Mar
27
2011

Freelance သမားတွေ အသုံးဝင်မယ့် Tool ၄ ခု

Freelance လုပ်တဲ့ အခါမှာ ကျွန်တော်တို့တွေအတွက် စျေးသက်သက်သာသာ ဒါမှမဟုတ် free ရမယ့် service လေးတွေ လိုအပ်ပါတယ်။ Client အနေနဲ့လည်း ကိုယ်ဘာတွေ ပြီးသွားပြီ ဘာတွေလုပ်ဖို့ ကျန်သေးလဲဆိုတာကို တစ်ခါတည်း သိရှိနိုင်ဖို့လိုပါတယ်။ ကျွန်တော် အကြိုက်ဆုံး tool ၄ ခုကို ဖော်ပြလိုက်ပါတယ်။

Freedcamp

Freelance လုပ်တဲ့အခါမှာ အရေးကြီးဆုံး အပိုင်းကတော့ Project Management ပါ။ Client ဘာလိုလဲ။ ကိုယ်ရဲ့ milestone တွေ စတာတွေ အပြင် discussion တွေပါ အစ ပါဝင်ပါတယ်။ basecamp ကို သုံးဖူးတဲ့သူတွေအနေနဲ့ free ရမယ့် basecamp လိုမျိုး project management ကို ရှာနေရင်တော့ freedcamp က အကောင်းဆုံးပါပဲ။ နောက်ပြီး freedcamp က အမြဲတန်း free ပေးမယ်လို့ ကြေငြာထားပါတယ်။ အလွယ်အကူဆုံး အရိုးအရှင်းဆုံးနဲ့ ထိရောက်မှုရှိတဲ့ project management website တစ်ခုပါ။

wunderlist

Todo list တွေထဲမှာ သဘောအကျဆုံး application ပါပဲ။ wanderlust ဟာ mac , windows, linux အပြင် iphone , ipad , android တွေအတွက်ပါရပါတယ်။ နောက်ပြီး sync လုပ်လို့ရတဲ့အတွက် iphone မှာပဲ သုံးသုံး mac မှာပဲ သုံးသုံး ကြိုက်တဲ့ နေရာမှာ သုံးသုံး todo list အတူတူ ပြပေးပါလိမ့်မယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ todo list ကိုလည်း share လုပ်လို့ရပါသေးတယ်။ freedcamp မှာ todo list ပါပေမယ့် online တစ်ခုပဲ ရတဲ့အတွက် အမြဲ အဆင်မပြေပါဘူး။ online , offline ရပြီး ဘယ်နေရာမှာ မဆို အသုံးပြုလို့ရတဲ့ wunderlist က ကိုယ်လုပ်ရမယ့် todolist ကို လွယ်လွယ်ကူကူ မှတ်သားနိုင်ပါတယ်။

Dropbox

Dropbox ကတော့ file တွေ sync လုပ်ဖို့အတွက် အလွန်ကို အသုံးဝင်လှပါတယ်။ client နဲ့ file share တဲ့အခါမှာ online ကို upload လုပ်။ download လုပ်။ စတဲ့အဆင့်တွေကို ကျော်ဖြတ်ပြီး အလိုအလျောက် sync လုပ်ပေးနေတဲ့အတွက် အရမ်းကို အသုံးဝင်လှပါတယ်။ file ကို dropbox ထဲမှာ စစ်လိုက်လို့ ပြောလိုက်ရုံပါပဲ။ mail ကနေ email ပို့ upload တင် နောက်ပြီး download တွေချ စတဲ့ အဆင့်တွေ လျော့ချပေးပြီး ပိုမို မြန်မြန် ဆန်ဆန်အလုပ်ပြီး မြောက်စေပါတယ်။

Evernote

Evernote ကလည်း အပေါ်က wunderlist , dropbox လိုမျိုး cloud ပေါ်ကနေ sync လုပ်ပေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ note ကို နေရာမရွေး ပြန်ကြည့်လို့ရပါတယ်။ တစ်ခါတစ်လေး todolist မဟုတ်ပဲ အရေးကြီးတဲ့ အချက်အလက်လေးတွေ မှတ်ထားတဲ့ အခါမှာ အလွယ်အကူ မှတ်ယူနိုင်ပြီး sync ပြန်လုပ်နိုင်ပါတယ်။ နောက်ပြီးတော့ client နဲ့လည်း လွယ်လင့် တကူ share နိုင်ပါသေးတယ်။ အရေးကြီးတဲ့ note လေးတွေ ပုံလေးတွေကို လွယ်လင့်တကူ share နိုင်တဲ့အတွက် အလုပ်လုပ်တဲ့ အခါမှာ အရမ်းကို အသုံးဝင်လှပါတယ်။

သို့ပေမယ့် အကုန်လုံးက internet လိုအပ်ပါတယ်။ နောက်ပြီး အကုန်လုံးက free ရပါတယ်။ freelance project တွေက internet က အရမ်းကို အရေးပါပါတယ်။ အမြဲတန်း အဆက်အသွယ်မိနေဖို့ လိုအပ်သလို information တွေလည်း sharing လုပ်နေဖို့ လိုအပ်လှပါတယ်။ ကိုယ် ဘာတွေ ပြီးသွားပြီ ဘာတွေ လုပ်နေတယ်ဆိုတာကို သူ့အနေနဲ့ စောင့်ကြည့်လို့ ရစေခြင်းအားဖြင့် အလုပ်အပ်သူရဲ့ ယုံကြည်မှုကို ရစေပြီး ကိုယ့်အနေနဲ့ အလုပ်ပြီးမြောက်ဖို့ တွန်းအားဖြစ်စေပါတယ်။

သင်ကော freelance project တွေအတွက် ဘာ application သုံးသလဲ။

About the Author: Saturn God

iOS Game Developer အနေနဲ့ လက်ရှိ အလုပ်လုပ်နေတယ်။ http://www.saturngod.net မှာ blog ရေးတယ်။ နောက်ပြီး http://en.saturngod.net မှာလည်း ရေးဖြစ်တယ်။ twitter မှာဆိုရင်တော့ http://www.twitter.com/saturngod မှာ ရှိပါတယ်။

1 Comment + Add Comment

  • Great post.. By the way this site interface is so cool :-) ... i love it.

Leave a comment