Design Resources

UI Design Resource ဆိုပြီးတော့ Post ရေးခဲ့ဖူးပါတယ်။ အခုတလော သဘောကျတဲ့ Design နဲ့ ပတ်သက်တဲ့ resources လေးတွေကို ပြောပြချင်ပါတယ်။

premiumpixels

premiumpixels.com ကို Smashing Magazine က ညွှန်းလို့ တွေ့ခဲ့ပါတယ်။ 365psd.com လောက် အမြောက်အများမရှိပေမယ့် လှပတဲ့ UI design PSD တွေကို အခမဲ့ လွတ်လပ်စွာ သုံးခွင့်ပေးထားပါတယ်။ License နဲ့ ပတ်သက်ပြီးတော့

All resources made available on Premium Pixels, including but not limited to, icons, images, brushes, shapes, layer styles, layered PSD’s, patterns, textures, web elements and themes are free for use in both personal and commercial projects.

လို့ ဆိုထားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ commercial projects တွေမှာလည်း အခမဲ့ ထည့်သုံးခွင့်ရှိပါတယ်။


colourlovers

colourlovers.com ကိုတော့ သိတာ ကြာလှပါပြီ။ ပုံမှန် အားဖြင့် Kular ကို မသုံးဖြစ်တဲ့ အခါ သို့မဟုတ် colour pattern လေးတွေပဲ ရွေးချင်တဲ့ အခါမှာ တော်တော် အသုံးဝင်တဲ့ site လေးပါ။ Web Trends မှာတော့ လက်ရှိ နာမည်ကြီး website တွေမှာ သုံးထားတဲ့ color patterns တွေကို လေ့လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *