Vanilla Forum Script Installation

ကျွန်တော် ဒီတစ်ခါတော့ vanilla ဆိုတဲ့ forum script ကို install လုပ်နည်းကိုပြသသွားမှာ ဖြစ်ပါတယ်။ vanilla ကို mysteryzillion မှာ VBulletin အစားအသုံးပြုတော့မယ့် forum CMS တစ်ခုဖြစ်ပါတယ်။ vanilla ဟာ install လုပ်ရတာအရမ်းလွယ်ကူပြီးတော့ configure လုပ်ရတာလည်း ခန့်မှန်းထားသလောက်မခက်ခဲ့ပါဘူး။ သူရဲ့အားသာချက်ကတော့ VBulletin လိုအခကြေးငွေတစ်စုံတစ်ရာပေးစရာမလိုတဲ့ free (not only like beer free but also like freedom)  CMS အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် forum စတင်စမ်းသပ်ထူထောင်လိုသူများအတွက် အထူးသင့်တော်မယ်လို့ယူဆရပါတယ်။ သို့သော် ကျွန်တော်သည် developer level user (power user ) တစ်ယောက်မဟုတ်တာကြောင့် vanilla နဲ့ပတ်သတ်၍ က မှ အ အဆုံးထိရေးသားနိုင်စွမ်းမရှိပါဘူး။ ကိုယ်တက်နိုင်သလောက် installation process ကို end user များနားလည်နိုင်အောင်ရေးသားလိုက်ရပါတယ်။

အရင်ဆုံး C:\xampp\htdoc ထဲကို vanilla-2.0.11.zip ဆိုတဲ့ file ကို copy ကူးလိုက်ပါ။ (Web Server အနေနဲ့  xampp ကို C: ထဲမှာသွင်းတယ် ယူဆပြီးရေးသားလိုက်ပါတယ်။ ) အောက်ကပုံအတိုင်းပေါ့။


ပြီးရင်တော့ ထုံးစံအတိုင်းဖြေချလိုက်ပါ။ အောက်ပုံပါအတိုင်းဖြစ်ပါတယ်။

အဲဒါဆိုရင် အောက်ကဝိုင်းထားတဲ့ပုံအတိုင်း folder လေးတစ်ခုကိုတွေ့ရပါမယ်။

ပြီးရင်တော့ အဲဒီ folder ကို လွယ်အောင် rename ပေးချင်ရင်ပေး မပေးချင်ရင်တော့ အဲဒီထဲကအတိုင်း
တစ်လုံးမကျန်ကို browser ထဲမှာ http://localhost/foldername ရိုက်ပေးပါ။ xampp run ထားတာကိုတော့ သေချာအောင်လုပ်ရပါလိမ့်မယ်။ ကျွန်တော်ကတော့လွယ်အောင် vanilla လို့ rename လုပ်လိုက်ပါတယ်။


အပေါ်ကအဆင့်တွေကိုမှန်ကန်စွာ လုပ်ဆောင်ခဲ့တယ်ဆိုရင်တော့ အောက်ပုံပါအတိုင်း Vanilla installation page ကပေါ်လာမှာဖြစ်ပါတယ်။


ပြီးရင် ပေါ်လာတဲ့ field တွေကိုဖြည့်ရမှာဖြစ်ပါတယ်။ Database Host နေရာမှာတော့ ကိုယ့် host ရဲ့ IP ကိုရိုက်ထည့်ရမှာဖြစ်ပြီးတော့  ကျွန်တော်လို local မှာစမ်းသပ်အသုံးပြုနေရင်တော့ localhost လို့ထည့်ပေးရပါမယ်။ ပြီးရင် Database name ကတော့ ကိုယ်ကြိုက်နှစ်သက်ရာပေးလို့ရပါတယ်။ သို့သော် ကိုယ်ပေးတဲ့ database name ကတော့ continue မလုပ်မှီ create လုပ်ထားဖို့တော့လိုပါတယ်။ xampp မှာစမ်းရင်တော့ http://phpmyadmin လင့်ကနေတစ်ဆင့် database တစ်ခုကို create လုပ်နိုင်ပါတယ်။ database username နဲ့ password ကတော့ ကိုယ် configure လုပ်ထားတဲ့အပေါ်မှာမူတည်ပါတယ်။ local မှာစမ်းရင်တော့ database username နေရာမှာ root နဲ့  database password နေရာမှာ ချန်ထားခဲ့လိုက်ပါ။ ကျန်တဲ့ field တွေကိုတော့မိမိတို့ ကြိုက်နှစ်သက်ရာ အဆင်ပြေသလိုဖြည့်နိုင်ပါတယ်။


ပြီးရင်တော့ installation process ပြီးဆုံးသွားပြီဖြစ်ပြီး vanilla ရဲ့ dashboard ကိုစတင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

www.m0rris.uphero.com

Leave a Reply

Your email address will not be published. Required fields are marked *