ချဉ်းကပ်ခြင်း

ပြီးခဲ့တဲ့ သောကြာနေ့ ကိုရဲမြတ်သူ ဘန်ကောက်ရောက်နေတော့ ကျွန်တော့် ဆီကို ဖုန်းဆက်ပါတယ်။ အဓိကတော့ ပြည်တွင်းကလူတွေ ပြည်ပထွက်ကုန်တဲ့ နောက်ပိုင်းမှာ လူတော်တွေရှားလာတယ်။ Computer နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ချင်တဲ့ လူတွေ နည်းလာတယ်။ အဲဒီ အတွက် company တွေ အနေနဲ့လည်း အဆင်မပြေဘူး။ လက်ရှိ ရှိနေတဲ့ human resource တွေ ဘာကြောင့် မတိုးတက်လာတာလဲ။ ဘာကြောင့် ရှားပါးကုန်တာလဲဆိုတာကို အချိန် တစ်နာရီလောက် စကားပြောဖြစ်ခဲ့တယ်။

ရှားပါးလာတဲ့ Human Resource

Generation တစ်ခုပြီး တစ်ခု နိုင်ငံခြားထွက်လာတဲ့ အမျှ မြန်မာနိုင်ငံမှာလည်း Human Resource တွေ တဖြည်းဖြည်း ကျဆင်းလာတယ်။ လက်ရှိ ပြည်တွင်းမှာ ကျန်ရှိတဲ့သူတွေက ရာခိုင်နှုန်းအရ Fresh တွေနဲ့ Begineer တွေ ပိုများလာတယ်။ အများအားဖြင့် သင်တန်းဆင်း တွေ က များလာတယ်။ သင်တန်းဆင်း တော်တော်များများဟာလည်း လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြံု အားနည်းသလို တကယ်လိုအပ်တဲ့ project ကြီးတွေမှာ လုပ်ဖို့ကလည်း လုပ်ငန်းရှင်တွေ ကိုယ်တိုင် အာမခံရဲ ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရတနာပုံ DDoS ပြဿနာတုန်းကဆိုရင် တရုတ်လက်ထဲအပ်ပြီး ခိုင်းရတဲ့ အဆင့်ထိတောင် ဖြစ်သွားတယ်။ နောက်ပြီး ပြည်တွင်းမှာ လုပ်ငန်း Freelance network က အားနည်းနေသေးတာကြောင့်လည်းပါတယ်လို့ ဆိုရမယ်။ အချို့ လုပ်နိုင်တဲ့ လူတွေ ရှိပေမယ့် လက်ရှိ အလုပ်အပ်ချင်တဲ့သူတွေ ရှာဖွေရ ခက်တာတွေလည်း ရှိတယ်။ ရှိပေမယ့် ရှာရခက်နေတယ်။ ရှားနေတယ်လို့လည်း ဆိုရမှာပေါ့။

စိတ်ဝင်စားမှုနည်းပါးလာခြင်း

human resource တွေ ဘာလို့ ရှားပါးလာလည်း ဆိုတော့ အကုန်လုံး နိုင်ငံခြားထွက်ကုန်လို့လား ဆိုတဲ့ မေးခွန်းကို တချက်စဉ်းစားမိတယ်။ ဒီတော့ သေချာစဉ်းစားကြည့်ပြန်မယ်ဆိုလည်း မဟုတ်သေးဘူး။ နည်းပညာကို လေ့လာတဲ့လူငယ်တွေက ကျွန်တော်တို့ နှစ်တုန်းကထက် ပိုများတယ်။ နောက်ပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းကထက်လည်း Resource တွေ ပိုများလာတယ်။ ဘာလို့ Human Resource က ပိုနည်းသွားရတာလဲ။ လက်ရှိပြီးတဲ့ Fresh Graduate တွေကို Train မရဘူးလားဆိုတဲ့ အဖြေကို ကျွန်တော် စဉ်းစားမိတယ်။ ဒီတော့ ကျွန်တော် ကိုရဲမြတ်သူကို မေးကြည့်တယ်။ အဖြေက အံသြဖို့ ကောင်းတယ်။ မရတာမဟုတ်။ ရအောင် လုပ်ဖို့ စိတ်ဝင်စားမှု အားနည်းနေတာပဲ။ အသစ်ထပ်လေ့လာရမှာကို သိပ်စိတ်မဝင်စားဘူး။ နောက်ပြီး နောက်ပြီး ပြောင်းလဲလာတဲ့ technology approach တွေက အရင်တုန်းက Approach တွေနဲ့ မတူတော့ဘူး။ Android အတွက် ရေးချင်တယ်။ Android က java သမားတွေအတွက် အဆင်ပြေတယ်။ သို့ပေမယ့် လက်ရှိ java သင်တန်းဆင်း တစ်ယောက်ကို လေ့လာခိုင်းရင် သေသေချာချာ မရ။ နားမလည်တာတွေ အများကြီး။ နောက်ပြီး ဖတ်တုန်းက ရသလိုလို ဖြစ်ပြီး တကယ်ရေးမယ်ဆိုတော့ မရတဲ့ ပြဿနာတွေ ဖြစ်တယ်။ သင်တန်းဆင်းတွေရဲ့ Programming စဉ်းစားမှုက အားနည်းတယ်။ နောက်ပြီး ဒီအပေါ်မှာ မရှုးသွပ်ဘူး။ စိတ်မဝင်စားဘူးလို့ ဆိုရမယ်။ အသစ်တွေကို လေ့လာဖို့က သူတို့အတွက် ခက်ခဲနေတယ်။

ကျောင်းပြီးတဲ့ အခါမှာ Account သွားမလား Computer နဲ့ ဆက်လုပ်မလားဆိုပြီး ရွေးချယ်စရာတွေ ဖြစ်လာတယ်။ ကြာလာလေလေ computer ကို ရွေးချယ်တဲ့ အဆင့်က တဖြည်းဖြည်း နောက်ရောက်လာလေလေ ဖြစ်လာတယ်။ ကျွန်တော်တို့ computer တက္ကသိုလ်ပြီးသွားတဲ့အခါမှာ LCCI ဆက်တက်မလား computer လိုင်းပဲ လိုက်မလား ဆိုပြီး မေးခွန်းတွေ မိန်းကလေး တော်တော်များများ ကိုယ့်ဘာသာ ကိုယ်မေးလာကြတယ်။ တချို့တွေကတော့ တခြား ဘာလိုင်းတွေ ရှိသေးသလဲဆိုပြီး လေ့လာတဲ့သူတွေ လည်း ရှိလာတယ်။ computer လိုင်းကို နောက်ဆုံးမှာထားပြီး ရွေးချယ်လာတာတွေ ရှိလာတယ်။ Creativity ဆိုတာ ကိုမပြောခင် စိတ်ဝင်စားမှု အပိုင်းက အရင်အားနည်းနေပြီ။ ဒါဟာ ကောင်းမွန်းတဲ့ အရာမဟုတ်ဘူး။

Input ထည့် Output ထွက်

နောက်ပြီး သင်တန်းတော်တော်များများက သင်လာတဲ့ သင်တန်းဆင်းတော်တော်များများဟာ function ခေါ် input ထည့် output ထွက်ပြီးရော ဆိုပြီး ရေးလာကြတာလည်း များတယ်။ Memory ဘယ်လောက်သုံးသွားမလဲ။ ရေးထားတဲ့ Algorithm ကို ပိုမြန်အောင် ဖန်တီးဖို့ သိပ်စိတ်မဝင်စားတော့ဘူး။ Memory ကိုလည်း သိပ်ဂရုစိုက်မှု မရှိဘူး။ Input ထည့်လိုက်ပြီး Output မှန်နေရင် ပြီးပြီဆိုပြီး ရေးကြတာများလာတယ်။ အဲဒီတော့ ဘာပြဿနာဖြစ်လဲဆိုတော့ Web Serer ပေါ်တင်ပြီး Run လိုက်တဲ့ အခါမှာ နှေးနေကော။ Memory တွေ အများကြီး သုံးထားတဲ့အတွက် ကိုယ့် localhost မှာက အဆင်ပြေပေမယ့် တကယ့် server ပေါ်မှာ နှေးကုန်တယ်။ နောက်ပြီး server ပေါ်တင်ပြီး မ run ခဲ့ဘူးတာတွေကြောင့် localhost တွေ database username , password တွေကို အရှင်ထားရမယ်ဆိုတာကို မသိကြဘူး။ webserver ပေါ်တင် run တော့ အလုပ်မလုပ်တော့ဘူး။ အဲဒီ အခါမှ ပြန်ပြင် ပြန်ရေးရတာတွေ ဖြစ်တတ်တယ်။ တနည်းပြောရင် experience နဲ့ Knowledge ပိုင်းအားနည်းတာကြောင့် ဒီလိုတွေ ဖြစ်နေရတာပါ။

Memory ကို ဂရုမစိုက်ပဲ ရေးတဲ့ ပြဿနာက mobile တွေအတွက် ရေးတဲ့အခါမှာ သိသာတယ်။ Variable တွေကို သိုသိုသိပ်သိပ်နဲ့ လိုအပ်သလောက်ပဲ သုံးဖို့ နောက်ပြီး မလိုအပ်ပဲ Process တွေ အဆင့်ဆင့်မရေးဖို့။ တစ်ကြောင်းထဲနဲ့ ပြီးသားရမယ့် process ကို ၃ ကြောင်း ၄ကြောင်းရေးတာဟာ PC တွေပေါ်မှာ မသိသာလှပေမယ့် mobile တွေပေါ်မှာကတော့ သိသာလွန်းလှတယ်။ တနည်းပြောရင် အခြေခံ Knowledge က အားနည်းလာကြတယ်။ နောက်ပြီး ရေးထားတဲ့ file တွေကို server ပေါ်မှာတောင် upload မတင်ဘူးတဲ့သူတွေ မတင်တတ်တဲ့ သူတွေ ပိုများလာတယ်။

Database မပါမရေးတတ်

သင်တန်းတွေ တော်တော်များများကလည်း အဓိက သင်ပေးလိုက်တာ Database နဲ့ Event Driving ပဲ။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ ဘာကိစ္စပဲ ဖြစ်ဖြစ် Databaes သုံးမှ ရမယ်ဆိုတဲ့ အတွေးတွေ ပါလာတယ်။ Config Setting သိမ်းတာ အစ database မှာပဲ သိမး်ဖို့ကြိုးစားလာတယ်။ သာမာန် File Read / Write နဲ့ ပြီးနိုင်တဲ့အရာတွေကိုလည်း Database နဲ့ပဲ ရေးဖို့ စဉ်းစားမိတော့တယ်။ Database ပိုင်းကို လျော့ချထားပြီး file base သိမ်းထားတာတွေကို အလေးပေးထားတဲ့ Mobile app တွေအတွက် ရေးသားဖို့က ပြဿနာ ဖြစ်လာရတာပဲ။ Mobile app တွေ ရေးသားရတဲ့ စဉ်းစားတွေးခေါ်မှုဟာ သမာန် exe တွေ ရေးသားရတာနဲ့ မတူဘူး။ အဲလိုပဲ Web အတွက်ရေးသားရတဲ့ စဉ်းစားတွေးခေါ်မှုဟာ exe တွေရေးသားရတာနဲ့ မတူဘူး။ ဒါကို သိဖို့လိုတယ်။ Web အတွက်ရေးတဲ့အခါမှာ သမာန် value transfer တွေအတွက် session ကို သုံးသင့်သလို တစ်ခါတစ်လေတော့လည်း query string ကို သုံးဖို့လိုတယ်။ အဲဒီ အတွက် database ကိုသုံးလိုက်တာဟာ မလိုအပ်ပဲနဲ့ ရေးသားရတဲ့ အချိန် နောက်ပြီး သုံးလိုက်ရတဲ့ memory , CPU တွေ အများကြီး ကွာသွားတယ်။ C# ရေးနေတဲ့ fresh က ASP.NET ကို လေ့လာပါဆိုရင် လေ့လာရတာတွေ တော်တော်ခက်ပြီး သင်တန်း သွားတက်ဖို့ပဲ စဉ်းစားတော့တယ်။ ကိုယ်ပိုင် လေ့လာနိုင်စွမ်းတွေ ကျဆင်းလာတယ်။ အားစိုက်ထုတ်ချင်တဲ့ စိတ်တွေ နည်းလာတယ် လို့ဆိုရမလားပဲ။

ပြောင်းလဲသင့်တဲ့ သင်ကြားပုံ

ဒါတွေဟာ သူတို့တွေရဲ့ အပြစ်လားဆိုပြီး ပြောလို့မရပါ။ သင်တန်းတွေက သင်ပေးလိုက်သလောက်ပဲ သူတို့ သိကြတာပါ။ သင်ကြားပုံတော်တော်များများဟာ coporate တွေအတွက် Database Driven ကိုပဲ စဉ်းစားပြီး သင်ပေးကြတယ်။ နောက်ပြီး သူတို့ဆီမှာ အလုပ်ပြန်ခန့်လို့ရအောင် အဓိကပြန်သင်ပေးကြတယ်။ သင်တန်းဆင်း Java သမားတစ်ယောက်ကို Balckberry လေ့လာပြီး ရေးပေးပါ ဆိုရင် လေ့လာဖို့ မလွယ်တော့ဘူး။ တော်တော် အချိန်ယူပြီး လေ့လာရလိမ့်မယ်။ Java ဖြစ်ပေမယ့် မတူဘူးလို့ ဆိုရမလား။ ရေးသားတဲ့ approach မတူဘူးလို့ပဲ ပြောရမလားမသိဘူး။ လက်ရှိ သင်ကြားပုံဟာ အသစ်တွေကို ထပ်မံလေ့လာအောင် တွန်းအားပေးတဲ့ သင်ကြားပုံ မဟုတ်သေးဘူး။ လက်ရှိ လုပ်ငန်းတွေမှာ ဝင်လုပ်ဖို့အတွက်ပဲ သင်ကြားပေးထားတဲ့ သင်ကြားပုံတွေလို့ပဲ ဆိုရမယ်။ တနည်းပြောရင် corporate software တွေ ရေးသားဖို့ အဓိက သင်ပေးလိုက်တယ် ဆိုရမလားပဲ။ consumer product တွေကို ရေးသားရာမှာ Memory ပိုင်း နောက်ပြီး မလိုအပ်ပဲ Database တွေသုံးတာတွေကို လျော့ချဖို့ အပိုင်းတွေ မပါလာခဲ့ဘူး။

အနာဂတ်ကို မမြင်ခြင်း

အနာဂတ်မရှိဘူးလို့ မြင်ချင်းကလည်း စိတ်ဝင်စားမှုကို လျော့နည်းစေတာပဲ။ ဒီလမ်းကြောင်းကို သွားရင် ငါ့အတွက်တော့ အနာဂတ်ရှိမှာ မဟုတ်ပါဘူးလေလို့ အတွေးလေးဝင်လိုက်တာနဲ့ စိတ်ဝင်စားမှုက ကျဆင်းသွားပြီး ဖန်တီးမှုတွေ အားနည်းသွားပြီ။ အနာဂတ်မရှိတာမဟုတ်ပါဘူး။ အနာဂတ်ကို မမြင်ကြတာပါ။ တစ်ကယ်လုပ်နိုင်တဲ့လူ တော်တဲ့လူတွေ စိတ်ဝင်စားမှု အပြည့်ရှိတဲ့သူ လေ့လာမှုအားကောင်းတဲ့သူတွေဆိုရင်တော့ ရုံးက အလုပ်အပြင် အခြား Freelance project တွေ အလိုလို ရောက်လာမှာပါ။ တနည်းပြောရင် ရုံးလခထက် အပိုဝင်ငွေတွေ ရလာမှာ။ အဲဒီကနေ Network တွေ ရလာတဲ့အခါမှာတော့ နောက်ပိုင်း ကိုယ်ပိုင် လုပ်ငန်းလုပ်ချင်တဲ့သူတွေအနေနဲ့လည်း အဆင်ပြေလာမယ်လို့ ထင်ပါတယ်။ အကောင်းဆုံး ဥပမာ ပြရမယ်ဆိုရင်တော့ ကိုအိမောင် ရဲ့ အင်တာဗျူးကို ဖတ်ကြည့်ပါ။ နောက်ပြီး စကာင်္ပူလိုမျိုး နိုင်ငံမှာ အလုပ်လုပ်ချင်တဲ့သူတွေကလည်း ပြဿနာ ဖြေရှင်း နိုင်မှု။ အသစ်တွေ လေ့လာနိုင်မှု။ အတွေ့အကြံု စတာတွေက စကားအများကြီးပြောပါတယ်။ စဝင်ကာစ လခ နည်းနည်းဆိုပြီး စိတ်ဓာတ်ကျ အနာဂတ်မရှိဘူးဆိုပြီး တွေးထင်တာဟာ လုံးလုံးမှားပါတယ်။ ဟုတ်ပါတယ်။ စဝင်ကာစ လခ နည်းတယ်။ ဘာလို့ လခ နည်းတာလဲ ? လုပ်ငန်းရှင်ဘက်က ကြည့်ရင်တော့ တန်သလောက် ပေးတာပဲလို့ဆိုရမှာပဲ။ အရင်လူတွေက ဒါလုပ်တာ ၁ ပတ် အတွင်းပြီးတယ်။ လူသစ်တွေက လုပ်တာ ၁ လလောက် ကြာတယ်။ အဲလိုမျိုး အမြင်တွေကြောင့်လည်း ပါတာပေါ့။

တွန်းအား

သင်တန်းတွေအနေနဲ့ သင်ကြားပုံ နည်းလမ်းမပြောင်းရင်လည်း ကြာလာတာနဲ့ အမျှ လူငယ်တွေ computer ပေါ်မှာ စိတ်ဝင်စားမှုတွေ အားနည်းလာပါမယ်။ cooperate ထဲမှာပဲ လည်ပတ်နေပြီး consumer product တွေ ရှားပါးပြီး ရှားပါးလာပါမယ်။ အဲဒီ အခါမှာ နောက်ဆုံး computer လိုင်းဆို မလိုက်တော့ဘူး ဆိုတဲ့ လူတွေများလာရင် သင်တန်းတွေအနေနဲ့ ဒုက္ခရောက်လာနိုင်ပါတယ်။ တကယ်တန်းတော့ သင်ကြားရုံနဲ့တင်မဟုတ်ပဲ လက်ရှိ လုပ်ငန်းခွင်ဝင်တဲ့သူတွေနဲ့စကားပြောဆို ဆွေးနွေးဖို့တွေကို ဖန်တီးပေးလာသင့်ပြီ။ ကိုယ်ပိုင် ဖန်တီးမှုတွေကို အားပေးလာသင့်ပါတယ်။ နောက်ပြီးတော့ အနာဂတ် ကို ဖော်ပြနိုင်ဖို့ လိုပါတယ်။ အားကျ အတုယူဖို့ ကောင်းတဲ့ လူတွေအကြောင်းကို စလေ့လာကာစလူတွေ သိလာအောင် ပြောပြဖို့ လိုလာပါပြီ။ ဒါမှ လုပ်ချင်လာမှာ။ ဖြစ်ချင်လာမှာ။ အဲဒီ အခါမှာ ကြိုးစားလာကြမယ်လို့ ထင်တယ်။ တနေ့လာ စာသင်။ ပြီးရင် စမ်း။ ပြန်။ သင်တန်းပြီး project လုပ်။ စတာတွေက သင်တန်း အပျော်တက်တဲ့ အဆင့်ကနေ နည်းပညာလိုင်းထဲကို လုံးဝ အားကျ အတုယူပြီး ကူးပြောင်းလိုစိတ်တွေ ရှိလာနိုင်ဖို့ တော်တော်ခက်တယ်။ ကျွန်တော်တို့ နှစ်တုန်းကတောင် သင်တန်း အပျော်တက်တဲ့သူတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ သင်တန်းပြီး မေ့ရော အဆင့်ကနေ တိုးတက်လာဖို့ အနာဂတ်ကို မြင်အောင် ပြဖို့လိုမယ်။ ဒါတွေ ဒီလို ရှိပါလား။ ဒီလိုလုပ်တာ မှားနေပါလား။ ဒီလိုလုပ်ရင် ပိုကောင်းသွားမယ်ဆိုတာတွေကို သိလာဖို့ လိုပါတယ်။

Resource တွေကို မွေးထုတ်ပေးဖို့

တကယ်တန်းတော့ Human Resource တွေ တိုးတက်လာဖို့က လက်ရှိ သင်တန်းတွေပေါ်မှာ အများကြီး မူတည်နေတယ်။ သင်တန်းတွေ များလာတယ်။ သင်တန်းတက်တဲ့သူတွေ များလာတယ်။ သို့ပေမယ့် စိတ်ဝင်စားမှုရှိပြီး တိုးတက်ချင်တဲ့သူတွေ အသစ်ကို လေ့လာချင်တဲ့လူတွေ ရှားကုန်တယ်။ ဘာကြောင့်လဲ ? တတ်တဲ့သူတွေ တော်တဲ့သူတွေ ထွက်သွားပြီးနောက်ပိုင်းမှာ နောက်လူသစ်တွေက ဘာလို့ မတော်ကြတော့တာလဲ ? သူတို့ကို သင်ပေးမယ့်လူတွေ မရှိတော့လို့ဆိုပြီး ဆိုကောင်းဆိုပါမယ်။ သူတို့ကို သင်ကြားပေးမယ့်သူထက် သူတို့ဘာသာ လေ့လာလိုချင်စိတ်ရှိအောင် ပြောင်းလဲပေးရမယ့် စိတ်ဓာတ်လိုတယ်။ အခုအချိန်မှာ အဲလိုမျိုးလုပ်ပေးနိုင်တာ လက်ရှိ သင်တန်းတွေပဲ ရှိတယ်။ လက်ရှိ သင်တန်းတွေမှာ computer တက္ကသိုလ် ပိတ်သွားတိုင်း တက်နေတဲ့သူတွေ အများကြီးပါ။ ပေးရတဲ့ လခ တွေကလည်း အများကြီးပါ။ သို့ပေမယ့် ဘာလို့ Human Resource တွေ နည်းသွားရလဲဆိုတာက သင်တန်းတွေက အဖြေအကောင်းဆုံး ပေးနိုင်မယ်လို့ ထင်ပါတယ်။

ဒီဆောင်းပါးကို ကျွန်တော့် blog မှာ ရေးရင်ကောင်းမလား MZ blog မှာပဲ ရေးရမလားဆိုပြီး စဉ်းစားကြည့်တော့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးဖြစ်တဲ့အတွက်ကြောင့် MZ blog မှာရေးဖြစ်သွားတာပါ။ ကျွန်တော် ကိုရဲမြတ်သူ နဲ့ Android Tablet အတွက် App တွေ အကြောင်းပြောရင်းနဲ့ စဉ်းစားမိလာတာလေးတွေ ချရေးလိုက်တာပါ။

21 Replies to “ချဉ်းကပ်ခြင်း”

  1. It’s all about basic education from 1st-10th standards. You
    know the class after us is a little poorer and the one after is
    poorer still. Now only mindless herd left. They have little brains
    left after 10th standard. I mean in general. I don’t mean black
    sheeps. There will always be black sheeps. But mostly they are
    almost brain dead. If this continue, they will be 100% brain dead!
    We can’t do anything at higher education level if they got no brain
    from basic education level 🙁 This is not only happening to IT but
    to all fields.

  2. Ko MKT, I don’t totally really agree with you. It’s more or less concern with basic education. But there must be something else. Most of us who are working professionals today also came out from such education. (My primary days were from a little town called Ka Thar in the upper part of Myanmar.) Most of us didn’t join international schools. The education is still almost the same since then. I still believe the main reason is not knowing what they want to do and even if they know, not passionate enough to follow.

  3. နောက်ပိုင်းမှာအဓိက ဖြစ်တဲ့ အင်္ဂလိပ်စာတက်လာတယ် ပြောနိုင်ပေမဲ့ စာဖတ်တာကို မက်တဲ့ စိတ်က တက်မလာပါဘူး၊ သိသိသာသာကျသွားတာက အထက်တန်းအဆင့် သချာင်္ကို အထက်တန်းအပြီးမှာမရခဲ့တာနဲ့ သချာင်္အခြေခံရော စဉ်းစားပုံရော Apply လုပ်တာရော တော်တော်ညံ့သွားကြသလိုခံစားမိပါတယ်။
    Programming ကို ကျက်ဖြေတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်နိုင်သလို၊ Unseen သချင်္ာကို စာမေးပွဲမှာမေးတာနဲတဲ့ နိုင်ငံလည်းဖြစ်မယ်ထင်ပါတယ်။ Text Book ကို လေ့လာမှု့ဟာ ၈၈ နောက်ပိုင်း တစ်ဖြည်းဖြည်းကျဆင်းလာပြီး ကမ္ဘာမှာ online base learning base ကို သွားနေချိန်မှာ မြန်မာနိုင်ငံက ကျူရှင် base ပေါ်တက်လာခဲ့ပါတယ်။ စာမေးပွဲမေးခွန်းတွေရဲ့ အရည်အချင်းခွဲခြားနိုင်မှု့နဲပါးစေမှု့နဲ့ အသေမှတ်စနစ်ထွန်းကားလာမှု့က ပညာတတ်လို့ခေါ်ခံရယုံ သာသာရှိတဲ့ ဘွဲရတွေဘဲ ရလာစေတာပါ။

  4. >> The education is still almost the same since then

    Oh really? Maybe you don’t have little sister or brothers still in high schools. They don’t need to read pass the monthly exams. After that throw away previous month worth of studies. I remember my teacher teach me to do math. Now they memorizes math. There are also tutions and “spots” and teachers’ war. Syllabus also changed. A lot of stupid things put into teaching books. There are a lot of substantial changes maybe not seen visibility on the surface along the way that damage one’s own creativity and lower morality.

    Basic education is already getting deteriorating since us. But we still got out OK. It’s still better with our elder brothers. It’s worsen during my brother and worsen still with my cousin brother and sister. This is the root of all evils in Myanmar.

  5. BTW, I am happy with Ko Saturn and Ko Thiha and other posts. Maybe… just maybe… they will help shape our future generation and fill the gaps left by our stupid basic education system.

    1. Thank , ko myintkt.

      Ko Thiha post is more better than me. I’m far away from my country =( I’m far away from our next generation ,too =(

      When I arrived in sg, I feel we are too late in education. I finished basic high school from Dagon 1, one of the best school in Yangon 😛 . Our school is not bad. Activity is good. ( sometime we can’t play football >.< ) But I saw our basic education system is base on tuition. After I finished basic education, I need to attend again tuition in university life =(

      I can't tell and can't change basic education. But I can write , I can share for high education …. 18 , 19 ages are not 100% brain dead … I believe, they can train themselves when they found the flow.

  6. ိုကျွန်တော်ထင်တယ်…..
    ကွန်ပျူတာ Programming နဲ့မြန်မာပြည်မှာ
    လစာကောင်းကောင်းရလာရင်တော့ …
    ကျွန်တော်တို့ လူငယ်တွေ Programming
    ကိုပိုစိတ်ဝင်စားလာသေချာပါတယ်။
    မြန်မာပြည်မှာပဲ တော်တော်အဆင်ပြေနိုင်တယ်ဆိုရင်တော့….
    Programming ဘယ်လောက်လောက်ခက်ခက် ….
    အသေအကြေကြိုးစားမယ့်သူတွေ….များမယ်ထင်ပါတယ်။
    …………………………..
    ………………….
    ………….
    အခုဟာကနိုင်ငံခြားထွက်မယ့်သူလောက်ပဲစိတ်ဝင်စားကြတယ်။
    မြန်မာပြည်မှာပဲလုပ်စားချင်တဲ့သူတွေကစိတ်ဝင်စားမှုနည်းလာပါတယ်။
    နာမည်ကြီး Project Leader ကြီး၊ ဆရာကြီးလောက်ဖြစ်မှ ၂ သိန်း ၃သိန်းဆိုတော့….

    ဥပမာ-မြန်မာပြည်မှာ ရေကြောင်းတက္ကသိုလ်ကို လူငယ်တွေပြံုတိုးနေကြတာကိုကြည့်ပါ။
    လျှောက်တဲ့သူတွေရဲ့ အမှတ်ကလည်း ၄၉၀ လောက်တွေရှိကြတယ်။
    အဲဒီကျောင်းကိုဘာလို့ပြံုတိုးနေကြတာလဲ?
    ကျောင်းပြီးရင် လစာကောင်းကောင်းရမှာမလို့ပါ။
    ဟုတ်တယ်ဟုတ်…

    1. အဲဒီမှာ ကျွန်တော်ပြောတဲ့ အနာဂတ်ကို မမြင်ခြင်းပဲ။ ရေကျောင်းက ပြီးပေမယ့် လူခေါ်တာကို စောင့်နေရတဲ့ ရေကျောင်းပြီးတဲ့လူတွေ အများကြီး မြင်ဖူးတယ်။ ရေကျောင်းပြီးပေမယ့် စကာင်္ပူလာပြီး အစကနေ ကျောင်းပြန်တက်နေတဲ့သူတွေလည်း ကျွန်တော် မြင်ဖူးတယ်။ ဒါကြောင့် ရေကျောင်းပြီးတိုင်း ဒီလောက် လခ ရမယ်လို့ ဒီ အလုပ်ရမယ်ဆိုပြီး တရားသေ ယူဆလို့မရဘူး။ တကယ်စိတ်ဝင်စားတဲ့ ပညာ ဘာလဲ ဆိုတာကို အရင်သိမှ တကယ် အလုပ်ရမှာ။

      Project Leader တစ်ယောက်ရဲ့ ဝင်ငွေက ၂ သိန်း ၃ သိန်း လို့ ဆိုကောင်းဆိုနိုင်မယ် ။ ကျွန်တော် ဘယ်လောက်လဲတော့မသိပါ။ သူတို့ရဲ့ Experience နဲ့ ကြိုက်တဲ့ company ပြောင်းလို့ရတယ်။ နောက်ပြီး လခ ပိုလိုချင်ရင် စကာင်္ပူ ထွက်ရင်လည်း ၃၀၀၀ ဝန်းကျင် အသာလေးရတယ်။ လခ ဘာလို့ နည်းရသလဲ ဆိုတဲ့ အချက်ကို အရင်တွေးကြည့်ဖို့ လိုတယ်။ နောက်ပြီး ကိုယ့်လုပ်အားကတော့ လခ နဲ့ တန်သလား ? လခ နဲ့ မတန်ဘူးဆိုပေမယ့် တချိန်ချိန်မှာ တန်လာလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံက လူတွေ တော်တော်များများက လက်ရှိ လခ ကို သာ စဉ်းစားတယ်။ ရေတို ကိုပဲ စဉ်းစားကြတယ်။ သန့်ရှင်းရေးသမားလောက် လခ မရပေမယ့် နောက် ၁၀ နှစ် ကြာရင် အဲဒီ အချိန်တုန်းက သန့်ရှင်းရေးသမား နဲ့ ကိုယ့်ရဲ့ ဘဝအခြေအနေကို မြင်အောင် ကြည့်တတ်ဖို့လိုတယ်။

      အချို့ အနာဂတ်တွေကို လူငယ်တွေ မမြင်ရဘူး။ မြင်အောင် မကြည့်တတ်ဘူး။ ကျွန်တော် ငယ်စဉ်တုန်းကလည်း မြင်အောင် မကြည့်တတ်ဘူး။ အခုအချိန်မှာတော့ လူငယ်တွေကို အနာဂတ်မြင်အောင် ကျွန်တော် ပြောပြတတ်နေပြီ။ ရေတို အရေးကို ကြည့်ပြီး ဆုံးဖြတ်ချက်ချတာဟာ ရေရှည်အတွက် မကောင်းဘူး။ တနည်းပြောရင် အဲဒါတွေက တချို့ ဆေးမြီတိုတွေလိုပဲ။ ဥပမာ ပြောရရင် ဘောလုံးကန်လို့ ကွဲသွားတဲ့ နေရာမှာ သွေးတိတ်အောင် သဲ ၊ ဖုန်နဲ့ သိပ်သလိုပဲ။ အခုအချိန်မှာ ပြဿနာ ပြေလည်နိုင်ပေမယ့် နောက်တချိန်မှာ အဲဒါကြောင့် အရမ်းဆိုးသွားတာတွေ ဖြစ်သွားလိမ့်မယ်။

