PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် – အပိုင်း ၂

အပိုင်း ၁ ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

၆။ သင့်အတွက် အသုံးဝင်မယ့် Snippet တွေကို သိမ်းထားပါ

Coding တွေရေးတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်သုံးနေရတာတွေ ရှိပါတယ်။ ဥပမာ။ File read / write လိုမျိုး ၊ ဒါမှမဟုတ် mysql connect ချိတ်တာမျိုးတွေပေါ့။ အဲလိုမျိုး code တွေကို ပြန်စဉ်းစား ပြန်ရေးနေမယ့်အစား အသုံးဝင်မယ့် code အပိုင်းတွေကို သိမ်းထားသင့်ပါတယ်။ အသုံးဝင်တဲ့ App တွေကတော့ Snippet, snippely, Code Collector စတာတွေပေါ့။ Snippely က လွဲလို့ ကျန်တာတွေက Mac app တွေပါ။ Snippely တစ်ခုပဲ free ရပါတယ်။ Windows, Mac , Linux အားလုံးအတွက် jcodecollector ရှိပါတယ်။


Connection အမြဲရတဲ့ နေရာတွေမှာနေရင်တော့ web base snippet app တွေကို အသုံးပြုသင့်ပါတယ်။ လက်ရှိ လူသုံးများတဲ့ site တွေက

စတာတွေကို အသုံးပြုနိုင်ပါတယ်။

နောက်ပြီး IDE တော်တော်များများမှာ snipt တွေ သိမ်းဖို့ ပါတတ်ပါတယ်။ ဒါ့အပြင် dropbox သို့မဟုတ် evernote လိုမျိုး cloud app တွေကို သုံးပြီးတော့လည်း သိမ်းထားသင့်ပါတယ်။

၇။ အချိန်ကုန်သက်သာအောင် Editor ကောင်းကောင်းသုံးပါ

IDE ဟာ အချိန်ကုန်သက်သာစေပါတယ်။ ဘာလို့ IDE ကို သုံးသင့်လဲဆိုတာကို smashing မှာရေးသားထားပါတယ်။ IDE ကောင်းကောင်းတွေကတော့ ဝယ်ယူသုံးစွဲရတာ များပါတယ်။ မဝယ်ယူချင်ပေမယ့် သုံးလို့ကောင်းတဲ့ PHP IDE တွေက Eclipse , Netbean စတာတွေပေါ့။ Editor နဲ့ IDE နဲ့ မတူပါဘူး။ Editor က ပေါ့ပါး မြန်ဆန်ပေမယ့် Files တွေ များပြားလာတဲ့အခါမှာ function တွေ class တွေများလာတဲ့အခါမှာ file တွေလိုက်ဖွင့်ရတာနဲ့ အချိန်တော်တော်ကုန်စေပါတယ်။ နောက်ပြီး Version Control တွေအတွက် command line ကနေ ဖြစ်စေ အခြား program တစ်ခုကို ဖြစ်စေ ဖွင့်ပြီး အလုပ်လုပ်စေရပါတယ်။

PHP အတွက် လက်ရှိ အကောင်းဆုံး IDE ကို ပြောပါဆိုရင်တော့ PHPStorm ကို ညွှန်းပါရစေ။ သူကတော့ free မရပေမယ့် တော်တော်ကောင်းတဲ့ IDE ပါ။ Eclipse , Netbean တို့ထက် ပိုပေါ့းပါးပြီး သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။ git လည်း အရံသင့်ပါပြီးသားပါ။ Free ထဲကဆိုရင် Komodo Edit ဟာ PHP သမားတွေအတွက် သုံးလို့ တော်တော်အဆင်ပြေပါတယ်။

၈။ MySQL Administrator Tool အသုံးပြုပါ

Hard-core developer တော်တော်များများက MySQL ကို command line ကနေ အသုံုးပြုကြတယ်။ ကျွန်တော် အပါအဝင်ပေါ့။ ဒါပေမယ့် အဲဒါက အမြဲတမ်း ကောင်းမွန်တာတော့ မဟုတ်ဘူး။ MySQL export , import တွေအတွက် ကောင်းမွန်ပေမယ့် Tables တွေ အများကြီးကို manage လုပ်ဖို့အတွက်ဆိုရင်တော့ အချိန်ပိုကုန်စေပါတယ်။ ဒါကြောင့် phpMyAdmin လိုမျိုး GUI tool တွေကို အသုံးပြုသင့်ပါတယ်။ phpMyadmin က opensource ဖြစ်ပြီး php နဲ့ ရေးသားထားတာပါ။ နောက်ပြီးတော့ သုံးရတာလည်း လွယ်ကူလှပါတယ်။ Database ဆောက်တာတွေ table ဆောက်တာတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားစေပါတယ်။ ဒါမှမဟုတ် MySQL Administrator Tool ကလည်း ကောင်းမွန်တဲ့ GUI Tool တစ်ခုပါပဲ။

၉။ Framework ကို အသုံးပြုပါ

Framework ကို သုံးပါလို့ ပြောလိုက်ရင် PHP Developer အချို့က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားတယ်။ ဘာလို့လည်းဆိုတော့ အသစ်ပြန်လေ့လာရမှာမို့လို့ပါပဲ။ ဟုတ်ပါတယ်။ အစအဆုံး မဟုတ်ရင်တောင် Framework သုံးပြီး ရေးသားပုံတွေကို လေ့လာရပါအုံးမယ်။ လက်ရှိ အလွယ်ဆုံး framework ကတော့ CodeIgniter ပါ။ နောက်ပြီး နာမည်ကြီး framework တွေ ဖြစ်တဲ့ CakePHP, Symfony , Zend စတာတွေလည်း ကောင်းမွန်တဲ့ framework တွေပါ။

CakePHP, Symfony , Zend စတာတွေက တကယ်ပဲ ကောင်းမွန်လှပေမယ့် လေ့လာရတာဟာ နည်းနည်း အခက်အခဲလေး ရှိပါတယ်။ နောက်ပြီး အချို့ share hosting တွေနဲ့ အဆင်မပြေဖြစ်တတ်တာကြောင့် share hosting ပေါ်မှာတင်ဖို့အတွက်ဆိုရင် အဲဒီ framework တွေက စဉ်းစားစရာ ဖြစ်လာပါတယ်။ ကိုယ်ပိုင် VPS တစ်လုံးရှိနေရင်တော့ စဉ်းစားနေဖို့ မလိုပါဘူး။ VPS ပဲ ရှိရှိ share hosting ပဲ ရှိရှိ အဆင်ပြေပြေနဲ့ ရေးလို့ရတာကတော့ CodeIgniter ပါ။ လက်ရှိ ရှိနေတဲ့ PHP Framework တော်တော်များများကတော့ MVC နဲ့ ရေးထားပါတယ်။ ဒါကြောင့် framework တွေကိုလေ့လာရင်း MVC ဆိုတာ ဘာလဲဆိုတာကိုလည်း သိသွားနိုင်ပါတယ်။ အစပိုင်းမှာ လေ့လာရတာဟာ ကသိကအောက် နိုင်ပေမယ့် project အကြီးကြီးတွေ ရေးတဲ့အခါ သို့မဟုတ် ကိုယ်ပိုင် web application တွေ ရေးတဲ့အခါမှာ အလွန်ပဲ အသုံးဝင်လှပါတယ်။

၁၀။ Developer Community နဲ့ ဆက်သွယ်ပါ

PHP Developers တွေ အားလုံးကို သိဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ လက်ရှိ PHP နဲ့ လုပ်ကိုင်နေတဲ့သူတွေ နောက်ပိုင်း နောက်ဆုံး သတင်းတွေ အကြောင်းအရာတွေကို သိနိုင်ဖို့ PHPDeveloper.org လိုမျိုး site တွေကနေ တဆင့် event တွေ ကို တက်ရောက်ပြီး သိရှိနိုင်ပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံကလူတွေ အတွက်တော့ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် webdeveloperfourmstackoverflow စတဲ့ Developer site တွေမှာ ဝင်မေးရင်းနဲ့ သိလာနိုင်ပါတယ်။ ဒါ့အပြင် Quora ကိုလည်း မေ့ထားလို့မရပါဘူး။

ကဲ … ဒီအချက် ၁၀ ချက်က လက်ရှိ လေ့လာနေတဲ့ PHP Developer တွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။

မှီငြမ်း
http://sixrevisions.com/web-development/10-things-you-can-do-to-become-a-better-php-developer/

3 Replies to “PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် – အပိုင်း ၂”

  1. post နှစ်ခုလုံးကိုဖတ်ပြီးပါပြီ .. အရမ်းကောင်းပါတယ် .. ကျေးဇူးပါ ကိုစေတန် …

    ှQuora ကဒီတိုင်း sign-up လုပ်လို ့မရဘူး .. invitation လိုတယ်တဲ့ .. ကူညီပါအုံး .. invite လုပ် ပေးပါအုံး ..
    mail က 007evilmonster@gmail.com ပါ ..

    1. php class တွေ အကြောင်းကို လည်းပြောပြပေးစေချင်ပါတယ်
      နောက်တော့ OOP အကြောင်းလည်း tutorial နဲ ့ရှင်းပြပေးလို ့ရမလား အစ်ကို

Leave a Reply

Your email address will not be published. Required fields are marked *