24
2011
QT ကို ပြောင်းတော့မယ့် Ubuntu
Ubuntu 11.10 ကနေ စပြီး Ubuntu က Gtk+ ကနေ QT ကို ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။ 2011 နှစ်ကုန်ပိုင်းလောက်မှာတော့ Ubuntu 11.10 ထွက်ပါလိမ့်မယ်။ မကြာခင်မှာ ထွက်လာမယ့် Ubuntu 11.04 , Natty Narwhal မှာတော့ Gtk+ ကိုပဲ သုံးစွဲ ထားပါသေးတယ်။ လက်ရှိ အသုံးပြုထားတဲ့ Gnome ကတော့ Gtk+ လိုအပ်ပါတယ်။ ဒါဆို ဘာကြောင့် Qt ကို ပြောင်းတာလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ Qt ကတော့ small-screen interface တွေအတွက် ဖြစ်ပြီးတော့ netbook တွေ mobile တွေအတွက် design ရေးဆွဲထားတာပါ။ Ubuntu ဟာ mobile တွေ netbook တွေ tablet တွေဆီကို ဦးတည်ဖို့အတွက် Qt ကို ပြောင်းတာ ဖြစ်နိုင်ပါတယ်။

Qt
Qt ဆိုတာနဲ့ Nokia ကို ပြေးမြင်ကြမှာ အမှန်ပါပဲ။ Qt ဟာ application framework ပြီးပြီး လက်ရှိ Nokia Symbian နဲ့ Maemo phones တွေမှာ အသုံးပြုနေပါတယ်။ Qt ဟာ cross-platform ဖြစ်ပြီး Windows, Mac နဲ့ Linux တွေမှာ အသုံးပြုနိုင်ပါတယ်။ Developer တွေဟာ Ubuntu 11.10 အတွက် Qt နဲ့ ရေးသားဖို့လိုအပ်လာပြီး desktop , laptop, tablets နဲ့ smartphones တွေမှာ တစ်ခါတည်း run လာနိုင်ပါလိမ့်မယ်။
Mobile
Canonical ဟာ tablets နဲ့ smartphone လောကကို ဝင်လာဖို့ ရှိပါတယ်။ တကယ်လို့ Ubuntu ဟာ smarphone လောကထဲကို နောက်နှစ်ထဲလောက် ဝင်လာမလား လို့ သံသယ ဖြစ်စရာပါပဲ။ လက်ရှိ Tablet တွေ ခေတ်စားလာတာနဲ့ အမျှ Ubuntu ဟာ tablet စျေးကွက်ထဲကို တိုးမဝင်နိုင်သေးပါဘူး။ Ubuntu ဟာ tablet လောကထဲ ဝင်လာခဲ့ရင်တော့ android နဲ့ အပြိုင်ဖြစ်လာပြီး tablet တွေလည်း ပိုမိုများပြားလာဖို့ ရှိပါတယ်။
ဆိုးတာ ကတော့ လက်ရှိ Gtk+ အတွက် ရေးထားတာတွေက Ubuntu 11.10 မှာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ သို့ပေမယ့် Mobile Tablet စျေးကွက်မှာ Apple အတွက် Android အပြင် နောက်ထပ် ပြိုင်ဘက်အနေနဲ့ Ubuntu ပါ ရောက်လာဖွယ်ရှိပါတယ်။

An article by mzedu





Ubuntu ဆိုတာဘာလဲသိချင်ပါတယ်။
အကြမ်းမျှင်းလေးလောက်ရှင်းပြပေးစေချင်ပါတယ်
အသေးစိပ်ကိုဘယ်မှာလေ့လာနိုင်လဲဆိုတာကိုပါပြောပြစေချင်ပါတယ်
ကျေးဇူးတင်ပါတယ်
Ubuntu ဆိုတာ Windows လို OS တစ်ခုဖြစ်ပါတယ်။ သူက free ရပြီး open source ဖြစ်ပါတယ်။
http://en.wikipedia.org/wiki/Ubuntu_%28operating_system%29