1
2009
Japanese Basic 4(အခြေခံဝါကျ)
wa နဲ့ desu ကို သိသွားပြီဆိုရင်တော့ အငြင်းဝါကျနဲ့ မေးခွန်းဝါကျဆီ သွားကြည့်ရအောင်နော်။ အငြင်းဝါကျ လွယ်ပါတယ်။ ဟုတ်သည် ဖြစ်သည်ကို "desu" လို့ပြောတယ်ဆိုရင် “မဟုတ်ပါ၊ မဖြစ်ပါ” ကို "dewa arimasen"လို့အသံထွက်ပါတယ်။ “ဒဲဝအရိမဆဲန်း” ပါ။ romaji မမှတ်မိရင် ရှေ့အခန်းတွေ ပြန်ကြည့်စေချင်ပါတယ်။ ဒီတော့ နမူနာဝါကျတွေ ကြည့်ရအောင်
26
2009
Japanese Basic 3(အခြေခံဝါကျ)
အသံထွက်လည်းပေါင်းတတ်သွားပြီဆိုရင်တော့ ရှေ့ဆက်ရအောင်။ အရေးကြီးတာက ပြီးခဲ့တဲ့ သင်ခန်းစာနှစ်ခုက romajiတွေကို နားမလည်ရင် ဘယ်လိုမှရှေ့ဆက်လို့ရမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ခုကနေစပြီး romajiနဲ့ပဲ ရေးပြီး မြန်မာလိုအသံထွက် ရေးပြမှာမဟုတ်တော့တဲ့အတွက်ကြောင့်ပါ။ အခု နောက်ထပ်မှတ်စရာနှစ်ချက်ကို ပြောပြပါမယ်။ ဒီနှစ်ခုပြီးရင် ဂျပန်လိုပြောဖို့ အုတ်မြစ်ချပြီးပြီသာ မှတ်လိုက်တော့..။ ပထမတစ်ချက်က သံရှည်ဆွဲတာပါ။
22
2009
Japanese Basic 2(အသံပေါင်းခြင်း)
ပထမသင်ခန်းစာတစ်က ဂျပန်အက္ခရာတွေနဲ့ ပတ်သက်ပြီးမရှင်းရင် အချိန်မရွေးလှမ်းမေးလို့ရပါတယ်။ အဲဒီအက္ခရာတွေကို အလွတ်ရပြီဆိုရင် အသံပေါင်းထွက်တဲ့အကြောင်းတွေ ပြောပြပါမယ်။ ပထမဇယားထဲကအောက်ဆုံးသုံးလုံးဖြစ်တဲ့ “ya, yu, yo”ကို “i”အသံနဲ့စာလုံးတွေနဲ့ပေါင်းတာပါ။ အဲလိုပေါင်းရင် စာရေးတဲ့အခါရှေ့တစ်လုံးပဲ ရေးပြီးတော့ အသံထွက်ကလည်း ပေါင်းတဲ့စာလုံးကို လိုက်ပြီး ပြောင်းသွားပါတယ်။ မရှုပ်ပါဘူး။ ဥပမာ....
20
2009
IELTS ဖြေတော့မလား
International English Language Testing System(IELTS)ဖြေတဲ့ ကျောင်းသားဦးရေက တစ်နေ့ထက်တစ်နေ့ပိုပိုများလာတာ တွေ့နေရပါတယ်။ ဒီတော့ သိသလောက်လေး အကြံပေးချင်လို့ ဒီခေါင်းစဉ်နဲ့ရေးပါတယ်။ IELTSမှာ အောင်တာ ရှုံးတာ မရှိပါဘူး။ band 0ကနေ9အထိပေးပါတယ်။ မဖြေတဲ့သူဆို သုည၊ အင်္ဂလိပ်ကို မိခင်ဘာသာစကားအဖြစ်ပြောတဲ့သူအဆင့်ရှိရင် ကိုးရပါတယ်။ ပုံမှန်တော့ တက္ကသိုလ်တွေက အနည်းဆုံး 5.5ကနေစတောင်းတတ်ပါတယ်။ ဥပဒေတို့၊ ဆေးတို့တက်ချင်ရင် 8လောက်ထိ တောင်းတဲ့ ကျောင်းတွေရှိပါတယ်။ မြန်မာကျောင်းသားတွေက 6နဲ့6.5လောက်ရတာများပါတယ်။ 7.5/8ထိရတဲ့သူတွေလည်း ရှိပါတယ်။ IELTSက လေ့ကျင့်ဖို့အချိန်များများယူလေ အမှတ်များများရနိုင်လေပါပဲ။ တစ်ပွဲတိုးလုပ်တာ မကောင်းပါဘူး။ ကိုယ်က အင်္ဂလိပ်စာ အခြေခံသိပ်ကောင်းနေတယ်ဆိုရင်တော့ တစ်လလောက် မေးခွန်းဟောင်းတွေကျင့်ပြီးရင် ဖြေလို့ရပါပြီ။ မြန်မာပြည်မှာ မေးခွန်းဟောင်းစာအုပ်တွေ လွယ်လွယ်ဝယ်လို့ရပါတယ်။ တစ်အုပ်ကို ၁၅၀၀လောက်ပဲ ပေးရပါတယ်။ Cambridge IELTS 4/5/6... အဲဒီဟာတွေသာကျင့်ထားရင် 6လောက်ကတော့ ပြေးမလွတ်ဘူးထင်ပါတယ်။ ရှေ့ပိုင်းကျတဲ့စာအုပ်တွေက မကြည့်တော့တာဘဲ ကောင်းပါတယ်။ ဘာလို့ဆိုတော့ မေးခွန်းပုံစံနည်းနည်းစီ ကွဲသွားလို့ပါ။
18
2009
Japanese Basic 1(ဂျပန်ကကြီးခခွေး)
ဂျပန်စာဆိုတာ အများသိတဲ့အတိုင်း တရုတ်စာကနေ ဆင်းသက်လာတာပါ။ တရုတ်နိုင်ငံကနေ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကို ဆက်ခံရာကနေ တရုတ်စာလုံးတွေကို ဂျပန်စာလုံးအဖြစ် တီထွင်ပြောင်းလဲခဲ့တာပါ။ တရုတ်စာလုံးတွေကို ဆက်သုံးနေတာလည်း ရှိပါတယ်။ စာလုံးပုံစံတူပေမယ့် အသံထွက်ကွဲသွားပါတယ်။ ဂျပန်စာ လေးမျိုးရှိပါတယ်။ ၁) hiragana(ဟီရဂါ့န) ၂) katakana(ခါတာ့ခါ့န) ၃) kanji(ခန်းဂျီး) ၄) romaji(ရိုမားဂျီး) ဆိုပြီးလေးမျိုးရှိပါတယ်။

An article by