Windows Registry အပိုင်း (၂)

Chapter (2) ပထမပိုင်း

Windows Registry ကို Manual ပြုပြင်ခြင်း
ဒီအခန်းကို မစတင်မှီမှာ ပထမဦးစွာ ပြုလုုပ်ထားသင့်တာကတော့ Registry Backup လုပ်တာပါပဲ။ အထက်မှာဖော်ပြထားတဲ့နည်းနဲ့ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နည်းနဲ့ ဖြစ်ဖြစ် Registry ကို Backup လုပ်ဖြစ်အောင် လုပ်ထားလိုက်ပါ။
နောက်တစ်ခုက အတိုကောက်(short-cuts) တွေကို နားလည်အောင် မှတ်ထားသင့်ပါတယ်။
SUB KEY SHORT-CUTS
HKEY_CURRENT_USER [- HKCU]
HKEY_CLASSES_ROOT [- HKCR]
HKEY_CURRENT_CONFIG [- HKCC]
HKEY_USERS [- HKU]
HKEY_LOCAL_MACHINE [ – HKLM]
(Registry ကိုပြင်ဆင်တဲ့နေရာမှာ HKCU နဲ့ပြင်ရင် လက်ရှိအသုံးပြုနေသော User တစ်ယောက်သာလျှင် အကျိုးသက်ရောက်ပြီး HKLM နဲ့ပြင်ဆင်ခြင်းက User အားလုံးကို အကျိုးသက်ရောက်စေပါတယ်။)


Registry ကိုပြုပြင်တယ်ဆိုတာဟာ တကယ်တော့ ကိုယ်လုပ်ချင်တဲ့
လမ်းကြောင်းအတိုင်းသွားပြီး Value တစ်ခု ထည့်တာ၊ ရှိပြီးသား Value ရဲ့
Data ကိုပြုပြင်တာကိုဆိုလိုတာပါ။

ကျွန်တော်တို့ ပထမဦးဆုံး Registry ထဲကို Value တစ်ခု အသစ်ထည့်ကြည့်ရအောင်၊
ဒီတစ်ခေါက်တော့ အပြည့်အစုံရေးပြလိုက်မယ်၊ နောက်ဆိုရင် အတိုကောက်( Short-cuts ) တွေပဲ သုံးသွားပါမယ်။
အခု ထည့်မယ့် Registry Value ရဲ့ လုပ်ဆောင်မှုကတော့ TaskBar က Properties ကို အလုပ်မလုပ်နိုင်အောင် ပိတ်ထားတဲ့ Value တစ်ခုပါ။
ပထမဦးစွာ Registry
Editor ကိုဖွင့်ပြီးတော့
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Curr
entVersion\policies\Explorer ကိုသွားပြီး R-Click ထောက်လိုက်ပါ၊
အဲ့ဒီမှာပေါ်လာတဲ့ New ကနေတဆင့် ကိုထည့်ချင်တဲ့ Data Type
တစ်ခုကိုရွေးလိုက်ပါ(ဒီနေရာမှာတော့ DWORD Value ကိုရွေးလိုက်ပါ)။
အဲ့ဒါဆိုရင် ညာဖက်က Topic Area ထဲမှာ DWORD Value အသစ်တစ်ခုပေါ်လာပါပြီ။
သူ့ရဲ့ နာမည်ကိုတော့ NoSetTaskbar လို့ပေးလိုက်ပါ။(အဲ့ဒီနေရာမှာ
အမည်ပေးတာအရေးကြီးပါတယ်၊ နာမည်မှားနေရင် Registry ကအလုပ်မလုပ်ပါဘူး)။

ခုဆိုရင်
Value တစ်ခုရပါပြီ။ အဲ့ဒီ Value မှာ အစိတ်အပိုင်းသုံးခုကိုတွေ့နိုင်ပါတယ်။
အဲ့ဒီထဲက Value Name (ခဏက ကျွန်တော်တို့ NoSetTaskbar
လို့ပေးလိုက်တဲ့နေရာ) နဲ့ Data Type (ကျွန်တော်တို့ New ကနေရွေးလိုက်တဲ့
DWORD Value) က မိမိတို့ရွေးချယ်တဲ့အတိုင်းပေါ်လာမှာပါ။ နောက်ဆုံးမှာရှိတဲ့
Data ကတော့ မူလသတ်မှတ်ထားတဲ့အတိုင်း (Default) အတိုင်းပေါ်လာမှာပါ။ သူ့ရဲ့
Default က သုည (zero) ဖြစ်ပါတယ်။ ဒီအတိုင်းထားမယ်ဆိုရင်တော့ Taskbar
အပေါ်မည်သည့် အကျိုးသက်ရောက်မှုမှ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ Taskbar ရဲ့
Properties ကို လူတိုင်းဝင်မပြင်နိုင်အောင် Data ကို Default တန်ဖိုး Zero
ကနေ 1 ကိုပြောင်းပေးရပါမယ်။ NoSetTaskbar ကို R-Click နှိပ် ကျလာတဲ့ box
ထဲက Modify ကိုနှိပ်လိုက်ရင် Edit DWORD Value Dialogbox လေးပေါ်လာပါမယ်။
အဲ့ဒီထဲကမှ Value Data ကို zero ကနေ 1 ကို ပြောင်းပေးလိုက်ပါမယ်။ ပြီးရင်
OK နှိပ်။ Registry Editor ရဲ့ညာဖက်က
Topic Area ထဲက Data မှာ 1 ဖြစ်သွားပါပြီ။ Computer ကို Refresh(F5)
လုပ်လိုက်တာနဲ့ Effect ဖြစ်ပြီး Taskbar ကို R-Click နှိပ် ကျလာတဲ့
SubMenu ထဲက Properties ကို ရွေးလိုက်ရင် Dialogbox ကျမလာတော့ဘဲ
Restrictions Box သာ ပေါ်လာမှာဖြစ်ပါတယ်။

အပေါ်မှာ
Value တစ်ခုထည့်ဖို့အတွက် ကျွန်တော်တို့ဟာ
လမ်းကြောင်းအဆင့်အတိုင်းသွားခဲ့ကြပါတယ်။
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Curr
entVersion\policies\Explorer အကယ်လို့များ
လမ်းကြောင်းအတိုင်းသွားတဲ့နေရာမှာ Sub Key (အထက်တွင် Explorer)
တစ်ခုလို်နေပါက Sub Key (Explorer) အထက်က Sub Key (policies) ကို R-Click
နှိပ်ပြီး ကျလာတဲ့ထဲက New ရဲ့ Key ကို နှိပ်လိုက်မယ်ဆိုရင် Sub Key
အသစ်တစ်ခုရလာမှာဖြစ်ပါတယ်။ အဲ့ဒီအခါကျမှ မိမိလိုချင်သော နာမည်ကို rename
နဲ့ ပြန်ပြောင်းပေးလို့ရပါတယ်။

Sub Key
တွေ Value တွေကို ဖျက်ချင်ရင်တော့ R-Click နှိပ်ပြီး ကျလာတဲ့ထဲက Delete
ကိုနှိပ်ပြီး ဖျက်လို့ရပါတယ်။ ဖျက်တဲ့အခါမှာတော့ သေချာမှ ဖျက်စေလိုပါတယ်။
ရမ်းသမ်းဖျက်မိရင် အရေးကြီးတဲ့ Registry
အချက်အလက်တွေ ပျောက်ကုန်နိုင်ပါတယ်။ Key တစ်ခုရဲ့စာသားက ရှည်လျားနေလို့
နောက်တစ်နေရာမှာ ထည့်သွင်းရင် စားလုံးပေါင်းမှားတာတွေဖြစ်မှာစိုးရင်
R-Click နှိပ်ပြီး ကျလာတဲ့ box ထဲက Copy Key Name ကနေတစ်ဆင့်
ကူးယူနိုင်ပါတယ်။ ရေးချင်တဲ့ Key Name ကိုရောက်မှ R-Click နှိပ်ပြီး Paste
ချလို့ရပါတယ်။

Registry
မှာလည်း Bookmarks ရှိပါတယ်။ အတိုကြိုက်သူ များအတွက်ပေါ့။ သွားနေကျ၊
လုပ်နေကျ လမ်းကြောင်းကို မှတ်သားထားလို့ရပါတယ်။ ခု ကျွန်တော်တို့ CPU Name
ကိုပြောင်းတဲ့ လမ်းကြောင်းလေးကို မှတ်သားထားရအောင်။

HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\Cen
tralProcessor ကိုသွားလိုက်ပါ။ ညာဖက်က Topic Area ထဲမှာ
ProcessorNameString ဆိုတဲ့ Data Name ကို တွေ့ရမှာပါ။ အဲ့ဒါဟာ CPU Name
ကို ပြောင်းလဲလို့ရမယ့် နေရာတစ်ခုပါပဲ။ ဒီနေရာကိုနောက်တစ်ခါ
အလွယ်တစ်ကူလာလို့ရအောင် ကျွန်တော်တို့ မှတ်သားထားခဲ့ပါမယ်။ Registry
Editor ရဲ့ File Menu Bar က Favorite ကိုနှိပ်လိုက်ပါ။ အဲ့ဒီထဲက Add to
Favorite ကိုနှိပ်ပြီး ပေါ်လာတဲ့ Dialogbox ထဲက Favorite Name ကို CPU
Change Name လို့ရေးလိုက်ပါ။ နောက်အားလုံးကို မူလ
နေရာအတိုင်းပြန်ထားလိုက်ပါ။ အဲ့ဒီ နေရာ(CPU Name Change ) ကိုသွားချင်ရင်
Favorite ရဲ့ အောက်ဆုံးမှာပေါ်နေတဲ့ CPU Name Change ဆိုတာကို
နှိပ်လိုက်တာနဲ့ လျှင်မြန်စွာရောက်ရှိသွားမှာဖြစ်ပါတယ်။

ကဲ အခု Registry ကိုပြင်ဆင်ဖို့အတွက် ကျွန်တော်ရေးပြမယ့် Short-cuts လေးတွေကို မှတ်မိအောင် ကြည့်ထားကြရအောင်…………

PATH SHORT-CUTS (လမ်းကြောင်းတွေကို အတိုကောက်မှတ်ပေးပါ၊ အသုံးများတဲ့လမ်းကြောင်းတွေပါ)
HKCU\Software\Microsoft\Windows\CurrentVersion\ ကို 1 လို့ရေးပါမယ်။
HKLM\Software\Microsoft\Windows\CurrentVersion\ ကို 2 လို့ရေးပါမယ်။
HKLM\Software\Microsoft\Windows\CurrentVersion\pol icies\Explorer ကို 2>P\E
HKLM\Software\Microsoft\Windows\CurrentVersion\pol icies\System ကို 2>P\S

THE REGISTRY NAME DISPLAY NAME (Registry ရဲ့ သင်္ကေတ အမည်တွေပါ)
{20D04FE0-3AEA-1069-A2D8-08002B30309D} ဆိုရင် MY COMPUTER ပါ။
{450D8FBA-AD25-11D0-98A8-0800361B1103} ဆိုရင် MY DOCUMENTS ပါ။
{645FF040-5081-101B-9F08-00AA002F954E} ဆိုရင် RECYCLE BIN ပါ။
Start Menu မှ Function များကို manage လုပ်ခြင်း

တစ်ခုကို
သေချာအောင်ရှင်းပြပေးပါမယ်။ နောက်ဟာတွေကိုတော့ ကိုယ်တိုင်သာ
စမ်းသပ်ကြည့်ကြပါ။ အရမး် လွယ်ကူပါတယ်။ ပထမ အနေနဲ့ ကျွန်တော်တို့ Run
Command ကို ပိတ်ကြရအောင်။ Run ကနေတစ်ဆင့် ဘာအလုပ်မှ
လုပ်လို့မရအောင်လို့ပေါ့။

လမး်ကြောင်းကတော့
1 (or) 2 >P\E ပေါ့နော်…. 1 လမ်းကြောင်းဆိုရင်တော့ Computer ရဲ့လက်ရှိ
User တစ်ယောက်ကိုပဲ အကျိုးသက်ရောက်ပေါတယ် 2 လမ်းကြောင်းကတော့ Computer ရဲ့
User အားလုံးကို အကျိုးသက်ရောက်ပါတယ်။ (တစ်ချို့က Admin & Guess
Account ခွဲထားတတ်လို့ပါ)။

1 (or) 2
> P\E ကိုသွားပြီး Explorer ကို R-Click ထောက် Value အသစ်တစ်ခုယူ Value
ရဲ့ Type က DWORD Value, Name ကိုကျတော့ NoRun လို့ပေးပြီး၊ Data ကို
Default 0 ကနေ 1 ကို ပြောင်းပေးလိုက်ပါ။

နောက်ပြီးရင် Refresh(F5) လုပ်လိုက်တာတဲ့ Run က အလုပ်မလုပ်တော့ပါဘူး။
(Run ပျောက်သွားတာတော့ ဟုတ်ပါပြီ၊ Registry ကို ပိတ်လိုက်မိသူတွေအတွက် Run ပြန်ခေါ်ဖို့ Registry
Editor ကို Run ကနေ regedit နဲ့သာ သုံးဖူးသူတွေ ချွေးပြန်သွားတတ်ပါတယ်။
ဥပမာ- ကျွန်တော်ပေါ့။ မကြောက်ပါနဲ့ခင်ဗျ။ C:\Windows\regedit မှာ Registry Editor ရှိပါသေးတယ်။)

အောက်မှာ စမ်းသပ်ကြည့်ဖို့ Items, Value Name, Data Type, Value, Path တွေရေးပေးထားပါတယ်။ စမး်ကြည့်ပါ၊ ပြင်ကြည့်ပါ။

Items
[Value] [Name] [Data] [Type] [Value] [Path]

Logon Name [ NoUserNameInStartMenu ] [ DWORD ]
[0\1] [ 1-2>P\E
]
(Tasksbar က Start ကိုနှိပ်လိုက်ရင် ထိပ်မှာပေါ်နေတဲ့ နာမည်ကို ဖျောက်တာပါ။)
Document [ NoSMMyDocs DWORD ] [ 0\1 ] [ 1-2>P\E
]
(Start Menu က My Documents ကိုဖျောက်တာပါ။)
My Picture [ NoSMMyPictures ] [ DWORD ] [ 0\1 ] [ 1-2>P\E ]

(Start Menu က My Pictures ကိုဖျောက်တာပါ။)
Control Panel [ NoControlPanel ] [ DWORD ] [ 0\1 ] [ 1-2>P\E ]

(Start Menu က Control Panel ကိုဖျောက်တာပါ။)
Recent Document [ NoRecentDocsMenu ] [ DWORD ] [ 0\1 ] [ 1-2>P\E ]

(Start
Menu က Recent Document ကိုဖျောက်တာပါ။ကျွန်တော်ကတော့ ဒါကို
ဖျောက်ပါတယ်။ရုံးကလူကြီး က ဒီကောင်ဘာစာတွေဖတ်လဲဆိုတာ
နောက်ကြောင်းလိုက်လို့ မရအောင်လို့ပါ။
J )
Help [ NoSMHelp ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
Search [ NoFind DWORD ] [ 0\1 ] [ 1-2>P\E ]
AllProgram [ NoStartMenuMorePrograms ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
ShutDownBox [ NoClose ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
C.P,Pr,N.C [ NoSetFolders ] [ DWORD ] [ 0\1 ] [ 1-2>P\E ]
(C.P=ControlPanel,Pr=Printer,N.C=NetworkConnection )
(Value တွင် 1=Default, 0=Remove)

Display Properties ကို manage လုပ်ခြင်း

Items [ Value ] [ Name ] [ Data ] [ Type ] [ Value ] [ Path ]
Theme & Appear; [ NoDispAppearancePage ] [ DWORD ] [ 0\1 ] [ 1-2>P\S ]

(ငါ့ပုံတွေလာလာပြောင်းတာမကြိုက်ဘူးဆိုသူများအတွက ်)
Desktop [ NoDispBackgroundPage ] [ DWORD ] [ 0\1 ] [ 1-2>P\S ]

(ငါ့ပုံတွေလာလာပြောင်းတာမကြိုက်ဘူးဆိုသူများအတွက ်)
ScreenSaver [ NoDispScrSavPage ] [ DWORD ] [ 0\1 ] [ 1-2>P\S ]

(ငါ့ပုံတွေလာလာပြောင်းတာမကြိုက်ဘူးဆိုသူများအတွက ်)
Setting [ NoDispSettingPage ] [ DWORD ] [ 0\1] [ 1-2>P\S ]

Leave a Reply

Your email address will not be published. Required fields are marked *