Feb
24
2011

Macbook Pro အသစ်ထွက်

Macbook Pro အသစ်ထွက်မယ်ဆိုပြီး သတင်းထွက်နေတာတော့ ကြာပြီ။ နောက်ပြီး Steve ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထွက်မယ်လို့ သတင်းထွက်နေတဲ့ အတိုင်း ထွက်လာပါပြီ။ Happy Birthday Steve Job !!!! Macbook Pro အသစ်မှာ ထူးထူးခြားခြား ပါလာတာကတော့ Thunderbolt ပါ။ Thunderbolt က လက်ရှိ USB 2.0 ထက် ၁၂ ဆ မြန်ပြီးတော့ USB 3.0 ထက် ၁၀ ဆ မြန်ပါတယ်။ Intel က ထုတ်လုပ်လိုက်တဲ့ Technology တစ်ခုပါပဲ။ သူ့ရဲ့ File ကူးနှုန်းက 10Gbps ပါ။ ၁ စက္ကန့်ကို 10 Giga bit ကူးနိုင်ပါတယ်။ Thunderbolt ပါတဲ့ ပထမဆုံး laptop လို့ ဆိုရမှာပါ။ နောက်ပြီးတော့ Facetime အတွက် front camera က HD camera ဖြစ်သွားပါတယ်။ ထူးခြားတဲ့အချက်နောက်တစ်ခုကတော့ Power cable plug design ပြောင်းသွားပါပြီ။

နောက်ထပ် သဘောကျစရာကောင်းတာကတော့ Core i5 2.3GHz processor နဲ့ 13 လက်မ ပါ။ ဒါမှမဟုတ် Core i7 2.7 GHz အမျိုးအစားလည်း ရှိပါတယ်။ ၁၅ နဲ့ ၁၇ လက်မတွေကတော့ quad-core Intel Core i7 processor with 6MB shared L3 cache ကို အသုံးပြုထားပါတယ်။ ၁၅ လက်မအတွက် 2.0 or 2.2 GHz ရှိပါတယ်။ ၁၇ လက်မကတော့ 2.2 GHz တစ်မျိုးတည်းပါ။

Graphic ကိုတော့ Intel HD Graphics 3000 အသုံးပြုထားပါတယ်။ 15 နဲ့ 17 လက်မတွေ အတွက်ကတော့ AMD Radeon graphics ကို သုံးထားပြီး ပြီးခဲ့တဲ့ မျိုးဆက်ထက် ၃ ဆ မြန်တယ်လို့ ဆိုပါတယ်။ လက်ရှိ ထွက်နေတဲ ့ သတင်းတွေထဲက မမှန်တာကတော့ အမည်းရောင် Macbook Pro ထွက်မလားဆိုတဲ့ သတင်းပါ။ အခုက Design ကတော့ ဘာမှ ထွေထွေ ထူးထူး မကွာသွားပါဘူး။ သို့ပေမယ့် Display ကတော့ ပိုကောင်းလာပါတယ်။ ၁၃ လက်မက S$1,648 ပဲရှိပါတော့တယ်။ အရင်တုန်းက Macbook Pro ထွက်ထွက်တုန်းက S$2000 လောက်ရှိခဲ့တာ အခု စျေး အများကြီးသက်သွားပါတယ်။ ဘယ်တော့လောက် စထွက်မယ်ဆိုတာကိုတော့ မကြေငြာသေးပါဘူး။

Related Posts

About the Author:

ပညာရေး ၊နည်းပညာ စတဲ့ သတင်းနဲ့ ဆိုင်တာတွေကို MZ Blog မှာ တင်ပေးဖို့ ကြိုးစားနေတယ်။ မနက်တိုင်း နည်းပညာဆိုင်ရာ သတင်း sites တွေ မဖတ်ရရင် မနေနိုင်သူ။

Leave a comment