100 days with Python(Day:1-Day:10)

Programming Language တစ်ခုကိုစတင်ပြီး လေ့လာတော့မယ်ဆိုတော့ စရတာက Hello World ပေါ့။ Python ကိုဘာလို. စပြီး စိတ်ဝင်စားသလဲဆိုတော့ စင်္ကာပူမှာနေတုန်းက အားရင် Internet မှာ MIT က Course ကြည်ဖြစ်ပါတယ်။ Python ကိုစပြီး သင်ပေးပါတယ် Lecturer များကလဲ တော်တော်ကောင်းပါတယ်။

Day-1
Python စလေလာမယ်ဆိုတော့ ပြင်ဆင်ရတာပေါ့ ။ Laptop လေး အိပ်ထဲထဲ့ပြီး ၈မိုင်ကကိုရာဗီရဲ့ ရုံးခန်းကိုပြေးရတာပေါ့။ ဟိုရောက်တော့ Internet က documentation လေးဖတ်ပြီး ဘယ်လို.လုပ်ရမလဲ ဘာညာကြည်။ Download ဆွဲပြီး install လုပ်ပေါ့။

Python

Print “hello world”

အဲဒီတော့ ကိုရာဗီက ပြောပါတယ် မင်း program ကရေးရတာများတယ် ဆိုပြီးရိုက်ပြပါတယ်။

“hello world”

Result က ‘Hello World’ တန်:ရပါတယ်။ Python ရဲ့အားသာချက်က input တစ်ခုက string/char/integer ဖြစ်ကြောင်းအလိုလိုသိတာပါပဲ ။ ကျွှန်တော်လေ့လာဘူးတဲ့ တခြားProgramming Language တွေနဲ့ တိုက်ကြည်.ပါတယ်။

C++ ဆိုရင်

include int main(){ cout<<"Hello World";   }

.Net ဆိုရင်

using System;class MainApp {	public static void Main() {    	Console.WriteLine("Hello World ");    }}

Java ဆိုရင်

class HelloWorldApp {	public static void main(String[] args)    {  System.out.println("Hello World!");    }}

ဒီနေရာမှာပြောချင်တာက Programming Language ၁ခုဟာ တိုလို.ကောင်းတယ် ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ဟာက ပိုကောင်းတယ် ပြောတာမဟုတ်ဘူးနော်။ ပေးချင်တဲ့ မတ်စိ(Message) ကို Python နဲ့ လွယ်လွယ်ကူကူနဲ့ ပေးလို့ရတယ်လို့ ဆိုလိုချင်တာပါ။ဒီလို ကောင်းမွန်တဲ့ Language ၁ခုကို Course မှာပါသင့်တယ် ထင်တာပဲ။ အပြစ်တင်တာမဟုတ်ပါဘူး ပိုကောင်းမယ်လို. ပြောတာပါ။ ကျွှန်တော် မဟာတန်းမှာ VB.net/ VS2003 + MS Access နဲ့ သင်ရပါတယ်။ ကျောင်းမှာက C++ ကိုသင်ပါတယ်။ ရေးရတာတော်တော်များပါတယ် “ include/ a standard header” ကော method ကော “cout<<” ကောရှုပ်နေတာပဲ ။ ကျောင်းသားက iostream, cout,cin, void main() တွေ တွေ.ပြီးလန့်သွားကြလား မသိပါဘူး။ အပေါင်း+အနုတ်+အမြာက်+အစား ဆိုရင်ကော variable (eg.int a,b;) ကြေညာရပါမယ် ပြီးတော့ at least : method, cout ကလေးတွေလန့်မယ်ဆိုလဲ လန့်စရာပါပဲ။ Paper ပေါ်မှာကုဒ်ရေးပြီး နားမလယ်ကြတော့ Exam မှာအလွတ်ကျက်ပြီးဖြေကြတာပေါ့။

အပေါင်း+အနုတ်+အမြာက်+အစား ကိုPyton မှာ လွယ်လွယ်ကူကူဖန်တီး လို.ရပါတယ်။

>>1+2>>2-1>>2*3 >>6/3  

Word/စကားလုံး တစ်ခုကို Sentence တစ်ခုကနေ Count လုပ်မယ်ဆိုပါတော့။

'kochit kotun koravi kongwetun koarkar kotunzarnikyaw wayne shaung neo pyone '.count ('n') 

ဒါပါပဲ အဖြေက ၉ ရပါတယ် ။

.count ('n') 

character ‘n’ ကိုစစ်တာပါ။ ဘယ်နလုံးပါလဲလို့။ဘာပဲပြောပြော Day-1 မှာ တော်တော်ကျေနပ်သွားပါတယ် ။

Day-2

Day-2 မှာ User နဲ့ interact လုပ်တဲ့ program လေးများ စမ်းမိပါတယ်။

word1= “Hello,”word2=”Good day”word3=”to you ”print word1+” ”+word2+” ”+word3

Output: “ Hello Good Day to you” ရပါတယ်။ တခြားနည်းနဲ့လဲလုပ်လို. ရပါတယ်

word1= “Hello,”word2=”Good day”word3=”to you ”sentence=word1+” ”+word2+” ”+word3print sentence

Output: Hello Good Day to you ပဲပြန်ရပါတယ်။ Same result ပါ။

Looping လေး လုပ်ကြည့် ရအောင်

While

Screen Design လေး အရင်ဆွဲကြည်.ရအောင်

Step-1 int တစ်ခုကို assign လုပ်ပါမယ်#သူအတွက် value ထဲ့ပါမယ်။Step-2 ဘယ်အထိ အလုပ်လုပ်ရမယ်ဆိုတာ သက်မှတ်ပါမယ်။#while <  (less than)Step-3 int ဖြစ်တဲ့အတွက် တိုးခြင်း နုပ် ခြင်း စသဖြင့် သက်မှတ်နိူင်ပါတယ်။Step-4 output result ထုတ်ပါမယ်။

အဖြေက 1 2 3 4 5 ရပါတယ်။ ဒီမှာ Python ရဲ့အားသာချက်ပါ i=0 လုပ်လိုက်တာနဲ့ i ဆိုတာ integer မှန်း အလိုလိုသိတာပါပဲ။

ပြောင်:ပြန်ကော(minus)?

အမြောက်ကော?

အစာ:ဗျာ

တမျို:လေးလုပ်ကြည်ရအောင် အပေါင်း၊အနုတ်၊အမြာက်၊အစား နဲ့ ပျင်းလာပီဗျာ…….

0 ကနေ 20 ကြား even number များကို ထုတ်ကြည.်ရအောင်

ထုံးစံအတိုင်း Screen Design လေး လုပ်ကြည်.ရအောင်

Step-1:  integer i က ုိassign လုပ်ခြင်:Step-2: Range သက်မှတ်ခြင်: #Example: 0-20Step-3: integer i က ုိ်တိုးသွားခြင်: #Example: +1,+2,+3,… Step-4: even number သာလိုအပ်ကြောင်း if statement နင့်filter လုပ်ခြင်: # if i%2==0Step-5:  integer i အား output ထုတ်ပြခြင်: 

Day-2 ကတော့ဒီလောက်ပါပဲ…

ဆက်ပြီးရေးပါဦးမယ်….

 


Day-3 ဒီတခါ if (statement) ကိုစမ်:ကြည်.ရအောင် ။ System ရဲ့တိုင်မာ လေးကိုသုံးမယ်ဗျာ

import timenow= time.localtime()

လိုတာဒီ ၂ကြောင်းပါပဲ ။လောလောဆယ် Time ကိုဆွဲထုတ်ရဖိုတော့လိုမှာပေါ့နော် ။ Python မှာကောင်းတာလေးများ ရှိပါတယ် ။ time ပြီးတော့ “.” ချလိုက်ရင် သုံးလို ရတာလေးများ ပြပါတယ်။

