Japanese Basic 1(ဂျပန်ကကြီးခခွေး)

ဂျပန်စာဆိုတာ အများသိတဲ့အတိုင်း တရုတ်စာကနေ ဆင်းသက်လာတာပါ။ တရုတ်နိုင်ငံကနေ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကို ဆက်ခံရာကနေ တရုတ်စာလုံးတွေကို ဂျပန်စာလုံးအဖြစ် တီထွင်ပြောင်းလဲခဲ့တာပါ။ တရုတ်စာလုံးတွေကို ဆက်သုံးနေတာလည်း ရှိပါတယ်။ စာလုံးပုံစံတူပေမယ့် အသံထွက်ကွဲသွားပါတယ်။

ဂျပန်စာ လေးမျိုးရှိပါတယ်။

၁)       hiragana(ဟီရဂါ့န)

၂)       katakana(ခါတာ့ခါ့န)

၃)       kanji(ခန်းဂျီး)

၄)       romaji(ရိုမားဂျီး)

ဆိုပြီးလေးမျိုးရှိပါတယ်။

ဒီဇယားနှစ်ခုကိုလည်းကြည့်ပေးပါ။

ဒါက ဂျပန်ရဲ့အခြေခံစာလုံးတွေပါ။ ဂျပန်လိုရေးထားတာတွေကို ခဏမေ့ထားပြီး romajiတွေကို အဓိကကြည့်စေချင်ပါတယ်။

hiragana-chart-1

hiragana-chart-1-1

ဒါက အပေါ်က ပုံမှန်စလုံးတွေကို dakuon(ဒဂုအွန်း)လို့ခေါ်တဲ့ (“)နဲ့  handakuonဆိုတဲ့(   ိ)တင်လိုက်ရင် ပြောင်းသွားတဲ့အသံတွေပါ

hiragana-chart-2

အသံထွက်အတိအကျသိချင်ရင် ဒီမှာ နဲ့ ဒီမှာ သွားကြည့်ပါ။

youtubeကြည့်လို့မရတဲ့သူတွေက ဒီဖိုင်ကို ဒေါင်းပါ။

မြန်မာလိုအနီးစပ်ဆုံးသိချင်ရင်တော့ အောက်ကဖိုင်ကို ဒေါင်းပါ။

Download Here

ဂျပန်စာဆိုတာ အများသိတဲ့အတိုင်း တရုတ်စာကနေ ဆင်းသက်လာတာပါ။ တရုတ်နိုင်ငံကနေ
ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကို ဆက်ခံရာကနေ တရုတ်စာလုံးတွေကို ဂျပန်စာလုံးအဖြစ်
တီထွင်ပြောင်းလဲခဲ့တာပါ။ တရုတ်စာလုံးတွေကို ဆက်သုံးနေတာလည်း ရှိပါတယ်။ စာလုံးပုံစံတူပေမယ့်
အသံထွက်ကွဲသွားပါတယ်။ ဂျပန်စာ လေးမျိုးရှိပါတယ်။
၁) hiragana(ဟီရဂါ့န)
၂) katakana(ခါတာ့ခါ့န)
၃) kanji(ခန်းဂျီး)
၄) romaji(ရိုမားဂျီး)
ဆိုပြီးလေးမျိုးရှိပါတယ်။
Hiraganaနဲ့katakanaကဂျပန်စာလုံးတွေပါ။ နှစ်မျိုးလုံး အသံထွက်တူတူပါပဲ။
hiraganaကဂျပန်စာလုံးတွေ အတွက်သုံးပြီး katakanaက မွေးစားစကားလုံး(ဥပမာ…ကွန်ပျူတာ၊ တီဗွီ၊
ချောကလက်)တွေကို ရေးရာမှာသုံးပါတယ်။ မြန်မာနာမည်တွေလိုမျိုး နိုင်ငံခြားအသံထွက်အကုန်လုံးကို
katakanaနဲ့ရေးပါတယ်။ အသံထွက်အတိုင်း ပေါင်းဖို့လိုတဲ့ နေရာမျိုးမှာ katakanaကိုသုံးပါတယ်။
kanjiကတော့ တရုတ်စာလုံးတွေပါ။ ဂျပန်ကိုယ်ပိုင်kanjiတွေရှိပေမယ့် နည်းပါတယ်။ romajiကတော့
ဂျပန်စာသင်တဲ့ နိုင်ငံခြားသားတွေအတွက် ဖန်တီးပေးထားတာပါ။ ပြောရရင် ကျွန်မတို့တွေသုံးနေတဲ့
myanglishလိုပါပဲ။ အင်္ဂလိပ်စာလုံးတွေနဲ့ပဲ ဂျပန်အသံထွက်ကို သင်တာပါ။
အခုအောက်မှာဖော်ပြထားတဲ့ဇယားက romajiနဲ့ဂျပန်အက္ခရာတွေကို ရေးပြထားတာပါ။ hiraganaနဲ့
katakanaရဲ့ အသံထွက်တွေလို့လည်း ပြောနိုင်ပါတယ်။ အလွတ်ကျက်ဖို့ လိုပါတယ်။
a
(အ)
i
(အိ)
u
(အု)
e
(အယ်)
o
(အော့)
Ka
(ခ)
ki
(ခိ)
ku
(ခု)
ke
(ခယ်)
ko
(ခေါ့)
sa
(စ)
si
(ရှိ)
su
(စု)
se
(စယ်)
so
(စော့)
ta
(တ)
ti
(ချိ)
tsu
(စစ်)
te
(တယ်)
to
(တော့)
na
(န)
ni
(နိ)
nu
(နု)
ne
(နယ်)
no
(နော့)
ha
(ဟ)
hi
(ဟိ)
hu
(ဖု)
he
(ဟယ်)
ho
(ဟော့)
ma
(မ)
mi
(မိ)
mu
(မု)
me
(မယ်)
mo
(မော့)
ya
(ယ )
yu
(ယု)
yo
(ယော့)
ra
(ရ)
ri
(ရိ)
ru
(ရု)
re
(ရယ်)
ro
(ရော့)
wa
(၀)
o
(အို)
n
(အွန့်)
မှတ်ချက်
အစိမ်းရောင်အကွက်တွေက ပုံမှန်အသံမဟုတ်တဲ့အတွက် သတိထားရပါမယ်။
အပြာရောင်အကွက်ကတော့ အသံကနည်းနည်းခက်ပါတယ်။ စစ်လည်းမဟုတ်
စေ့လည်းမဟုတ်ဘဲ အနီးစပ်ဆုံးပြောရရင် တရုတ်ကားထဲက “သေတယ်”ဆိုတဲ့စကားလုံးရဲ့
အသံနဲ့ဆင်ပါတယ်။ တရုတ်တစ်နှစ်သုံးလေးရဲ့ လေးရဲ့အသံနဲ့လည်း တူတူပါပဲ။
လိမ္မော်ရောင်အကွက်ရဲ့အသံကတော့ လနဲ့ရ(readရဲ့ရသံလိုမျိုး)သံကြားကအသံဖြစ်ပါတယ်။
အနီရောင်အကွက်က“n”ဆိုတဲ့စာလုံးကတော့ တစ်လုံးတည်းအသံထွက်လို့မရပါဘူး။
တခြားစာလုံးနဲ့ပေါင်းပြီး အသံပြောင်းထွက်ရပါတယ်။
ဒဂုအုအွနွန်း်း
ဒီအပေါ်ကစာလုံးတွေထဲက အားလုံးမဟုတ်ဘဲ တစ်ချို့ကိုဒဂုအွန်းတင်လို့ရပါတယ်။
ဒဂုအွန်းတင်တယ်ဆိုတာက အင်္ဂလိပ်စာလုံး(romaji)နဲ့မဟုတ်ဘဲ ဂျပန်စာလုံးတွေနဲ့ရေးတဲ့အခါ ( )
လိုသင်္ကေတလေးကို စာလုံးရဲ့အပေါ်မှာထည့်လိုက်တာကို ခေါ်တာပါ။
အဲဒီသင်္ကေတလေး( )ထည့်လိုက်တဲ့အခါမှာ စာလုံးတွေရဲ့အသံက အသံပြင်းတွေဖြစ်သွားပါတယ်။
“ka”ကိိုဒဂုအွန်းတင်ရင် “ga”(ဂ)ဖြစ်သွားပါတယ်။ အဲလိုပဲ“ki”ကိုတင်ရင် “gi”(ဂိ)၊ “ku”ကိုတင်ရင်“gu”(ဂု)၊
“ke”ကိုတင်ရင်“ge”(ဂယ်)၊ “ko”ကိုတင်ရင်“go”(ဂေါ့)ဖြစ်သွားပါတယ်။ ပိုပြီးရှင်းအောင်ပြောရရင်
“ka”နဲ့စတဲ့တစ်တန်းလုံးက “ga”သံကိုပြောင်းသွားတာပါပဲ။ “sa”နဲ့စတဲ့တစ်တန်းလုံးက
“za”(ဇ)သံကိုပြောင်းပါတယ်။ “za” “zi” “zu” “ze” “zo” ဆိုပြီး ဖြစ်သွားပါတယ်။
“ta”နဲ့စတဲ့တစ်တန်းလုံးက “da”(ဒ)သံကိုပြောင်းပါတယ်။ အဲဒါတွေကို ပိုရှင်းအောင်
ဇယားနောက်တစ်ခုနဲ့ပြပါမယ်။
ka ga
(ဂ)
gi
(ဂိ)
gu
(ဂု)
ge
(ဂယ်)
go
(ဂေါ့)
sa za
(ဇ)
zi(ji)
(ဂျိ)
zu
(ဇု)
ze
(ဇယ်)
zo
(ဇော့)
ta da
(ဒ)
de
(ဒယ်)
do
(ဒေါ့)
ha ba
(ဘ)
bi
(ဘိ)
bu
(ဘု)
be
(ဘယ်)
bo
(ဘော့)
ha pa
(ပ)
pi
(ပိ)
pu
(ပု)
pe
(ပယ်)
po
(ပေါ့)
ဒါတွေကိုလည်း အလွတ်ကျက်ဖို့လိုပါတယ်။ အပေါ်ကဇယားနှစ်ခုကို အလွတ်ရရင်
ဂျပန်ဗျည်းသရအသံထွက်အားလုံးကို ရတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *