Python Day 11 – Day 20

Day-11

အားလုံးပဲ မင်္ဂလာပါ Day-11တောင်ဘာလိုလိုနဲ့ရောက်လာပြီ။ ကျွှန်တော်တို့ Python ကိုတော်တော်များများက Request လုပ်ကြတာ မြင်ရတော့ ဝမ်းသာမိပါတယ်။

English လိုရေးရင် ပိုမြန်ပြီးပိုကောင်းမှာပါ။ ဒါပေမယ့် language အခက်အခဲရှိတဲ့ ညီ၊ ညီမ များအဆင်ပြေအောင် တမင်မြန်မာလို အပင်ပန်:ခံပြီး တင်ပေးရတာပါ။ အမှန်အတိုင်းဝင်ခံရရင် ကျွှန်တော်မြန်မာလို မရိုက်တက်ပါဘူး။Ko Seth Hetu လုပ်ပေးထားတဲ့ ဝိဇ္ဇာနဲ့ရိုက်ရတာပါ။ ဝိဇ္ဇာကအားလုံးကို အဆင်ပြေအောင် မရိုက်နိူင်သေးပါဘူး။အတတ်နိူင်ဆုံးကြိုးစားပြီး အပင်ပန်းခံရိုက်ပေးထားတာပါ။

အများကြီးကူညီခဲ့တဲ့ ကိုရာဗီ၊ ကိုမတ်ခ်၊ ကိုမြင့်ကျော်သူ၊ ကိုထွန်းဇာနည်ကျော်၊ ကိုအာကာ၊ ကိုနီရို၊ ကိုမိုက်အေမီ၊မောင်ပြံုး၊ဝိဇ္ဇာအတွက် ကိုဟီတူ ၊ ကိုစေတန်၊ ကိုဝင်းပြေဖြိုး တိုအားကျေးဇူးတင်ပါတယ်။

Functions

Reference:

http://www့artima့com/weblogs/viewpost့jsp?thread=4829

-Presentation of Mike Amy from Barcamp Yangon(2010)

Program/Application တစ်ခုမှာ တွက်ချက်ရတာ displayပြရတာ စသည်ဖြင့် လုပ်စရာ အများကြီးနိူင်ပါတယ်။ လိုအပ်တိုင်း ကိုလုပ်ချင်တဲ့ဟာ အတွက်ပြန်ပြန်ပြီးရေးနေရတာထက်စာရင် function များကို pre-defined လုပ်ပြီး လိုအပ်တဲ့အခါ မှခေါ်ခေါ်ပြီးသုံးတာက ပိုပြီးကောင်းပါတယ်။

Python မှာ functionရေး(define)လုပ်တဲ့ ပုံစံလေး ကြည့်ကြည့် ရအောင်……

function.jpg

ပထမဆုံး heightlight လုပ်တဲ့ ဟာက function အသစ်တည်ဆောက်လိုက်တဲ့ ပုံစံပါ။

ဒုတိယဟာက heightlight လုပ်ထားတဲ့ function ကိုပြန်ခေါ်တာပါ။

Function များကိုသုံးတဲ့ အတွက ်ဘာများအကျိုးရှိနိူင်မလဲ? စဉ်းစားကြည့်တာပေါ့

၁။ရေးရတာ အရမ်းတိုသွားမယ်ဗျာ။

၂။ Error tracing လုပ်ရတာ အရမ်းကို မြန်သွားနိူင်တယ်။ အမှားတစ်ခုရှိပြီ ဆိုပါတော့ မှားနေတဲ့ Function ကိုပဲ စဉ်းစားရုံပဲ။ ကျန်တဲ့ Porgramming Code က ထိစရာမလိုဘူးလေ။

၃။ Clean coding ဖြစ်သွားမယ်ဗျာ။Function များကို လိုမှခေါ်သုံးမယ်။ မလိုရင်မခေါ်ဘူးဗျာ။

၄။ ပြီးတော့ Team နဲ့ အလုပ်လုပ်ရင် function များကိုခွဲရေးဗျာ အရမ်းအဆင်ပြေနိူင်တယ်။ Productivity ပိုကောင်းလာနိူင်တယ်။ အများကြီးရှိနိူင်ပါသေးတယ်။ ဖတ်မိသလောက်၊ စဉ်းစားမိ သလောက်ပေါ့။

Day-12

Function : Second day

မနေ့က ကျွှန်တော်တော်တော်လေးကိုခေါင်းစားသွားပါတယ်။ ကိုယ့်ဟာကို ဖတ်ကြည့်တယ်။ Lecture video tutorial ကြည့်လိုက်တယ်။ နားလဲလယ်တယ် လုပ်ကြည့်တာလဲရတယ်။ ဒါပေမယ့် သူများကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားတာတော်တော်နဲ့ အဖြေထွက်မလာဘူး။ ဒီနေ့မှ ideaလေးရလို့ မနေ့ကရပ်ထားတာကို ဆက်ရေးလိုက်တာ