 

hour ဆိုတဲ့ variable ကြေညာမယ်ဗျာ။ ပြီးတော ့သူ.အထဲကို အခုရောက်နေတဲ့ Time(hour ) ထဲ့ လိုက်မယ်ဗျာ ။

hour= now.tm_hour

လွယ်ပါတယ်နော်။ So Easy ပါ။

ဒီပုံလေးက လူ၁ယောက်ရဲ့ တစ်နေ့တာ လုပ်လေ့ရှိတာက ုိပြတယ်ဗျ။

Screen design က

- ၁၂နာရီကနေ မနက် ၈နာရီအထိအိပ်မယ်ဗျာ- ၈နာရီက ၉နာရီကရုံးသွားဖို ဘတ်စ်ကားစီး- ၉နာရီက ၅နာရီက အလုပ်လုပ်မယ်ဗျာ- ၅နာရီက ၆နာရီကို ဘတ်စ်ကားစီး- ၆နာရီက ၈နာရီကို ထမင်:စားပြင်ဆင်- ၈နာရီက ၁၂နာရီကို ရုပ်ရှင်လေးဘာလေး ကြည်.ပေါ့ဗျာ

လုပ်ချင်တာက system ကနေလက်ရှိ Time ကိုဆွဲထုတ်မယ်ပြီးရင် ဒီ time ဆိုဘာလုပ်မလဲ ဆုံးဖြတ်မယ်။ အဲလို အဲလို

Connection ကမကောင်:တဲ့ကြားကဖြစ်ညစ်ပြီးတင်လိုက်တာပါ That is all for today။ ကြာရင် Teleport ကို သွားပြီး၁ခုခုလုပ်မိမှာစိုးလို. 🙁

 


Day-4
ဒီနေ့လဲ Connection မကောင်းပါ ။ ထားပါတော့ စိတ်လျှော့ပြီး က ုိတက်နိူင်သလို တင်လိုက်ပါတယ်။ ဒီတစ်ခါ User နဲ့ interact လုပ်မယ့် Program လေးစမ်းကြည်. ရအောင်ဗျာ

name= raw_input("What is your name: ")print "Hello"+" "+name

ဒီ program ကို run ရင် ခနပဲမြင်ရမယ်ဗျ ။ ဘာဖြစ်လို.လဲဆိုတော ့ program run ပီးရင် Auto ပိတ်သွားလိပ်မယ် ဗျ။

အဲဒီလို မဖြစ်ဖို. တားဖို လိုတယ်ဗျ။ Program ကို ခန အိပ်ခိုင်:လိုက်ဗျာ။ ဒီလိုဒီလို

sleep(5) 

Import လုပ်ပေးရမယ်ဗျ Time အောက်က Sleep ကို

from time import sleep

Program ကို notepad သို.မဟုတ် notepad++ မှာရိုက်ပြီး “.py” extension နဲ့သိမ်းပါ။

အရေးကြီးတာသိထားဖို လဲလိုသေးတယ် Wiki က reference လုပ်ထားတဲ့ Chart .

Variable များကို assign လုပ်ရင် သိထားရမယ့် Chart ပါ။

အပေါင်း၊အနုတ်၊အမြာက်၊အစား ပဲပြန်သွားရအောင် ။ ဒါပေမယ့် တစ်ဆင့်တက်ပြီး Function လေးများ သုံးကြည်ရအောင် ။ User ကို input တောင်:မယ် choice (ဘာလုပ်ချင်လဲ) တောင်းမယ် အဲဒီပေါ်မှုတည်ပြီး output ကို ထုတ်ပေးမယ်ဗျာ။ Screen Design လေးကြည်.ရင် ပိုရှင်းမယ်ထင်ပါတယ်။

Original Post ကုိဒီမှာကြည်. ပါ ။

လွယ်ကူအောင် modified လုပ်ထားတာပါ။

Programming လေ့လာရင် list ကိုလဲ မေ့လိုမရပါဘူး ။

program လေး တစ်ခုရေးကြည်ရအောင် လွယ်လွန်းလို.Screen Design မပြတော့ဘာဘူး။

ကိုယ်.ဟာကိုယ်ပဲ လုပ်ကြည်လိုက်တော့:D Exercise ပေါ့

List အတွင်းမှာ item (for example:name) များရှိမယ် ။Item ကိုခေါ်ချင်ရင် index number ပေးပေါ့။

ဝမ်းသာစရာ သတင်းက ဒီနေ့ပဲ မောင်ပြံုးပြန်လာပါတယ်။ သူနဲ့အတူ MIT နဲ့ Standford က Video Tutorial များပါလာပါတယ်။ ကြည်.ပြီးဆက်ရေးပါဦးမယ်။ ဒီနေ့တော့ဒီလောက်ပါပဲ။

 


Day-5
Using Random (Library) and If( statement)

ကိုထွန်:ဇာနည်ကျော်ကို သဘောကျလို Quizz ဂိမ်းလေးလုပ်ကြည်.ရအောင်။ပထမဆုံး Screen Design လေး။

ပိုပြီးရှင်းသွားအောင် အောက်က Flow Chart လေး ကိုကြည်.ပါ။

Programming Code လေးပါ

 


Day-6
Python ကိုလေ့လာမယ်ဆိုရင် Operator များလဲသိဖို. လိုပါတယ်၊
Symbol Type What it Does
+ #Mathematical -Addition
– # Mathematical- Subtraction
* # Mathematical -Multiplication
/ # Mathematical -Division
// # Mathematical -Truncating Division
** # Mathematical -Powers
% # Modulos- Returns the remainder from a division
<< # Shift -Left Shift
>> # Shift- Right Shift
& # Logical- And
| # Logical -Or
^ # Logical Bitwise- XOR
~ # Logical Bitwise -Negation
< # Comparison- Less than
> # Comparison -Greater than
‘==’ #Comparison- Equal to
!= # Comparison- Not Equal To
>= # Comparison- Greater than or Equal To
<= # Comparison -Less than or Equal To
‘=’ # Assignment -Assigns a value

+= # Assignment -Adds and assigns a value

-= # Assignment -Subtracts and Assigns a value

*= # Assignment -Multiplies and assigns a value

/= # Assignment -Divides and assigns a value

//= #Assignment -Truncate Divides and assigns a value

**= #Assignment -Powers and assigns

%= #Assignment -Modulus and assigns

>>= #Assignment -Shifts and assigns

<<= #Assignment -Shifts and assigns

And #Boolean

Or # Boolean

Not # Boolean

မူရင်:လင့်ခ်ပါ

For Loop Statements

အောက်က programming code လေးကို လေ့လာကြည်ပါ ။ Screen design လဲပေးထားပါတယ်။

လွယ်လို.ရှင်းမပြတော့ဘာဘူး

 

 

 


Day-7

Simple Hacking

ငယ်ငယ်တုန်းကတော့ လော့ခ်ကိုဟက်ပြတဲ့ အခန်:များရုပ်ရှင်တယ်မှာပါလာရင် အရမ်:ပျော်ပါတယ်

စက်ကလေးကိုကိုင် လော့ခ်နဲ့ဆက်လိုက်ရင် number အများကြီးတတ်လာပြီး ခနကြာတော့ ပွင့်သွားပါတယ်။ Computer စပြီးသင်တုန်းကလဲ Command Line မှာ “dir” ရိုက်လိုက်ရင် စာအများကြီး တက်လာတာတော်တော် ပျော်ဖိုကောင်းပါတယ်. အော်သူများရိုက်ပြရင် အထင်ကြီးလို.:P။

အဲဒီ idea လေးကို apply လုပ်ကြည်.ရအောင်

ပွင့်ဖို အတွက်ကိုတိုင် Password ပေးပြီးစမ်းလို. ရတဲ့ Combination Lock မြင်ဘူးကြလားမသိဘူး။

အိပ်တော်တော်များများမှာပါပါတယ်။ သူက Password (number ) ကိုကိုယ်ကိုတိုင် ပေးလို.ရတယ်လေ။ Password သိမှပြန် ဖွင့်နိူင်တယ်လေ။ အဲတာကို ဟက်လုပ်ရအောင် များသောအားဖြင့် Password က ၃လုံးပါ 001 ကနေ 999 ပေါ့ ။များနေမှာစိုးလို နစ်လုံးပဲစမ်းကြည်. ရအောင်။ 0 ကနေ 99 ပေါ့။ အဲဒါကိုhttp://en.wikipedia.org/wiki/Brute_force_attackလို.လဲလူသိများကြပါတယ်။ Password မမှန်မခြင်: Character/ number များကို Generate လုပ်ပြီးပစ်ထဲ့တာပေါ့ ဗျာ။

Screen Design လေးတစ်ချက်ကြည်. ပါဦး။

Flow Chart လေးကိုလဲကြည်. ပါဦး

 

ဒီနေရာမှာ ပြောချင်တာက အလုပ်တစ်ခုလုပ်တော့မယ်ဆို Computer ရှေ့မှာအမြဲတန်: ရှိနဲ့ဖို. မလိုအပ်ပါဘူး။ Paper Programming အရင် လုပ်ကြည်ပါ ။ ကိုမြင့်ကျော်သူပြောဘူးသလိုပဲ တကယ်တန်:ကျတော့ Programming မှာလိုအပ်တဲ့ For, For each, if, while etc statement များကိုရေးချရင် A4 နစ်မျက်နာ ထက်ပိုမရှိပါဘူး ။ Programmer ကောင်းဆိုတာ ပေးထားတာနဲ့ System Limitation နဲ့ ဆက်စပ်ပြီး စဉ်းစားတတ်တာပါပဲ။ ပုံမှန်အားဖြင့် 70% of your time ကို စဉ်းစားတာနဲ့ reference ရှာတဲ့နေရာမှာသုံးသင့်ပါတယ် ။ Coding ကို 30% ထက်ပိုပြီးသုံးစရာမလိုပါဘူး။

Programming Code လေးပေးထားပါတယ်။ စမ်းကြည်.ပါဦး

 

 


Day-8

Applying ‘Pass’, ‘Break’ and ‘for’ statements

ဒီနေ့မှာတော့ Program တစ်ခုချောချောမောမော အလုပ်လုပ် နိူင်
ဖို.လိုအပ်တဲ့ Statement တချို.ကို နဲနဲ Highlight လုပ်တင်ပြသွားပါ့မယ်။

 

အားလုံးစက်ဘီးကိုတော့ အနည်းဆုံးစီးဘူးကြတယ် ထင်ပါတယ်။ ကား ၊ ဆိုင်ကယ် စသည်ဖြင့်ပေါ့ ။ Newton ရဲ့ နိယာမအရ ပြေးနေတဲ့ အရာတစ်ခုဟာ တားဆီးမူတစ်ခုခုမရှိရင် ဆက်ပြီး ရွေ.မြဲအတိုင်း ရွေ.ရှားပါတယ်တဲ့။ဒီနေရာမှာ ကျွှန်တော်နဲ့ သဘောထားချင်:တူမလာ: မသိဘူး။ ကားဘယ်ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘရိတ်ကောင်းဖို. အရမ်:အရေးကြီးပါတယ်။ မဟုတ်ရင် အရှိန်မထိန်းနိူင်ပဲဝင်တိုက်ပါလိမ့်မယ်။ ထိုနည်းတူစွာပဲ Program တစ်ခုဟာ ကောင်းကောင်းမွန်မွန်လည်ပတ်နိူင်ဖို. break statement ကောင်းကောင်းလိုအပ်ပါတယ်။ မဟုတ်ရင် error တက်ပါလိမ့်မယ်။ သို.မဟုတ် System ကိုပါ ထိခိုက်နိူင်ပါတယ်။

ဘယ်နေရာများမှာလိုအပ်မလဲ? စဉ်းစားကြည်.ရအောင်။

၁။ လိုအပ်တဲ့ Range ကျော်သွားတဲ့ အခါ?

၂။ မလိုအပ်တဲ့ အရာတခုခုကို မြင်တဲ့အခါ

၃။ လိုအပ်တဲ့ အရာစီရောက်တဲ့အခါ စသည်ဖြင့်ပေါ့….

မေးစရာရှိပါတယ် ဟာဗျာလွယ်လိုက်တာ။ ထင်မလားမသိပါဘူး။ တစ်ချိန်လုံး break စသဖြင့် လုပ်လာတာ ဘာညာ။ ကျွှန်တော်ရေးတာ အကြောင်းရှိပါတယ်။ အခုပြောနေတာများက နောက်ပိုင်း ပိုစ်များကို Cover Up လုပ်ဖိုပါ။

ဒီတခါတော့ Program လေးကို အရင်ကြည်.ကြည်. ရအောင်

မူရင်းလင့်ခ်= http://www.tutorialspoint.com/python/python_loop_control.htm

Flow Chart ဆိုရင် ပိုရှင်းသွာ:မလားမသိဘူး

 

Exercise လေးပေးကြည်.မယ်ရမလာ:? စမ်းလုပ်ကြည်. ပါလား။

Exercise:ဒီProgram အတိုင်းပဲ string ကိုကိုယ်တိုင် Assign လုပ်မယ် break လုပ်ဖို. Special Character ကိုလဲကိုတိုင် Assign လုပ်မယ်။ ရမလားစမ်းကြည်.ပါဦး။မသိတာရှိရင် Comment နဲ့မေးပါ ၄-၅ ရက်ကြာရင် Answer ကိုreply တင်ပေးပါ့မယ်။ လုပ်ရမှာက
1. Screen Design
2. Flow Chart
3.Program code
Notepad++ သုံးပါ။ Internet က download လုပ်ပါ။ Flow Chart ကိုလဲ မမှန်မှာအရမ်းစိတ်မပူပါနဲ့။ Flow chart ရဲ့သဘောအရမှန်တယ်မှားတယ် မရှိပါဘူး။ လိုချင်တဲ့ Idea ရရင် တော်ပါပီ။

Geek များနောင်မှ ဖြေပါ 😛

Pass Statement

 

Break နဲ့အတူသိသင့်သိထိုက်တဲ့ Statement တစ်ခုက “pass” ပါ။ Pass ကိုသုံးပြီးProgram ထဲမှာ ကိုလိုချင်တဲ့နေရာမှာ information ဖြစ်ဖြစ် Programing Statement များပဲဖြစ်ဖြစ် ထဲ့လို.ရပါတယ်။

Screen Design ကိုအရင်ကြည်.ကြည်.ပါဦး။

Flow chart ကိုတော့ ကိုယ်.ဟာကိုယ် ဆွဲကြည်.ပါဦး.

Programming Code ပေးထားပါတယ်။

 

 


Day-9

Python’s Features

(Python ရဲ့ အားသာချက်များကို တင်ပြလိုက်ပါတယ်)
မူရင်းလင့်ခ်

 

1. Easy-to-learn: Python has relatively few keywords, simple structure, and a clearly defined syntax. This allows the student to pick up the language in a relatively short period of time.

သင်ကြားရန်လွယ်ကူခြင်: - Python မှာသူများ language များထက်စာရင်  keywords နဲပါတယ်။ Syntax များဟာ နားလယ်ရန်လွယ်ကူပါတယ်။ သင်ကြားလေ့လာသူအတွက် လေ့လာရတဲ့ တိုတောင်းစေပါတယ်။

2. Easy-to-read: Python code is much more clearly defined and visible to the eyes.

ဖတ်ရှုရန်လွယ်ကူခြင်:- Python မှာရှိတဲ့ Code များဟာ ရှင်းလင်းစွာ အဒိတ်ပယ်ဖွင့်ဆိုထားပြီး ကြည်.ရှုလေ့လာရန် အဆင်ပြေစေပါတယ်။

3.Easy-to-maintain: Python’s success is that its source code is fairly easy-to-maintain.

ပြင်ဆင်ရန်လွယ်ကူခြင်:- Python ရဲ့အထိကအောင်မြင်မူပါ ။ Source code များဟာ လိုအပ်တဲ့အခါမှာ ပြုပြင်ပြင်ဆင်ရန် အဆင်ပြေပါတယ်။

4. A broad standard library: One of Python’s greatest strengths is the bulk of the library is very portable and cross-platform compatible on UNIX, Windows, and Macintosh.

စုံလင်တဲ့ library ရှိခြင်:- Python ရဲ့အားသာချက်တခုက Library များဟာ စုံလင်ပြီး နေရာပြောင်:လဲအသုံးပြုရန် လွယ်ကူပါတယ် ။ Platform တော်တော်များများကိုလဲ Suppot လုပ်ပါတယ် ။ UNIX မှာလဲ run လို.ရပါတယ်၊ Windows မှာလဲ run လို.ရပါတယ်၊ Macintosh မှာလဲ run လို.ရပါတယ်။

5.Interactive Mode: Support for an interactive mode in which you can enter results from a terminal right to the language, allowing interactive testing and debugging of snippets of code.

အပြန်အအလန် ဆက်သွယ်နိူင်ခြင်း- အပြန်အအလန် ဆက်သွယ်နိူင်တဲ့ ပုံစံ ဖန်တီးပေးပါတယ်။ Result များကို terminal တစ်ခုခုကနေ language ထဲ အထိ ထဲ့သွင်းလို. ရစေပါတယ်။ interactive testing၊ code အပိုင်းအစများကို debug လုပ်ခြင်:များကို ထောက်ပံပေးနိူင်ပါတယ်။

6.Portable: Python can run on a wide variety of hardware platforms and has the same interface on all platforms.

နေရာအစုံအသုံးပြုနိူင်ခြင်:- Python ကို Hardwar Platform တော်တော်များများမှာ အသုံးပြုလို.ရပါတယ်။ အားလုံးမှာလဲ Interface တူတူပါပဲ။For example: UNIX မှာလဲ အသုံးပြုနိူင်ပါတယ်  ဒီပုံစံပါပဲ၊ Windows မှာလ ဲ အသုံးပြုနိူင်ပါတယ် ဒီပုံစံပါပဲ၊ Macintosh မှာလ ဲ အသုံးပြုနိူင်ပါတယ် ဒီပုံစံပါပဲ။

7. Extendable: You can add low-level modules to the Python interpreter. These modules enable programmers to add to or customize their tools to be more efficient.

လိုအပ်သလို တိုးချဲ့နိူင်ခြင်:-  low-level module များကို Python ရဲ့ interpreter အောက်မှာထက်ပြီး ထက်မံထဲ့သွင်းနိူင်ပါတယ်။ Programmer များအတွက် အဲဒီ low-level module များက  tool အသစ်များ ထဲ့သွင်းခြင်း  ပြုပြင်ပြင်ဆင်ခြင်:ကို အဆင်ပြေပါတယ်။

8. Databases: Python provides interfaces to all major commercial databases.

Databases Support- Python ကို database တော်တော်များများနဲ့ အသုံးပြုလို. ရပါတယ်။

9. GUI Programming: Python supports GUI applications that can be created and ported to many system calls, libraries, and windows systems, such as Windows MFC, Macintosh, and the X Window system of Unix.

GUI Programming(http://en.wikipedia.org/wiki/Graphical_user_interface)- Python က System Calls, libraries, and windows systems (such as Windows MFC, Macintosh, and the X Window system of Unix)များရဲ့ လိုအပ်ချက် များ အတွက် GUI  applicationများဖန်တီးဖို. Support ပေးပါတယ်။ 

10. Scalable: Python provides a better structure and support for large programs than shell scripting.

Scalabe- Python မှာ ပိုမိုကောင်းမွန်တဲ့ ဖွဲ.စည်းပုံ ရှိပါတယ်။ Program ကြီကြီးမားမားများကို shell scripting ထက်ပိုမိုပြီး ထောက်ပံပေးနိူင်ပါတယ်။ 

[တက်နိူင်သလို ဘာသာပြန်ပေး လိုက်ပါတယ်။ တချိုဟာများကို တမင်သက်သက် ဘာသာမပြန်ပေးဘယ် ချန်ခဲ့တာပါ။ မူရင်းဆိုလိုရင်း ပျက်သွားမှာစိုးလို. ပါ။]

 


Day-10
Dictionary
http://www.tutorialspoint.com/python/python_dictionary.htm

 

ဒီနေ့တော့ Dictionaary အကြောင်း လေ့လာရအောင် ၊ dictionary ဆိုတာ တကယ်တမ်းတော့ table နဲ့ ခက်ဆင်ဆင်တူပါတယ်။ Dictionary များမှာ items ရဲ့ကီးနဲ့ သူနဲ့သက်ဆိုင်တဲ့ Value ပါပါတယ်။ ပိုပြီးရှင်းအောင် example လေးနဲ့ ပြပါရစေ။

ကျွှန်တော်လုပ်ထားတဲ့ List Table လေးဘာ အဲဒီအထဲ က ko_mark အတွက်စမ်းကြည်.ရအောင်။

Programming Code လေးလေ့လာကြည်.ပါ။ ရုတ်တရက်ဆို List နဲ့ နဲနဲ ဆင်ပါတယ်။ List ရဲ့ Index number နဲ့ခေါ်တာထက်စာရင် သာပါတယ်။

 

အဲတာကို run ရင် result ကဒီလိုရပါတယ်။

မခက်ပါဘူးနော် လွယ်လွယ်လေးပါ။ ကျွှန်တော်တို. နဲနဲလေး တိုးပြီး လုပ်ကြည်. ရအောင်။

Update လုပ်ကြည်.ရအောင်ဗျာ။ ဒီတခါ ကိုစိုးသီ(ko_soethi)ကို စမ်းကြည်.တာပေါ့။ သူအတွက် dictionary သက်သက်တည်ဆောက်လိုက်ရအောင်။ အပေါ်က table ကို reference လုပ်ပြီး ဆောက်လိုက်ပါ။

ko_soethi ရဲ့ “Likes” ကို change လိုက်ပါမယ်။ Update လုပ်လိုက်တယ်ပေါ့။

ဒါလေး run ကြည်.ရင်အဖြေက အပေါ်ကနဲ့ မတူတော့ပါဘူး။

 

သူကြိုက်တာ “palartar” မဟုတ်တော့ပါဘူး။ “samusarthote “(စမှုဆာသုပ်) ဖြစ်သွားပါတယ်။:P

Delete ကိုလဲစမ်းကြည်.ပါဦး

Country ကို Delete လုပ်ပြီးရင် Print “Country is : “, dict[“Country”]ဆိုတဲ့လိုင်းမှာ Error တက်ပါ မယ်။ “Country” ဆိုတာမရှိတော့လို. ပါ။

စာဖတ်ရမှာ မပျင်းပါနဲ့

http://www.tutorialspoint.com/python/python_dictionary.htm ဖတ်ကြည်.ပါ ။ အဲဒါများကို ရေးနေရင် ပြီးတော့မှာမဟုတ်ပါဘူး။

 

Homework :၁။ကိုအာကာ(ko_arkar) အတွက် Dictionary ဆောက်ပါ။၂။ သူရဲ့ Country ကို delete လုပ်ပေးပါ။ ၃။ အသစ်ပြီးပြန်လုပ်ပြီး ပြောင်းပေးပါ ။“Germany”၃။ko_mark နဲ့ ko_arkar တို.ရဲ့ Likes ကို “hotpot” နဲ့  ”potato” အသီးသီး ပြောင်းပေးပါ။ 

References:
http://wiki.python.org/moin/SimplePrograms
http://www.sthurlow.com/python
http://en.wikipedia.org/wiki/Python_%28programming_language%29
http://mail.python.org/pipermail/tutor/2009-June/069580.html
http://stackoverflow.com/questions/438894/how-do-i-stop-a-program-w
http://www.tutorialspoint.com/python/python_overview.htm
http://ocw.mit.edu/OcwWeb/web/courses/av/#ElectricalEngineeringandComputerScience

(p.s ဒီပိုစ်အတွက် ဆရာကိုရာဗီ၊ ကိုအာကာ ၊မောင်ပြံုး၊ ကိုရှောင် ၊ ကိုမတ်ခ် ၊ ကိုထွန်:ဇာနည်ကျော် ၊ ကိုမြင့်ကျော်သူ ၊ကိုစိုးသီ ၊ကိုဝိဇ္ဇာ(Seth Hetu)ကို ကျေးဇူးအထူးတင်ရှိပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *