနဝါဒီတွေရဲ့စာတွေကို ကိုယ့်ဘာသာနဲ့ရော အင်္ဂလိပ်လိုပါနှစ်နှစ်ချိုက်ချိုက်ဖတ်ခဲ့
    တာပါ။အဲ့ အဆိပ်တွေက တော်တော့်ကို ပြေဖို့ခက်ပါတယ်။ ဒုတိယနှစ်ဆက်မတက်ဖြစ်တော့ ဖတ်ဖူးတဲ့စာတွေထဲက ဇာတ်ကောင်တွေလို
    ဘဝကိုပေပေတေတေနေလိုက်တာ ခုပြည်ပကို ရောက်တော့မှ နားလည်ပြီးနောင်တတွေရပါတယ်။ ကျောင်းထွက်လိုက်ရတဲံ့အချိန်မှာ ကိုယ့်
    ဘဝရဲ့ တိုးတက်မှုအတွက်ဘာမှ မကျိုးစားခဲ့ မိဘူး……စာအဆိပ်သင့်တာလေ……ဆက်ရေးပါဗျ စောင့်ဖတ်နေမှာပါ။

Leave a Reply to လေလွင့် Cancel reply

Your email address will not be published. Required fields are marked *