Windows Registry အပိုင်း (၁)

Windows Registry အကြောင်းကို အပိုင်း သုံးပိုင်းခွဲပြီး ရှင်းပြပါမယ်။
Chapter(1) – Windows Registry အကြောင်း၊
Chapter(2) – Windows Registry ကို Manual ပြုပြင်ခြင်း၊
Chapter(3) – Windows Registry ကို Script များရေးပြီး ပြုပြင်ခြင်း၊

တို့ဖြစ်ပါတယ်။

Chapter (1)

Windows Registry အကြောင်း
Windows
ရဲ့ Setting တွေအတော်များများကို ကျွန်တော်တို့ဟာ Control Pannel ကနေတဆင့်
ပြင်ဆင်ကြပါတယ်။ ဒါဟာ User များအတွက် လွယ်ကူနေပါတယ်။ ဒါ့ကြောင့် Windows ဟာ သူ့အတွက် ထိခိုက်စေနိုင်တဲ့ ပြင်ဆင်မှုမျိုးကို Control Pannel ကနေပြင်ဆင်ခွင့်မပြုပါဘူး။ မှားယွင်းပြင်ဆင်မိမှာ စိုးတဲ့ အတွက် Windows O.S အတွက် အရေးပါတဲ့ပြင်ဆင်မှုတွေကို Registry ကနေသာ ပြင်ဆင်ခွင့်ပြုပါတယ်။

Windows O.S ရဲ့ Registry
ဆိုတာ O.S နဲ့ စက်ရဲ့ Application, Hardware, Software, Device Driver
& Network Portocol တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အစုအဝေးပါ။

Registry ထဲမှာ အဓိက ပါ၀င်မှုတွေကတော့
-Device & Application များရဲ့ Setup Progarm များ
-User Profile များ
-NTLDR (Windows ကို load ပေးတဲ့ Progarm)
-Device Driver
-Hardware Profile
-Application Progarms

Registry ကို တည်ဆောက်ပုံ နှစ်မျိုး ခွဲနိုင်တယ်။
(1) Logical Organization
(2) Physical Organization

(1) Logical Organization
သူ့မှာတော့ Branch (5) ခုရှိတယ်။ အဲ့ဒီ ငါးခုကို High level key(or) Sub
key(or) Main key လို့ ခေါ်တယ်။ သူ့ အောက်မှာလည်း နောက်ထပ် Sub key တွေ
ရှိပြီးတော့ အောက်ဆုံးအဆင့် မှာ Value တွေရှိတယ်။ Value တွေမှာလည်း Value
name တွေ ရှိပြီးတော့ Assign လုပ်ထားတဲ့ Data & Data Type တွေရှိတယ်။
အဲ့ဒီ High level key(or) Sub key(or) Main key တွေ ကတော့-

-HKEY_CURRENT_USER
– လက်ရှိ logon ၀င်ရောက်နေတဲ့ user နဲ့သက်ဆိုင်တဲ့ အချက်တွေကိုဖော်ပြပေးတယ်။
– လက်ရှိ User ရဲ့ အချက်အလက်တွေကို သိမ်းထားပေးတယ်။

-HKEY_CLASSES_ROOT
– Software နှင့် ၄င်း Software တွေ မည်သို့ ဖွဲ့စည်းထားသည်ကိုဖော်ပြပေးတယ်။
– -HKEY_LOCAL_MACHINE ၏ Sub key တစ်ခုဖြစ်တယ်။

-HKEY_CURRENT_CONFIG
– လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကို ဖော်ပြပေးတယ်။
– ၄င်းသည် -HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software & System မှData များကို ထုတ်နှုတ်ဖော်ပြပေးတယ်။

-HKEY_USERS
– လက်ရှိ Logon ၀င်ရောက်နေသော User ရဲ့ ID & Logon Screeen ကို တည်ဆောက်ရန်
လိုအပ်တဲ့ အချက်အလက်တွေကိုပြတယ်။
– User အားလုံးရဲ့ Profile တွေကို သိမ်းပေးတယ်။
– -HKEY_CURRENT_USER သည် -HKEY_USERS ၏ Sub key တစ်ခုဖြစ်သည်။

-HKEY_LOCAL_MACHINE
– O.S စတင်တက်ရန် လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Data
များအပါအဝင် ကွန်ပျူတာနဲ့သက်ဆိုင်သော Data Configuration များကိုပြပေးတယ်။
– မတူညီသော User များ Logon ၀င်ရောက်နေစဉ်တွင် ၄င်း ရဲ့ အချက်အလက်တွေကို
ပြောင်းမပေးပါ။

(အထက်ပါ Sub Key ငါးခုကိုကြည့်ခြင်းအားဖြင့် Registry မှာ အဓိက Sub key က နှစ်ခုပဲရှိတာကို မြင်တွေ့နိုင်ပါတယ်။ -HKEY_USERS အောက်မှာ –HKEY_CURRENT_USER , –HKEY_LOCAL_MACHINE အောက်မှာ -HKEY_CURRENT_CONFIG & -HKEY_CLASSES_ROOT ရှိနေပါတယ်။)

(2) Physical Organization
Registry ကို Hive လို့ခေါ်တဲ့ ဖိုင် ငါး ခုထဲမှာ သိမ်းထားတယ်။ အဲ့ဒါတွေကတော့
1.Default
2.SAM
3.SECURITY
4.SOFTWARE
5.SYSTEM
တို့ဖြစ်ပါတယ်။

-HKEY_LOCAL_MACHINE
SAM
SECURITY
SOFTWARE [-HKEY_CLASSES_ROOT] , [-HKEY_CURRENT_CONFIG]
SYSTEM [-HKEY_CURRENT_CONFIG]

-HKEY_USERS
Default [-HKEY_CURRENT_USER]

လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာတော့ ကျွန်တော်တို့ဟာ Logical အပိုင်းကိုပဲ
အသုံးပြုပြီးတော့ Physical ပိုင်းကိုတော့ နားလည်ယုံဆို အဆင်ပြေပါတယ်။
များသောအားဖြင့်တော့
ကျွန်တော်တို့ဟာ Registery ဆိုတာကို Run ကနေ regedit ရိုက်ပြီး
ခေါ်ကြည့်ကြပါတယ်။ သူဘယ်မှာနေတယ်၊ သူ့အချက်အလက်တွေကို ဘယ်မှာသိမ်းထားတယ်
ဆိုတာကို သတိမပြုမိကြပါဘူး။ သူနေတဲ့ လိပ်စာကတော့ %System
Root%\System32\Config ထဲမှာနေပါတယ်။ %System Root% ဆိုတာကတော့ System
File တွေရှိတဲ့ C:\Windows ကိုဆိုလိုတာပါ။ လိပ်စာ
အတိအကျပြောရမယ်ဆိုရင်တော့ Windows XP အတွက် C:\Windows\System32\Config ထဲမှာတွေ့နိုင် ပါတယ်။ Windows OS ဟာ Registry ကို Automatic Backup လုပ်ပေးပြီးတော့ Backup File တွေကို %System%\Repair ထဲမှာသိမ်းထားပါတယ်။

ကဲကျွန်တော်တို့ Registry ကိုသိပြီ။ နားလည်ပြီ……. သူ့ ဆီကို် သွားကြရအောင်။
Start Menu> Run (Win+R) ကိုသွားပါ၊ နောက်ပြီး Run dialog box ပေါ်လာရင် regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ရင် Registry Editor ပေါ်လာပါလိမ့်မယ်။
Registry Editor Dialogbox မှာဆိုရင် ဘယ်ဖက်က Nevigation Aera မှာ High level key(or) Sub key(or) Main key လို့ခေါ်တဲ့ Registry ရဲ့ အဓိက Branches ငါးခုကိုတွေ့ရမှာ ဖြစ်ပြီးတော့၊ ညာဖက်က Topic Area မှာတော့ သက်ဆိုင်ရာ Registry Value အောက်က Data တွေကို ပြသမယ့် Data Name, Data Type နဲ့ Data အမျိုးအစားတွေကို ပြသပေးမှာဖြစ်ပါတယ်။

အထက်မှာ ပြောပြထားသလို Value တစ်ခုမှာရှိတဲ့ Data
တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က
တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ………..

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊
Registery editor မှာ အကျဉ်းခြံုးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ
4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့
အခြားအမှတ်တွေပါ။
5.REG_SZ
စာသားများပါ၀င်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။
6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော
Nested Array တစ်ခု။

(အသုံးများတဲ့ data type တွေကို အနီနဲ့ ပြထားပေးပါတယ်။)

Registry ကို လေ့လာတဲ့နေရာမှာ စမ်းသပ်မှုတွေပြုလုပ်ကြမှာဖြစ်လို့ ပထမဦးစွာအနေနဲ့ Windows ရဲ့ Registry ကို Backup လုပ်ထားစေချင်ပါတယ်။ Registry ဟာ Windows ရဲ့ ဦးနှောက် ဖြစ်တာကြောင့် တစ်စုံတစ်ခု ပျက်စီး ချို့ယွင်းသွားခဲ့ရင် Windows မတက်တဲ့ အထိ ပြသနာရှာတတ်ပါတယ်။
ကဲ အခု Windows မှာ အသင့်ပါလာတဲ့ Backup or Restore Wizard ကို အသုံးပြုပြီး Registry ကို backup & restore လုပ်ရအောင်…………..

