Instagram တွင် 1 Million Users ရှိပြီ

iPhone photo sharing application ဖြစ်တဲ့ Instagram ဟာ 1 million registered users ရှိပြီလို့ ဒီနေ့ပဲ ကြေငြာလိုက်ပါတယ်။ ၁၀ ပတ်ကြာ app ကို public ထုတ်ပြီးနောက်မှ 1 millions registered users ရှိလာခဲ့ပါတယ်။ Instagram က အရမ်းလျင်မြန်စွာ လူအသုံးများလာတဲ့ Application တစ်ခုလို့ ဆိုလို့ရတယ်။ iPhone နဲ့ ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံတွေကို လွယ်လင့် တကူ share ရုံမက filter ကောင်းကောင်းလေးတွေပါ ထည့်လို့ ရတဲ့အတွက် လူသုံးများလာရပါတယ်။ Foursquare အနေနဲ့ 1 Million users ရဖို့ ၁ နှစ် အချိန်ယူရပြီး twitter အနေနဲ့ကတော့ ၂ နှစ် အချိန် ယူခဲ့ရပါတယ်။

Instargram ကနေ တဆင့် facebook , twitter , flickr , posterous စတာတွေကို ပို့လို့ရတာကြောင့် လူသုံးများတယ်လို့ ဆိုလို့ရပါတယ်။ ထို့အပြင် သူငယ်ချင်းများကိုလည်း facebook ,twitter ကနေ ရှာလို့ရတဲ့အတွက် မိမိသူငယ်ချင်းများကို instagram မှာ လွယ်ကူစွာ ရှာနိုင်ပါတယ်။ အခုအချိန်မှာတော့ Instagram က မြန်ဆန်စွာနဲ့ 1 Million Users ရောက်ရှိလာပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *