7 Cross Platform iOS and Android Solutions

iOS ကို သာမက Android ပါ run လို့ ရအောင် application တွေ ရေးဖို့အတွက် SDK List လေးပါ။

Native App Creators

Airplay SDK – သူကတော့ game company တော်တော်များများ အသုံးပြုကြပါတယ်။ cross platform applications အတွက် game ရေးဖို့ဆိုရင် အဆင်ပြေပါတယ်။ 2D/3D Game တွေ ရေးဖို့အတွက် အဆင်ပြေပါတယ်။

Corona SDK – Lua ကို သုံးပြီး app တွေရေးဖို့အတွက်ဆိုရင်တော့ Corona ရှိပါတယ်။ သူကတော့ Actionscript 2.0 နဲ့ တူပါတယ်။ Adobe Developer အဟောင်းတွေက တည်ထောင်ထားတာပါ။ တန်ဖိုးကတော့ $99 per year ပေးဆောင်ရပါတယ်။

Flash CS5 (Adobe Air for iOS ) – Packager ကို သုံးပြီး iOS အတွက် Flash CS5 apps တွေ ဖန်တီးလို့ရပါတယ်။ Mac ကို သုံးစရာမလိုပဲ ရေးလို့ရပါတယ်။ စျေးနှုန်းကတော့ $600 ဝန်းကျင်ရှိပြီးတော့ upgrade လုပ်တာဆိုရင်တော့ $200 ပေးရပါလိမ့်မယ်။

Unity – Game တွေအတွက် သီးသန့်ဆိုရင်တော့ Unity ရှိပါတယ်။ သူက 3D object တွေအတွက် Editor ပါပြီးသားဆိုတော့ တော်တော်လေးကို ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ထို့အတူ စျေးလည်း ကောင်းပါတယ်။ iPhone သီးသန့်အတွက် Unity ဆိုရင် $300 လောက်ပေးရမှာဖြစ်ပြီး Unity Pro ဆိုရင်တော့ $1500 လောက်ကုန်ပါလိမ့်မယ်။ Android အတွက်ပါရေးမယ်ဆိုရင်တော့ $3000 လောက်တော့ ကုန်ကျပါမယ်။

Hybrid App Creators (HTML/Javascript and HTML/ruby based)

Appcelerator – native app ကို HTML/Javascript ကို သုံးပြီး ရေးလို့ရမယ့် နည်းလမ်းပေါ့။ UIWebView ကို သုံးပြီး iPhone မှာ run တာပေါ့။ သူက Free ပါပဲ။

Phonegap – Appcelerator နဲ့ အတူတူပါပဲ။ သူကတော့ Appcelerator ထက်စာရင် ရေးရတာ ပိုလွယ်ပြီးတော့ support နဲ့ communities အားကောင်းတယ်လို့ ဆိုရပါမယ်။

Rhomobile – Ruby ကို သဘောကျတဲ့သူတွေအတွက်ကတော့ Rhomobile က အဆင်ပြေပါလိမ့်မယ်။ ROR သမားတွေ အကြိုက်ပေါ့။ noncommericial application အတွက် free ပါ။

Conclusion

Flash သမားတွေအတွက်တော့ Flash CS5 က အသင့်တော်ဆုံးပေါ့။ Airplay SDK ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ SDK ဆိုလည်း မမှားပါဘူး။ Corona ကတော့ စျေးနည်းနည်းများတယ်လို့ ထင်ပါတယ်။ နောက်ပြီး Lua language ကိုလည်း လေ့လာဖို့ လိုလိမ့်မယ်။ Corona စျေးများတာကတော့ Unity စျေးများတာကို မမှီဘူးလို့ဆိုရမလားပဲ။ သို့ပေမယ့် Unity က Game Development အတွက် တော်တော်လေးကို ကောင်းမွန်ပါတယ်။ Game Development အတွက် invest မလုပ်ဘူးဆိုရင်တော့ မစဉ်းစားသင့်ပါဘူး။

HTML/Javascript solutions အတွက်ဆိုရင်တော့ Appcelerator ဖြစ်ဖြစ် Phonegap ဖြစ်ဖြစ် အဆင်ပြေပါတယ်။ web developer တွေအတွက် iPhone , Android app အမြန်ရေးဖို့အတွက်ပေါ့။ Appcelerator ကတော့ သူ့ javascript တွေ သိထားဖို့လိုတယ်။ ထပ်လေ့လာဖို့လိုတာပေါ့။ Phonegap ကတော့ လက်ရှိ HTML5 application ကို iPhone , Android အတွက် ချက်ခြင်း ပြောင်းလိုက်ရုံပဲလေ။ ROR သမားတွေအတွက်တော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်။ Rhomobile က အဆင်ပြေဆုံး ဖြစ်လိမ့်မယ်။

reference: http://maniacdev.com/2010/09/cross-platform-iphone-and-android-solutions/

3 Replies to “7 Cross Platform iOS and Android Solutions”

  1. Window ပေါ် မှာ Android application ကို Phonegap သုံးပြီးတော့ ရေးထားပါတယ် အဲဒါကို iPhone အတွက်ပြောင်းမယ်ဆိုရင် ဘာတွေလိုအပ်လဲ သိချင်ပါတယ်.

Leave a Reply

Your email address will not be published. Required fields are marked *