Internet & Email

ဒီစာမျက်နှာကို မြင်ကတည်းက internet ကို သုံးဘူးတယ်။သုံးနေတယ်ဆိုတာသေချာပါတယ်။ ကျွန်တော်တို့ online education ကိုတက်ရောက်မယ့်သူတိုင်းကတော့ အင်တာနက်ကို သုံးတတ်ဖို့လိုအပ်တယ်။ အင်တာနက်မှာရှာဖွေတက်ရမယ်။ မရှာတတ်မဖွေတတ်လို့ မဖြစ်ဘူး။ အခုခေတ်က မသိလျှင်ရှာမတွေ့လျှင်မေး ခေတ်ရောက်နေပြီ။ အရင်ကလို မသိရင်မေးဆိုတဲ့ စကားပုံကိုမေ့ထားလိုက်တော့။ မသိရင်မေးဆိုရင် ဆုံးတော့မှာမဟုတ်ဘူး။ ကြာရင် သူများကိုအားကိုးချင်စိတ်ပဲပေါက်လာလိမ့်မယ်။ ကျွန်တော်တို့တွေ ရှာတတ်ရင်တွေ့မှာ။ပထမဆုံး သင်ခန်းစာမှာတော့ Service+ က ဆရာကိုရဲ ရေးထားတဲ့ စာအုပ်လေးကိုအရင်ဖတ်ကြည့်ပါ။ စာအုပ်ကတော့ သူငယ်ချင်းတစ်ယောက်ဆီက ရထားတာပါ။မျှဝေခွင့်ရှိတယ်ဆိုလို့ တင်လိုက်တာပါ။ ကဲ… ဒီနေ့တော့ ဒီလောက်ပဲ။မနက်ဖြန်ညမှ ဆက်ရအောင်။

Mirror Download
How to open file ?
zip ဖြည်လိုက်ပါ။ swf file ကိုတွေ့ပါလိမ့်မယ်။ swf file ကို firefoxနဲ့ ဖြစ်ဖြစ် IE နဲ့ဖြစ်ဖြစ် ဖွင့်လို့ရပါတယ်။ swf file ဆိုတာ flash fileပါ။ အစက online မှာတင်ရင် ကြည့်ရတာ အရမ်းကြာမှာဆိုးလို့ downloadပေးလိုက်တာပါ။ swf ကို firefox ဒါမှမဟုတ် IE နဲ့ ဖွင့်မရရင် http://www.adobe.com/products/flashplayer/ အဲမှာ download ချပြီး install သွင်းပြီးမှ ပြန်ဖွင့်ပါ။

Gmail ရယူခြင်း

Gmail ရယူဖို့တော့လိုပါတယ်။
https://mail.google.com ကိုသွားလိုက်ပါ။
Create Gmail ဒါမှမဟုတ် Signup For Gmail ကိုသွားလိုက်ရင်ဖြစ်ပါတယ်။

ခက်တာက မြန်မာနိုင်ငံမှာတော့ တိုက်ရိုက်ဝင်လို့မရဘူး။
u ဖြစ်ဖြစ် freedom ဖြစ်ဖြစ်နဲ့ ကျော်မှ ရတယ်။
ဒီတော့ u နဲ့ ကျော်လိုက်ပေါ့။
u ဆိုတာကတော့ ultra surf ပါ။
သူက freedom လိုမျိုး ကျော်တဲ့ program သေးသေးလေးပါပဲ။
သေးတယ်။ မြန်တယ်။ ဒါပေမယ့် ခဏခဏ လိုင်းကပြုတ်ကျတတ်တယ်။
u နဲ့ Create Gmail လုပ်လိုက်ပါ။
ပြီးရင် လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရုံပဲ။
Image Verify တွေမှာတော့ စာလုံးကို သေသေချာချာကြည့်ပြီးထည့်ဖို့လိုတယ်။
Security Question မှာ ကျွန်တော်ကတော့ own question ကိုရွေး။
ပြီးရင် own question မှာ မေးခွန်းထည့် own answer မှာ အဖြေထည့်။
ပြီးရင် finish လုပ်လိုက်ရုံလေပဲ။
အဲလောက်ထိ လွယ်ပါတယ်။ သင်ကျော်တတ်ဖို့ပဲလိုတာပါ။

ဘာကြည့်ရင်ကောင်းမလဲ

Internet မှာ စမ်းစရာတွေ အများကြီးပါ။ လုပ်စရာတွေ အများကြီးပါ။
မြန်မာ site တွေကတော့
www.planet.com.mm
www.mysuboo.com

အဲဒါတွေကတော့ မြန်မာလို ဖတ်ရှုလို့ရပါတယ်။ စိတ်ဝင်စားစရာတွေရှိတယ်။
http://phoewa.com/phoewa/
http://www.all-channel.com/ တို့မှာလည်း သတင်းတွေ ဖတ်နိုင်ပါတယ်။

www.facebook.com ကလည်း ကမ္ဘာကျော် site တစ်ခုပါ။
www.friendster.com ကတော့ မြန်မာတွေ တော်တော်များများ အသုံးပြုကြတဲ့ site ပါ။
www.wordpress.com မှာတော့ blog ရေးချင်သူတွေ အတွက်ပေါ့။
ဒါမှမဟုတ် www.blogger.com မှာလည်း ရေးလို့ရတယ်။ ခက်တာက ဒီမှာက ပိတ်ထားတယ်။

အဲ site တွေကို လေ့လာလိုက်ပါ။ သုံးကြည့်လိုက်ပါ။ မနက်ဖြန်ဆို gtalk vzo အကြောင်းလေး ပြောပြမယ်။

Google Reader ကို အသုံးပြုခြင်း

ကျွန်တော်တို့တွေ တနေ့တနေ့ blog တွေ website တွေ သွားသွားကြည့်နေရတာအမောပဲဗျာ။ ကျွန်တော်တို့တွေ site တစ်ခုထဲကနေ website တွေ အကုန်လုံးဘာတွေအသစ်တင်လဲဆိုတာ သွားကြည့်လို့မရဘူးလား။

ရပါတယ်။ ကျွန်တော်တို့တွေအတွက် RSS ဆိုတာလေးကို ပညာရှင်တွေက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့ RSS တွေ ဖမ်းပြီးတော့ ကြည့်လို့ရတာပေါ့။

RSS ဆိုတာ ဘာလဲ။

RSSဆိုတာကတော့ သင်အသစ်တင်ထားတာတွေကို design တွေမပါ။ စာတွေနဲ့ post တွေထဲမှာထည့်သွင်းထားတဲ့ ပုံတွေကိုပဲ ဖော်ပြပေးတာပါ။ ရှင်းလင်းတဲ့အတွက်ကြောင့်ကြည့်ရတာမှန်တယ်။ graphic တွေမပါတဲ့အတွက် တက်လာတာ မြန်တယ်လေ။

RSS ဆိုတာကို ဘယ်လိုသုံးမလဲ။

RSSတွေ တစ်ခုဆီ စုစည်းဖို့အတွက် google reader ရှိပါတယ်။ သူ့လိုမျိုး readerတွေလည်း အများကြီးပါ။ မြန်မာအများစုကတော့ google reader အသုံးပြုကြပါတယ်။

Google Reader ကိုဘယ်လိုသုံးမလဲ။
သင့်မှာgoogle account ရှိရပါမယ်။ www.google.com/reader ကိုသွားလိုက်ပါ။ loginဝင်လိုက်ပါ။ အဲဒီအချိန်မှာတော့ ဘာမှ တွေ့အုံးမှာမဟုတ်ဘူးလေ။ဘာဖြစ်လို့လည်းဆိုတော့ ဘာ RSS မှ မထည့်ရသေးတာကို။

ကဲ.. ဘယ် blogကိုစောင့်ကြည့်ချင်လဲ။ blogspot တွေ ဘန်းထားတယ်ဆိုပြီး စိတ်မညစ်လိုက်နဲ့။google reader က blog တွေကို ဖတ်လို့ရအောင် ကူညီလိမ့်မယ်။

http://nineninesanay.blogspot.com/ ကို RSS ကြည့်ချင်တယ်ဆိုပါတော့။
dd Subscription ကို နှိပ်လိုက်ပါ။
box လေးတက်လာလျှင် http://nineninesanay.blogspot.com/ ဆိုတာလေးထည့်လိုက်ပါ။
မကြာခင်မှာ နိုင်းနိုင်း စနေရဲ့ post တွေတက်လာမှာကို တွေ့ရမှာပါ။

အဲမှာFeed Settins ဆိုတာလေးကိုနှိပ်လိုက်။ ပြီးရင် New Folder လေးကို နှိပ်ပြီးသီးသန့် folder လေးဆောက်လို့ရပါတယ်။ ကျွန်တော်ကတော့ မြန်မာ blogလို့ပေးထားတယ်။ မြန်မာ blog တွေစုထားတဲ့ folder လေးပေါ့။ တခြား blogတွေလည်း အဲလိုထည့်လို့ရပါတယ်။ website တွေကိုလည်းအဲလိုထည့်သွင်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *