UI Design Resources

တစ်ခါတစ်လေ ကျွန်တော်တို့တွေ iphone , ipad UI Design ကို စဉ်းစားတဲ့ အခါ ဖြစ်ဖြစ် web design အတွက် UI ကို စဉ်းစားတာ ဖြစ်ဖြစ် ဘယ်လို သုံးသင့်ရမလဲဆိုတာ စဉ်းစားမရတာတွေ ရှိတတ်တယ်။ ကျွန်တော်က Designer မဟုတ်တဲ့အတွက် Design ပိုင်းကို လန်ထွက်နေအောင် မဆွဲနိုင်ဘူး။ သို့ပေမယ့် ဘယ် UI Design သုံးသင့်တယ်ဆိုတာကို နေ့စဉ် ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကြောင့် သိနိုင်တယ်။ အခု တလော ရုံးမှာ အလုပ်များနေတာကြောင့် Designer ကလည်း project တစ်ခုကို အချိန်ပြည့် ယူနေရတယ်။ လက်ရှိ ကျွန်တော့် project တွေအတွက် UI Design ကိုယ့်ဘာသာကိုယ် ဖန်တီးရပါတော့တယ်။

iPhone သမားတွေအတွက် UI Design မစခင်မှာ လေ့လာသင့်တဲ့ site ကတော့ http://pttrns.com/ ပါ။ အခြား နာမည်ကြီး app တွေ ဘယ်လို အသုံးပြုထားလဲဆိုတာကို လေ့လာသင်ယူနိုင်ပါတယ်။ နောက်ပြီး ထပ်ပြီး လေ့လာလို့ ကောင်းတဲ့ site ကတော့ http://dribbble.com/ ပါ။ နာမည်ကြီး designer တွေရဲ့ design စုစည်းထားမှုတွေကို တစ်နေရာတည်းမှာ မြင်တွေ့နိုင်ပါတယ်။ သူတို့ရဲ့ Design တွေ idea တွေ thinking တွေကို တွေ့ရပါလိမ့်မယ်။ Dribble မှာတော့ iphone UI design သာမက web design အပြင် design အများအပြားကို tag နဲ့ ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

တစ်ခါတစ်လေ PSD တွေ လိုချင်လာတဲ့အခါမှာတော့ http://designmoo.com/ နဲ့ http://365psd.com/ မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ designmoo က PSD လိုင်စင်ကတော့ designer ကို တိုက်ရိုက်မေးပြီးမှ သာ သိနိုင်ပါတယ်။ 365psd ကတော့ စိတ်ကြိုက် ကြိုက်တဲ့နေရာမှာ ယူသုံးနိုင်ပါတယ်။ designmoo က Design တွေက ပိုပြီး အတွေးတွေကို နယ်ချဲ့စေပါတယ်။ 365psd က free ပေးပေမယ့် professional quality တွေဖြစ်တဲ့အပြင် ကိုယ်လိုတဲ့ နေရာမှာ အသုံးပြုနိုင်ပါတယ်။

သင်ကော UI Design တွေအတွက် ဘယ်လို စဉ်းစားသလဲဆိုတာကို comment မှာ ဝင်ရေးသွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *