Jan
5
2011

Cocos-2d iPhone 0.99.5

Cocos2d iphone 0.99.5 ထွက်ရှိပါပြီ။ 0.995 မှာတော့ iPhone 4 Retina Display support ပါလာပါတယ်။ file.png နဲ့ file-hd.png ဆိုပြီး ထည့်ထားလိုက်ရင် iPhone 4 မှာ file-hd ကို အလိုအလျောက်ခေါ်ယူပေးပါတယ်။ -hd ထည့်လိုက်ရုံနဲ့ HD image ကို သုံးလို့ရပါပြီ။ x,y position တွေ ပြန်ပြင်နေစရာမလိုတဲ့အပြင် ဘာမှလည်း မခက်ခဲပါ။ သာမန်ာ iPhone မှာ @2x လို့ ထည့်ရပေမယ့် cocos2d မှာတော့ -hd ဆိုပြီး အသုံးပြုရပါတယ်။

Mac Support

Mac version အတွက်ပါ cocos2d ကို အသုံးပြုလို့ရပါပြီ။ Mac ပေါ်မှာ 2D Game တွေ လွယ်လွယ်နဲ့ ရေးလို့ရပါပြီ။ Cocos2d-iphone သိထားတဲ့သူတွေအတွက် Mac ပေါ်မှာ ရေးချင်လည်း လွယ်လွယ်နဲ့ ရေးလို့ရပါတယ်။

Retina Display

Cocos2d မှာ pixel နဲ့တွက်ထားတာတွေအကုန်လုံးကို point နဲ့ ပြန်တွက်တာကို ပြောင်းလိုက်ပါပြီ။ Retina Display အတွက် -hd နဲ့ အသုံးပြုနိုင်ပါတယ်။ ဘာ code မှ သီးသန့်ရေးစရာ မလိုတော့ပါ။

PVR Textures

Game ရဲ့ Loading Time ကို ပိုမြန်ချင်လား။ PVR format က png , jpg တို့ထက် game အတွက် loading ပိုမြန်စေပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံ png ထက် file size ကြီးနေတတ်တယ်။

Related Posts

About the Author: Saturn God

iOS Game Developer အနေနဲ့ လက်ရှိ အလုပ်လုပ်နေတယ်။ http://www.saturngod.net မှာ blog ရေးတယ်။ နောက်ပြီး http://en.saturngod.net မှာလည်း ရေးဖြစ်တယ်။ twitter မှာဆိုရင်တော့ http://www.twitter.com/saturngod မှာ ရှိပါတယ်။

Leave a comment