ရှင်းလင်း ပေါ့ပါး WordPress , Blogger Templates များ

WordPress  နဲ့ Blogger (blogspot) တို့ဟာ အင်တာနက်ပေါ်မှာ လူအသုံးများဆုံး Blogging Platform များဖြစ်ကြပါတယ်..။ သူတို့ရဲ့ ရိုးရှင်းမှု ၊ သုံးစွဲရတာ လွယ်ကူမှု ၊ အချိန်ကုန်သက်သာစွာနဲ့ ထိထိရောက်ရောက် ဖော်ပြနိုင်မှု တို့ကြောင့် လူကြိုက်များနေတုန်းပါပဲ…။ အခြား Livejournal, Typepad,Posterous,Tumblr,soup.io စတဲ့ Blog Platform များစွာလည်းရှိပါသေးတယ်.. …။

အောက်မှာကတော့ WordPress Blog (Self-hosted blog) နဲ့ Blogspot (Blogger) တို့မှာ အသုံးပြုနိုင်မယ့် ရှင်းလင်း ၊ ပေါ့ပါးပြီး Customize လုပ်ရတာ လွယ်ကူမယ့် Themes များကို ဖော်ပြထားပါတယ်…။

အများစုဟာ Originally for WordPress themes များဖြစ်ပြီး ငုင်းတို့ကို Blogspot (Blogger) မှာလည်း အသုံးပြုနိုင်ဖို့  မူရင်းမှ တဆင့် ပြန်လည်ပြုပြင်ထားတဲ့ Template များဖြစ်ကြပါတယ်…။ အများစုကတော့ White , Black, Grey Based Color Themes and Templates တွေ ဖြစ်ပါတယ်..။

Ultralight

Ultralight ဟာ WordPress အတွက် Themes ဖြစ်ပါတယ်.. (Blogger အတွက် Template ကို အောက်မှာပေးထားပါတယ်..၊) Ultralight မှာ မလိုလားအပ်တဲ့ Graphic နဲ့ Code တွေကို ဖယ်ချန်ထားပြီး ရေးဆွဲထားတဲ့ Theme ဖြစ်ပါတယ်..။ WordPress မှာသုံးလေ့ရှိတဲ့ Widget ကိုလည်း Support လုပ်ပါတယ်..။ Developer တွေနဲ့ Web Designer တွေအတွက် Customize လုပ်ရလွယ်ကူမည့် အခြေခံ Template လည်းဖြစ်ပါတယ်..။
ရှင်းလင်းပြီး ကြည်လင်တဲ့ Design, Code ရှိပြီး Graphic ပုံတွေ မသုံးစွဲချင်တဲ့ Blogger တွေအတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်..။ 2column ပါရှိပါတယ်..။

Live Demo: For WordPress | For Blogspot

Download :  For WordPress | For Blogspot

Fifty Fifty Street

Fifty Fifty Street ဟာ ရိုးရှင်းမှုနဲ့ Typography ကိုဦးစားပေးထားလို့ Professional ဆန်တဲ့ Themes ဖြစ်ပါတယ်…။ Two Columns ရှိပြီး ကိုယ်လိုသလို Customize လုပ်ဖို့ လွယ်ကူတာရယ် ၊ Grid ကို သေသေသပ်သပ် နေရာချထားတာကြောင့် သုံးရတာ ၊ Content တွေကို ဖော်ပြရတာ အဆင်ချောစေပါတယ်..။

Live Demo : For WordPress | For Blogspot

Download : For WordPress | For Blogspot

Modernist


ကြည်လင်ပြတ်သားတဲ့ Typography ရိုးရှင်းတဲ့ ဖွဲ့စည်းပုံ SEO အတွက် အသင့်ပြင်ဆင်ပြီးသားဖြစ်တဲ့အပြင် Blogger များအတွက် မိမိတို့ ဖော်ပြလိုသော Video, Images, Text များကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားနိုင်မယ့် Modernist theme ဖြစ်ပါတယ်..။

WordPress မှာတော့ Widget ကို သုံးနိုင်ပါသေးတယ်…။

Live Demo      :  For WordPress | For Blogspot

Download       :  For WordPress | For Blogspot

Typominima

စာရွက်ပေါ်မှာ မှင်နဲ့ ရေးသလိုမျိုး မြင်သာထင်သာရှိစေမယ့် ဖွဲ့စည်းတည်ဆောက်မှု အပြင်အဆင်နဲ့ Blogger တွေရဲ့ စာအရေးအသား၊ Idea တွေကို ဖော်ပြပေးမယ့် Typominima Theme ပါ..။ ဆိုသေးပါတယ်… Typominima ဟာ ပိုက်ဆံအတွက် မဟုတ်ပါဘူးတဲ့.. ဘာလို့လဲဆိုတော့ Blog အများစုရဲ့ Template တွေမှာ Advertising Space အတွက် နေရာပေးထားကြလို့ပါ…။ Typominima မှာတော့ ဒီလိုမျိုး Advertising ကိုဖော်ပြဖို့ နေရာမပေးထားပဲ Blogger ရဲ့ အရေးအသားကိုပဲ အဓိက ဖော်ပြနိုင်အောင် ဖန်တီးထားတာပါ…။ Elegant ဆန်ပြီး WordPress အတွက်သုံးမယ်ဆိုရင် Typominima မှာ ကိုယ်လိုချင်တဲ့ Preference အပြင်အဆင်ရအောင် ပြင်ဆင်နိုင်မယ့် Control Panel ပါလာပါတယ်…။ WordPress 3.0+ အားလုံးမှာ အဆင်ပြေပါတယ်..။ (Blogspot မှာလည်း အသုံးပြုနိုင်ပါတယ်..) …။ Template Footer (အောက်ခြေမှာ) Widget ထည့်လို့ရအောင်လည်း သုံးနေရာတော့ ပေးထားပါသေးတယ်…။

Live Demo   :   For WordPress | For Blogspot

Download   :    For WordPress | For Blogspot

zBench

ရိုးရှင်းတယ်.. Graphic တွေကို သိပ်မသုံးထားဘူး WP-PageNavi, WP Page Numbers, WP-PostViews, wp-utf8-excerpt, Related Posts of Simple Tags, WP-RecentComments စတဲ့ လူသုံးများ WordPress Plug-in တွေ အသင့်ပါပြီးသား… Widget တွေ ထပ်ထည့်နိုင်သေးတယ်..။ Two Columns ပါပြီး Theme Option တောင် ပါသေးပါတယ်..။

Live Demo : For WordPress | For Blogspot

Download :  For WordPress | For Blogspot

Oulipo

Oulipo ဟာ Online Diary ရေးတဲ့ Blogger တွေအတွက် သင့်တော်တယ်လို့ ထင်ပါတယ်..။ Three Columns ပါရှိပြီးthemeဟာ ပေါ့ပါးတဲ့အတွက်  Launch Time ကို မြန်စေပါတယ်…။

Live Demo : For WordPress | For Blogspot

Download  : For WordPress | For Blogspot

Modern Clix

Modern Clix ဟာ ရိုးရှင်းတဲ့ ပုံစံနဲ့ ပြင်ဆင်ထားတဲ့ Theme ဖြစ်နေပေမယ့် မိမိလိုချင်တဲ့ ပုံစံကို ရအောင် Customize လုပ်နိုင်မယ့် Theme ဖြစ်ပါတယ်..။ Twitter, Flickr တို့ကို Plugin မလိုဘဲ Username ထည့်သွင်းလိုက်ရုံနဲ့ အသင့်အသုံးပြု ဖော်ပြနိုင်မှာပါ..။ Elastic Layout ဖြစ်တာကြောင့် Browser ထဲမှာ Font Size ပြောင်းလိုက်တာနဲ့ အဆင်ပြေပြေ ဖော်ပြပေးနိုင်ဦးမှာပါ…။ Three Columns ပါရှိပြီး Header ကို စိတ်ကြိုက်ပြောင်းလဲနိုင်တယ်..။ Theme Option လည်းပါရှိပါတယ်..။

Live Demo : For WordPress | For Blogspot

Download :  For WordPress | For Blogspot

(To Be Continued…. )

Note: Live Demo အများစုသည် Access Denied များဖြစ်နေပါသည်..။ www.infobreak.co.cc ကို အသုံးပြုကာ ကြည့်ရှုနိုင်ပါသည်..။


Leave a Reply

Your email address will not be published. Required fields are marked *