Apple removes wikileak app

နာမည်ကြီးနေတဲ့ Wikileak က data တွေကို ဖောပြထားပြီး download ချခွင့်ပေးထားတဲ့ unofficial wikileak app ကို Apple app store ကနေ remove လုပ်လိုက်ပါပြီ။ Apple ကတော့ “because it violated our developer guidelines” ဆိုပြီး ပြောပါတယ်။ $1.99 နဲ့ ရောင်းချခဲ့ပြီး ရေးသားသူ Russia Developer , Barinov ဟာ $1,000 ဖိုး ရောင်းချပြီးပြီလို့ ဆိုပါတယ်။ သို့ပေမယ့် app report အရကတော့ download ပေါင်း 2,860 ချခဲ့ပြီး ရောင်းချရငွေ $5,691.40 ရှိတယ်လို့ ဆိုပါတယ်။ Apple အနေနဲ့လည်း ရရှိတဲ့ အကျိုးအမြတ်က မနည်းပါဘူး။ စုစုပေါင်းရောင်းချလို့ရငွေ 30% ကို apple က အကျိုးအမြတ်အနေနဲ့ ရပါတယ်။ 70% ကသာ developer က ရပေမယ့် apple ကတော့ wikileak app ကို remove လုပ်လိုက်ပါပြီ။ အခု အချိန်မှာတော့ Google Cache ကနေ ကြည့်လို့ရသေးပေမယ့် iTune link ကတော့ မရှိတော့ပါ။

Mr Barinov က ဒီ app ရေးပြီး wikileak ကို support လုပ်ရခြင်းကတော့ UFO အကြောင်း တွေကို စိတ်ဝင်စားလို့ ရေးဖြစ်သွားတယ်လို့ ဆိုပါတယ်။ အဲဒီတွေအထဲမှာ UFO အကြောင်းတွေလည်း ပါကောင်းပါလာလိမ့်မယ်လို့ ထင်တဲ့အတွက်ကြောင့် ရေးသားဖြစ်သွားတယ်လို့ ဆိုခဲ့ပါတယ်။ iPhone မှာ wikileak app တွေ မရှိတော့ပေမယ့် Google Android Phone မှာတော့ ရရှိနိုင်ပါသေးတယ်။ လက်ရှိ Wikileak app ရှိတဲ့သူတွေလည်း ဆက်လက် အသုံးပြုနိုင်ပါသေးတယ်။

reference:

Leave a Reply

Your email address will not be published. Required fields are marked *