မနေ့က Function တစ်ခုကို Sample အနေနဲ့ define လုပ်ပြခဲ့တယ်နော်။ အဲဒီ Function မှာ Hello World ကို အသေ စွဲပြီး Print လုပ်လိုက်တာ။ တကယ်တမ်း ဘယ်သူမအဲလိုမသုံးဘူး။ Function ဆိုရင် ပုံမှန်အားဖြင့်ဆောက်တဲ့အခါ တစ်ခုသို့မဟုတ် ထိုထက်မကတဲ့ variable (string,int…etc)ကို return ပြန်လေ့ရှိတယ်ဗျ။

Function တစ်ခုရဲ့ အခြေခံအကျဆုံး အင်္ဂါရပ်များကိုလေ့လာရအောင်

afunction.jpg

Number 1:

Function တစ်ခုတည်ဆောက်ခြင်း့့့့ “myString” ဆိုတဲ့ Variableနေရာကိုကြည်ပါ။ အဲဒီနေရာမှာ (int,char,Boolean)အမျို:မျို:လာနိူင်တာတယ်။ name ကို ကိုယ်ကြိုက်တာပေး “myString” မကလို့

“myInt”, “myChar” ဘာပဲဖြစ်ဖြစ်ပါ။

Number 2:

အဲဒီ “myString” ဆိုတဲ့ Variable ကို Print လုပ်လိုက်တာဗျာ့။

Number 3:

Return ပြန်တယ်ပေါ့ဗျာ။

အောက်က exampleလေးကိုတစ်ချက် ကြည့်ကြည့် ပါဦး။

function_2a.png

 

ဒုတိယ highlight လုပ်ထားတာက အပေါ်က Function ကို ပြန်ခေါ်သုံးတာ။ “This is a sample test” ဆိုတဲ့ စာသားကို မြင်ကြတယ်မလား။ အဲဒါက “myString” ဆိုတဲ့ “variable”နေရာကို အစားထိုး (Pass)လုပ်သွားတာ။ ဒီFunction ကို run လုပ်ရင် “This is a sample test” ဆိုတဲ့ result ရမယ်။ပိုပြီးရှင်းအောင်အောက်မှာဖော်ပြထားပါတယ်။

detail_explanation.jpg

နဲနဲတိုးပြီး ဆက်လေ့လာကြည့်ရအောင်

function_2.png

No1 -က Function ကို define လုပ်တာ

No2- က User ဆီက input ကိုတောင်းတာ

No3- က အပေါ်က input ကို Function ထဲကနေ Print လုပ်ပြီးပြန်ထုတ်လိုက်တာ။

Day:13

Function Day:3

Reference: http://www.tutorialspoint.com/python/python_functions.htm

Function အကြောင်း ဆက်ပြီးသွားရအောင် Day:1 နဲ့ Day :2 က Function များကို define လုပ်နည်းနဲ့ Variable (String) တခုကို အစားထိုးပြခဲ့ပါတယ်။ ဒီနေ့မှာတော့ real world နဲ့နဲနဲ တူအောင် User Interact လုပ်မယ်, Variable တစ်ခုထက်မက သုံးပြပါမယ်။

အလွယ်ကူဆုံး အပေါင်:၊ အနုပ်၊ အမြာက်၊ အစားပဲ စမ်းပြပါမယ်။ num1 , num2 ဆိုပြီး variable(integer ) နစ်ခုကိုသုံးပြပါမယ်။ တချို့က argument လို.လဲခေါ်ကြတယ်။ Function မှာ argument အဖြစ်လက်ခံရလို.။

multiple_function.jpg

Program ကို များတယ်ဆိုပြီး လန့်မသွားပါနဲ့ လွယ်လွယ်လေးပါ +,-,*,/ နဲ့ နာမြည်လေးပဲကွာပါတယ်။

ရေးကြည်.ပါ လွယ်ပါတယ်။

အိမ်စာ

(myMultiply နဲ့ myDivision) function များကိုလဲ ခေါ်ကြည်.ပါဦး။

User နဲ့ interact လုပ်တဲ့ Program ကိုလဲ ပေးထားတာတယ် စမ်းကြည်.ပါဦး

သတိထားရမှာ သုံးနေရာတည်းပါ။ hightlight လုပ်ပြထားပါတယ်။

userInteract_function.jpg

အိမ်စာ

ကျန်တဲ့Function များကိုလဲ စမ်းကြည်.ပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *