Dec
22
2010

3D gesture-sensing dock

Kinet ကို ကြည့်ပြီး သဘောကျနေတယ်ဆိုရင် Elliptic Labs က ထုတ်လိုက်တဲ့ iPad Dock ကိုလည်း သဘောကျမိမှာပဲ။ iPad ကို Touch စရာမလိုပဲ လေထဲမှာ လက်လေး ဝှေ့ယမ်းပြီး အသုံးပြုလို့ရပြီ။ မသိရင်တော့ Hero ကားထဲကလို power တွေ ရနေသလိုပဲပေါ့။ နောင်တချိန် Touch ဆိုတာထက် Kinet လိုမျိုး device တွေ ပြောင်းလဲ ပေါ်လာအုံးလေမလားမသိ။ Elliptic Labs က အခုလာမယ့် CES မှာ ပြသမယ့် Dock လေးပါ။ အထူးသဖြင့် အိမ်ထောင်ရှင်မ တွေ သဘောကျမယ့် အရာပါ။ ဟင်းချက် အညွှန်းကို iPad နဲ့ ကြည့်လို့ရပေမယ့် လက်တွေ ပေနေတဲ့ အခါ ဘယ်လို Touch မလဲ ? အဲလို ပြဿနာအတွက် လက်နဲ့ ထိစရာမလိုပဲ iPad ကို ခိုင်းစေလို့ရပါပြီ။ CES 2011 မှာတော့ အစမ်းတွေ တွေ့ရမယ်လို့ မျှော်လင့်မိရတာပဲ။

Related Posts

About the Author:

ပညာရေး ၊နည်းပညာ စတဲ့ သတင်းနဲ့ ဆိုင်တာတွေကို MZ Blog မှာ တင်ပေးဖို့ ကြိုးစားနေတယ်။ မနက်တိုင်း နည်းပညာဆိုင်ရာ သတင်း sites တွေ မဖတ်ရရင် မနေနိုင်သူ။

Leave a comment