Start Menu> Run (Run ထဲမှာ ntbackup လို့ရိုက်ထည့်ပေးပါ)
Backup & Restore Wizard Dialogbox ကျလာပါလိမ့်မယ်…… အဲ့ဒီ
Welcome Page ပေါ်မှာ ရှိတဲ့ Advance Mode ဆိုတဲ့ အပြာရောင် စာသားကို
နှိပ်လိုက်ရင် Backup Utility Box ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Backup Tab
ကိုရွေးလိုက်ပြီးရင် ဘယ်ဘက် ခြမ်းရှိ My Computer အောက်က System State
Checkbox ကို အမှန်ခြစ်ကလေး ခြစ်ပြီး အောက်ဆုံးက Backup Media or File
Name box မှာ Backup လုပ်မယ့် ဖိုင်ကို သိမ်းမယ့် နေရာနဲ့ ဖိုင်
အမည်ပေးနိုင်ဖို့အတွက် Browse ကိုနှိပ်ပါ။ Save as Dialog box ကျလာတဲ့အခါ
Backup ဖိုင်ကို မိမိ သိမ်းလိုတဲ့ နေရာ(Folder) ကို ရွေး၊ အမည်ပေးပြီးတော့
Save လုပ်ပါ။
နောက်ပြီးတော့ Start Backup ခလုပ်ကို နှိပ်လိုက်ရင် Backup Job
Information Dialogbox ကျလာပြီး Start Backup ကိုထပ်နှိပ်ပေးလိုက်ပါ။
Backup လုပ်ပြီးသွားတဲ့အခါမှာတော့ “The Backup is complete”
ဆိုတဲ့စာသားပေါ်လာမှာဖြစ်ပြီးတော့ Progress Box ကိုပိတ်ဖို့အတွက် Close
ကိုနှိပ်ပါ။ ပြီးရင် Backup Utility Box ကို ထပ်ပိတ်ပါ။ ဒါဆိုရင် Registry တစ်ခုလုံးကို Backup လုပ်တဲ့ အဆင့်ပြီးဆုံးသွားပါပြီ။

Registry ကို
ပြုပြင်တာ(လက်ဆော့တာ)ပြီးဆုံးသွားလို့
နဂိုအတိုင်းပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Backup လုပ်ထားတဲ့ File ကို
ပြန်ပြီး Restore လုပ်ပေးရပါတယ်။ Restore လုပ်ချင်ရင်တော့ ခဏက Backup
လုပ်ထားတဲ့ file ကို double click နှိပ်ပေးလိုက်ပါ။ Backup & Restore
Wizard Dialogbox ကျလာပါလိမ့်မယ်…… အဲ့ဒီ Welcome Page ပေါ်မှာ ရှိတဲ့
Advance Mode ဆိုတဲ့ အပြာရောင် စာသားကို နှိပ်လိုက်ရင် Backup Utility Box
ထပ်ကျလာပါမယ်။ အဲ့ဒီအထဲကမှ Restore and Menage Media Tab ကိုရွေးလိုက်ပါ။
ညာဖက်မှာ file ကိုဖြန့်ချထားပြီး System State ကို အမှန်ခြစ်ထားတာ
တွေ့ရမှာပါ။ Backup ဖိုင်ကို မူလနေရာမှာပဲ ပြန်ပြီး Restore
လုပ်မှာမို့လို့ Start Restore ကိုနှိပ်ပေးပါ။ မူလရှိပြီးသားကို
ဖျက်ပြီးရေး မယ်လို့ သတိပေးတဲ့ Warning Box ကျလာမှာဖြစ်ပြီး OK
ကိုနှိပ်လိုက်ရင် Confirm Box ကျလာမှာဖြစ်ပါတယ်။ (တော်တော်
အမေးအမြန်းထူတယ်နော်………….) Ok ကိုပဲထပ်နှိပ်လိုက်ပါ။ Restore
Progress Box ထပ်ကျလာပြီး Restore လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ “The
restore is complete” ဆိုတဲ့စာတန်းပေါ်လာရင် close ကိုသာနှိပ်လိုက်ပါ။
တစ်ချို့ setting တွေဟာ restart ချမှ ပြည့်စုံမှာမို့လို့ Restart
ချမလားလို့မေးတဲ့ dialog box ကျလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ Yes
ကိုနှိပ်ပေးလိုက်ပါ။ Windows Restart ကျသွားပြီးတော့ နဂိုမူလအတိုင်း (မပြင်ဆင်ချိန်က အခြေအနေမျိုး) ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။

အခြားအခြားသော Registery Software တွေအသုံးပြုပြီး Backup & Restroe
လုပ်လို့လည်းရပါတယ်။ ဥပမာ- CCleaner, Power, Blue
စသည်ဖြင့်ပေါ့……………….

Leave a Reply

Your email address will not be published. Required fields are marked *