Browsing articles tagged with " Japanese"
Dec
1
2009

Japanese Basic 4(အခြေခံဝါကျ)

wa နဲ့ desu ကို သိသွားပြီဆိုရင်တော့ အငြင်းဝါကျနဲ့ မေးခွန်းဝါကျဆီ သွားကြည့်ရအောင်နော်။ အငြင်းဝါကျ လွယ်ပါတယ်။  ဟုတ်သည် ဖြစ်သည်ကို "desu" လို့ပြောတယ်ဆိုရင် “မဟုတ်ပါ၊ မဖြစ်ပါ” ကို "dewa arimasen"လို့အသံထွက်ပါတယ်။ “ဒဲဝအရိမဆဲန်း” ပါ။ romaji မမှတ်မိရင် ရှေ့အခန်းတွေ ပြန်ကြည့်စေချင်ပါတယ်။ ဒီတော့  နမူနာဝါကျတွေ ကြည့်ရအောင်

Oct
26
2009

Japanese Basic 3(အခြေခံဝါကျ)

အသံထွက်လည်းပေါင်းတတ်သွားပြီဆိုရင်တော့ ရှေ့ဆက်ရအောင်။ အရေးကြီးတာက ပြီးခဲ့တဲ့ သင်ခန်းစာနှစ်ခုက romajiတွေကို နားမလည်ရင် ဘယ်လိုမှရှေ့ဆက်လို့ရမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ခုကနေစပြီး romajiနဲ့ပဲ ရေးပြီး မြန်မာလိုအသံထွက် ရေးပြမှာမဟုတ်တော့တဲ့အတွက်ကြောင့်ပါ။ အခု နောက်ထပ်မှတ်စရာနှစ်ချက်ကို ပြောပြပါမယ်။ ဒီနှစ်ခုပြီးရင် ဂျပန်လိုပြောဖို့ အုတ်မြစ်ချပြီးပြီသာ မှတ်လိုက်တော့..။ ပထမတစ်ချက်က သံရှည်ဆွဲတာပါ။

Oct
22
2009

Japanese Basic 2(အသံပေါင်းခြင်း)

ပထမသင်ခန်းစာတစ်က ဂျပန်အက္ခရာတွေနဲ့ ပတ်သက်ပြီးမရှင်းရင် အချိန်မရွေးလှမ်းမေးလို့ရပါတယ်။ အဲဒီအက္ခရာတွေကို အလွတ်ရပြီဆိုရင် အသံပေါင်းထွက်တဲ့အကြောင်းတွေ ပြောပြပါမယ်။ ပထမဇယားထဲကအောက်ဆုံးသုံးလုံးဖြစ်တဲ့ “ya, yu, yo”ကို “i”အသံနဲ့စာလုံးတွေနဲ့ပေါင်းတာပါ။ အဲလိုပေါင်းရင် စာရေးတဲ့အခါရှေ့တစ်လုံးပဲ ရေးပြီးတော့ အသံထွက်ကလည်း ပေါင်းတဲ့စာလုံးကို လိုက်ပြီး ပြောင်းသွားပါတယ်။ မရှုပ်ပါဘူး။ ဥပမာ....

Oct
18
2009

Japanese Basic 1(ဂျပန်ကကြီးခခွေး)

ဂျပန်စာဆိုတာ အများသိတဲ့အတိုင်း တရုတ်စာကနေ ဆင်းသက်လာတာပါ။ တရုတ်နိုင်ငံကနေ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကို ဆက်ခံရာကနေ တရုတ်စာလုံးတွေကို ဂျပန်စာလုံးအဖြစ် တီထွင်ပြောင်းလဲခဲ့တာပါ။ တရုတ်စာလုံးတွေကို ဆက်သုံးနေတာလည်း ရှိပါတယ်။ စာလုံးပုံစံတူပေမယ့် အသံထွက်ကွဲသွားပါတယ်။ ဂျပန်စာ လေးမျိုးရှိပါတယ်။ ၁)       hiragana(ဟီရဂါ့န) ၂)       katakana(ခါတာ့ခါ့န) ၃)       kanji(ခန်းဂျီး) ၄)       romaji(ရိုမားဂျီး) ဆိုပြီးလေးမျိုးရှိပါတယ်။