      IT Industry ပိုင်းကတော့ ကျွန်တော့်ထက် စာရင် ကိုရဲမြတ်သူတို့ ကို မြင့်ကျော်သူတို့ ပြောတာ ပိုထိရောက်မယ်ထင်တယ်။ ကျောင်းပြီးကာစ လူတွေ စိတ်ဝင်စားလာဖို့ လက်ရှိ Industry ကို တိုးမြှင့်ပေးရမယ်။ လခ များရင်တော့ စိတ်ဝင်စားလာမှာ အမှန်ပေါ့။ ဒီနိုင်ငံက company အချို့ကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။ စရိတ်နည်းတာရယ် Human Resource အားကောင်းတယ်လို့ မြင်တာကြောင့်လည်း ပါတယ်။ နောက်ပြီး လက်ရှိ လုပ်နေတဲ့သူတွေကို လခ နည်းနည်းလျော့ပြီး ရန်ကုန်ပြန်လုပ်ခိုင်းရင် လုပ်မယ့်လူတွေလည်း ရှိတယ်။ သို့ပေမယ့် လက်တွေ့ လုပ်ဖို့အပိုင်းကတော့ တော်တော်ရှုပ်တယ်။ စကာင်္ပူမှာလို နိုင်ငံခြား company တစ်ခု လာဖွင့်သာလောက် မလွယ်တော့ မလုပ်ဖြစ်ကြတာများတယ်။

  7. ကျွန်တော် အမြင်လေးပြောကြည့်မယ်။ မြန်မာနိုင်ငံမှာ အခုဖြစ်နေတာက သူငယ်တန်းက နေ ကိုးတန်း အထိက စိတ်ပူစရာမရှိဘူး လုံးဝအောင်တယ်။ အဲဒါလေးက စပြီးပြောင်းသင့်တယ်ဗျ။ ကလေးတွေရော မိဘတွေရော က လုံးဝစိတ်မပူဘူး။ အတန်းပိုင်ဆီမှာ တက် လုံးဝအောင်တယ်။ ၁၀ ရောက်တော့ ဒုက္ခလှလှကြီးတွေ့ပါတော့တယ်။ အသိလည်းမရှိဘူးလေ ကျူရှင်နည်းနည်းအကြီးကြီးတွေတက်ဖို့။ ဥပမာ ဟယ်ပင်တို့ဘာတို့။ ပြီးတော့ လုံးဝစာမလုပ်လာလိုက်တာ ၁၀ တန်းရောက်တော့ ကျောင်း ကျူရှင် ဂိုက် အဲဒီသုံးခုနဲ့တင်ပတ်ချာရိုက်နေလိုက်တာ ကလေးကမျာ ဘယ်နားကအသက်ရူရမှန်းမသိဘူးဖြစ်နေရတယ်။ ၁၀ တန်းပြီးတော့ ဘာတက်ရမှန်းမသိတဲ့ရောဂါ အဲဒါက အားလုံးကြံုရတယ်။ ဒီမှာက ဘာသာမိတ်ဆက်လည်း မလုပ်ဘူးလေ။အဲဒီလိုမျိုးလေတွေတော့လုပ်စေချင်တယ်။ ကွန်ပြူတာ တက္ကသိုလ်တက်ရင် ဘာတွေဖြစ်လာမလဲ။ နည်းပညာတက်က္ကသိုလ်တက်ရင် ဘာတွေဖြစ်လာမလဲ စသည်ဖြင့်ပေါ့။ အားလုံးက ရောင်ချာချာနဲ့ တက္ကသိုလ်ရောက်သွားတဲ့လူတွေချည်းပဲ။ အမှတ်နည်းလို့အဝေးသင်ရောက်တဲ့လူတွေကလည်း ပျက်တဲ့လူတွေချည်ပဲ။ ဒုံးရင်းဒုံးရင်းနဲ့ နောက်ဆုံးဘွဲ့လေးရ ကုမ်ပဏီမှာ ရိုးရိုးလစာနဲ့ဝင်လုပ်ကြနဲ့။ Creation ဆိုတဲ့အရာကို ကျောင်းကမသင်ပေးလိုက်လို့ သူတို့လည်း နည်းလမ်းအသစ်တွေကို Creation မလုပ်တက်တော့ဘူး။ အားလုံးက မနက်ရှစ်နာရီဆို ထမင်းချိုင့်ဆွဲ ပြီး တော့ ကားတိုးစီး မနက်ကိုးနာရီ ရုံးကိုအရောက်သွားကြ ညနေခြောက်နာရီဆို ကောင်လေး၊ကောင်မလေးတွေနဲ့ ကမ်းနားသွားထိုင်ကြ ခုနှစ်နာရီဆိုအိမ်ပြန်။ အဲဒါ ပုံမှန်ပဲ။

  8. ack ပြောတာမှန်တယ် လစာက အရေးကြီးတယ်။ ICT industry က မပေးနိုင်ရင် လူငယ်တွေက အခြား industry ကိုသွားမှာဘဲ။ အစကတည်းက စိတ်မဝင်စားဖြစ်ရင် telnet ရှိသူတွေ IQ မြင့်သူတွေ ဝင်တိုးမလာရင် ဘယ်မှရွေ့မှာလဲမဟုတ်ဘူး။ အခုမြင်နေရတာက လက်ရှိလုပ်ငန်းတွေမှာ ဝန်ထမ်းတင်ညံ့တာမဟုတ်ဘူး management နဲ့ Owner ကလဲညံ့တယ်။ industry တက်ဖို့ ဝန်ထမ်းတွေ ဝင်ငွေကောင်းဖို့လိုသလို industry လဲ ကောင်းဖို့လိုတယ်။ သူတို့ ဘက်မှာ ညံ့နေလို့မတက်တာတွေ လဲအများကြီးဘဲ။ စိတ်ပူတာက Business Change တခုခုကြောင့် ICT လိုလာချိန်မှာ အပြင်ကဘဲ ဝင်လာနေတာ တွေ တွေ့တွေ့နေရတယ်။ ငွေအများကြီးသုံးနိုင်သူ သုံးနေသူတွေရဲ့ ယုံကြည်မှု့မခံရဘူး၊ ပေါတယ်လို့မြင်ပေမဲ့ တန်တယ်လို့ မမြင်ဘူး၊ ဝင်လာတဲ့ investment တွေ Project တွေ Government အသုံးတွေ Banking Sector တွေမှာ လိုအင်တာက်လာတာ ပေးနိုင်စွမ်းတက်လာတာ တွေရပေမဲ့ industry ကို pump မဖြစ်သလို ICT professional တွေကို လဲ ရေလောင်းပေါင်းသင်ဖြစ်မလာဘူး။ ဒီအတိုင်းဆက်သွားရင် ICT စျေးကွက်ဟာ မြန်မာတွေလက်ထဲဆက်ရှိတောင် ပြည်ပရောက်တကယ်တတ်တဲ့ မြန်မာတွေ လက်ရောက်ဖို့ပိုရှိတယ်။ လုပ်ငန်းရှင်တွေ အသုံးမကျဘူး ဆ်ိုတာကို တာဖို့ တကယ်တတ်တဲ့ professional လုပ်ငန်းရှင်တွေ( မြင့်ကျော်သူ တို့ အိမောင်တို့လို) တွေ များလာပြီး ဝင်တိုးနိုင်စေချင်တယ်။ လက်ညိုးလိုက်ထိုးရင် စုံလိုက်မြုတ်မသွားခင် company တွေ re-engineering ပြန်လုပ်ဖို့လိုသလို ပညာရှင်တွေ professional ဖြစ်ဖို့တကယ်လိုလာတယ်။ တကယ်တော့ industry မှာလိုတာ ထူးဆန်းတဲ့ အသစ်တည်ထွင်စရာမရှိပါဘူး၊ Self learning နဲ့ Service minded ရှိရင် Profession ပညာတခုတကယ်တတ်ရင် Team work ကို လက်ခံပြီး အခြားသူရဲ့ professional ပညာကို လေးစားရင် တက်သွားကြမှာပါ။ စပြောင်းချိန်တော့တန်နေပြီ။ မဟုတ်ရင် ဒိုင်နိုဆောကြီးတွေ အဖြစ် မျိုးတုန်းကြတော့မယ်။

  9. ကျွန်တော်အမြင်ကိုပြောရရင်တော့ တကယ်တမ်း သူငယ်တန်းကနေဘွဲ့ရတဲ့အထိ ဘာမှကြိုးစားစရာမလိုပဲ ပေါ့ပေါ့ပါးပါးအောင်သွားတဲ့ လူငယ်တွေကိုတွေ့ရတယ်။ သူတို တွေအလုပ်ခွင်ရောက်မှတိုင်ပတ်တော့တာပဲ။ နောက်ပြီး ကျုရှင်ဆိုတာကလည်း ဆရာမတွေကိုလစာကို တန်ရာတန်ကြေး မပေးလို့ဖြစ်တဲ့ပြသနာပါပဲ။ ဆရာဆရာမ လခနဲ့ မလောက်တော့ ကျူရှင်သင် ၊ ကျောင်းသားမိဘဆိုတာကလည်း ကိုယ်သားသမီးကို အောင်စေချင်တော့ spot တောင်း အဲဒါနဲ့ပဲ ပညာရေးလောကကြီးကခြစားခဲ့ရတာပါ။ အမှန်မှန်ဆို တိုင်းပြည်နယ်စွန်နယ်ဖျားအထိ လိုက်ပြီး အမှုထမ်းနေရတဲ့ ဆရာဆရာမတွေကို သင့်တော်တဲ့လစာတော့ပေးစေချင်ပါတယ်။ မြန်မာနိုင်ငံမှာအမှုထမ်းနေတဲ့ဆရာဆရာမတွေဆိုတာလည်း ချမ်းသာတယ်ဆိုတာရှားပါတယ်။ (မှတ်ချက် ဒဂုံ (၁)က ဆရာဆရာမများမပါ) အခုကြတော့ ကျုရှင်သင်တဲ့သူကို အလုပ်ထုတ် (အခုကတော်ပါသေးတယ်)။ ဟိုးအရင်ကဆို ကျုရှင်သင်ရင် ထောင်ငါးနှစ်အနည်းဆုံးပဲ။ အခုလို force လုပ်မယ့်အစား အေးအေးဆေးဆေးကိုင်တွယ်သင့်ပါတယ်။

  10. အရေအတွတ် တိုးပေ ့မယ် အရည်အချင်းမရှိလာတော ့ဘူးလေ။ သင်တဲ ့သူတွေရဲ ့သင်ကြားပြသမှုကြောင့်လည်းပါတယ်။ ကွန်ပြူတာပြီးရင် ဘာရလဲဆိုတာတွေလည်းပါတယ်လေ။
    အဲဒါကြောင့်လို ပဲ မှတ်ယူတော ့တယ်။

  11. မြန်မာပြည်ကို အမေရိကန်စီးပွားရေးပိတ်ခါစအချိန်က အထည်ချုပ်လုပ်ငန်းရှင်တစ်ယောက် Hong Kong ကို ရုံးပြောင်းပြီး လုပ်ငန်းကို တရုပ်ပြည်ရွေ့ခဲ့ပါတယ်။ ဟိုမှာ ဆက်လုပ်တော့ အလုပ်သမားလခတွေ တက်ပေးရတယ်လို့ပြောပါတယ်။ တစ်ဦးခြင်းလခကို တိုးပေးရပေမဲ့ လက်တွေ့မှာ ထွက်လာတဲ့ အထည်ပေါ်မှာ ကုန်ကျစရိတ်ဟာ ကျသွားပါတယ်တဲ့။ သူဋ္ဌေးတူအလုပ်တူမှာ သူတို့က ဘာလို့ပိုပေးရကျိုးနပ်တယ်ဆိုတာသူသလောပေါက်သွားတယ်တဲ့။ နောက်သူပြောတာက ငါးသောင်းတန် ငါးယောက်လုပ်စာလုပ်နိုင်သူ ကို ၂သိန်းခွဲပေးရရင် တန်တယ်တဲ့ ဘာလို့လဲဆိုတော့ admin cot လျော့တယ် Office space နဲသွားတယ် energy using ကျသွားတယ်တဲ့။ ဒါတောင်သူပြောပြတဲ့ ငွေမအိပ်တဲ့အပြင်ဘဏ်တွေကကူညီပေးတဲ့ logistic မှာ risk နဲတဲ့ ဟာတွေနဲ့ ကြည့်တော့ tax ပေးရတာတောင်တန်တယ်ဆိုဘဲ။
    တလောက ဂျပန်တစ်ဖွဲ့ အရုပ်စက်ရုံ လုပ်ဖို့ နိုင်ငံတွေအလိုက်သူတေသနလုပ်တော့ ပစ္စည်းတခုခြင်းအတွက် ကုန်ကျစရိတ်လုပ်ခက မြန်မာအများဆုံးဘဲတဲ့။ investment ကိစ္စကိုပြောတာပါ။ တလောက ACE က ဆရာဦးသိန်းဦးက ပြောတာက OJT japan လွတ်ရင် လုပ်နိုင်သလောက် မြန်မာပြည်ပြန်ရောက်ရင် မြန်မာလိုပြန်ဖြစ်သွာဒးဆိုဘဲ။
    တကယ်တော့ creative base ဖြစ်တဲ့ knowledge worker တွေ ကို အလုပ်ချိန်ဆိုတဲ့ ဗြူရိုကရက် အုပ်ချုပ်မှု့ကနေ တဆင့်တက်အုပ်ချုပ်နိုင်ဖို့နဲ့ ဖန်တီးနိုင်သလောက် ရနိုင်တဲ့ စနစ်တခု နှစ်ဖက်လက်ခံပြီးပေါ်မလာမခြင်း စိုးရိမ်မိတယ်လို့ဘဲပြောပါရစေ။

  12. အခု လူငယ်တော်တော်များများက EXPERIENCE ဆိုတာကို မေ့နေကြတယ်။ အလုပ်ရွေးနေကြတာများတယ်လေ။ ဟာ … ဒီဟာက ငါလုပ်ချင်တာမဟုတ်ဘူး။ ဟိုဟာက ငါ၀ါသနာပါတာဆိုပြီးတော့ ဂျီးများနေလို့မဖြစ်ဘူးလေ။ အဆင်ပြေတဲ့အလုပ်တစ်ခုကို လုပ်ရင် ကိုယ်ဝါသနာပါတဲ့ အရာကို စောင့်နေလဲဖြစ်တာပဲ။ ကလေးတုန်းကလိုပေ့ါ .. ၀ လုံးစရေးရင် မညီမညာနဲ့ .. နောက် ကြာတော့လဲ ၀ိုင်းအောင်ရေးတတ်သွားကြတာပဲလေ…
    နောက်ပြီး … အခုတစ်လော သင်တန်းတွေမှာ ကြည့်မိတာက သင်တန်းကို မိဘက တတ်ခိုင်းလို့တတ်ရတယ်ဆိုတဲ့သူကများနေသလိုပဲ??? မိဘက ဟိုသင်တန်းတတ်ဆို တတ်လိုက်ပြန်ပြီ။ သင်တန်းရောက်ရင် ဟေးလားဝါးလားနဲ့ အချိန်ကုန် သင်တန်းပြီး အိမ်ပြန်တာပဲ။ မိဘတွေကလည်း ဟိုး အရင် မူကြိုတုန်းကလို ဒီနေ့ဘာသင်လာလဲ ပြန် Check ကြတာလဲမဟုတ်ဘူးလေ။ ပြောချင်တာက .. သင်တန်းဆိုတာကို သူများတတ်ခိုင်းတာထက် .. ကိုယ်တကယ် စိတ်ဝင်စားလို့ တတ်ချင်တာမျိုးပဲဖြစ်စေချင်တယ်.. 🙂

  13. အစ်မကတော့ culture ကိုပဲ အပြစ်တင်ချင်ပါတယ်။ classroom culture နဲ့ learning culture ပါပဲ။
    မူကြိုစတက်ကတည်းက အေ၊ ဘီ၊ စီ၊ ဒီ ကိုအလွတ်အော်ဆိုရတယ်။ မူလတန်းမှသည် အထက်တန်းအထိ ဆရာမပေးတဲ့ စာအတိုင်း ၏၊ သည် မရွေးကျက်မှတ်မှ ၏ ၊ သည် မရွေးဖြေမှ အမှတ်ပြည့်ရတယ်။ ကိုယ် နားလည်သလိုပြန်ရေးလို့ အကြောင်းအရာမှန်ကန်သော်လည်း ဆရာမ ပေးထားတဲ့ မှတ်စုအတိုင်း မဖြေလို့ အမှတ်လျော့တယ်။ ဒီculture နဲ့ အရိုးစွဲလာခဲ့တယ်။ ဒီ culture နဲ့ brain wash လုပ်ခံထားရတာက ဘာလဲဆိုတော့ သင်တဲ့ဟာကို လိုက်မှတ်ရေး၊ အလွတ်ကျက်၊ အဲဒီတိုင်း အလွတ်ဖြေ ဆိုတာကိုပဲ။
    creative thinking ကို ပိတ်ပင်လိုက်တယ်။ creativity မရှိတော့ဘူး။ အခြေခံအသိပညာတစ်ခုကို ရသွားရင် ဆင့်ပွားတီထွင်လို့ရတယ်ဆိုတာကို ပိတ်ပင်ခံခဲ့ရတယ်။ အဲဒါကို လုပ်ရမှာ ကြောက်သွားတယ်။ မသိစိတ်မှာက ကြောက်စိတ်ဖြစ်နေတယ်။ အဲဒါကနေ မိမိကိုယ်မိမိ ယုံကြည်မှုတွေ လျော့လာတယ်။ တကယ်တော့ ငွေရတာ မရတာနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်က လုပ်အားခ ပေးတာ နည်းတာ၊ များတာနဲ့ မဆိုင်ပါဘူး။ ဒါတွေက သင်တန်းပြီးလို့မှ အလုပ်လုပ်တော့မှ ကိစ္စဆိုတော့ လုပ်အားခနည်းလို့ တီထွင်စွမ်းရည်တွေ ကျဆင်းလာတာ မဟုတ်ပါဘူး။
    နောက်တစ်ခု culture ကတော့ လူကြီးတွေက လူငယ်တွေကို မယုံကြည်တဲ့ အလေ့အထပါပဲ။ လူကြီးတွေက လူငယ်တွေကို လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်တော့ တာဝန်မလွှဲပေးဘူး။ အသေးအဖွဲကိစ္စလေးကအစ လူကြီးက ဝင်ပါတယ်။ ကိစ္စအားလုံးက အထက်ကိုတင်ပြရဦးမယ်ဖြစ်နေရော။ အဲဒီတော့ လူငယ်တွေကို ကိုယ်ပိုင်ဆုံးဖြတ်ဖို့ အခွင့်အရေးကို ပိတ်ပင်လိုက်တယ်။ GCE သင်ရိုးညွှန်းနဲ့ သင်တဲ့ ကျောင်းတွေမှာက culture နဲ့ မတူပါဘူး။ အဲဒီကျောင်းတွေမှာက ကျောင်းသားတွေ စိတ်ပါဝင်စားရာ club တွေ အသီးသီးမှာ ကျောင်းတွင်း အပတ်စဉ် သတင်းစာ၊ မဂ္ဂဇင်း club ဆိုရင်လည်း ကျောင်းသားတွေကပဲ သတင်းစာထွက်လာအောင် လုပ်သွားတယ်။ music/ drama club ဆိုရင်လည်း stage performance ကို ကျောင်းသားတွေကပဲ စီစဉ်လုပ်သွားတယ်။ ဒီကျောင်းသားဘဝမှာတုန်းက ဘယ်မှာ အလုပ်ရှင်၊ လုပ်အားခရှိလို့လဲ။ လုပ်ချင်တဲ့ ကျောင်းသားက လုပ်တာပဲ ဆိုတော့
    ဒါက မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ ဆိုင်သွားတယ်။ ငါ လုပ်တာဖြစ်ရမယ်ဆိုတဲ ့ယုံကြည်ချက်။ အဲဒါက အားနည်းနေတယ်လို့ မြင်ပါတယ်။
    ဘာလို့လဲဆိုတော့ စိတ်က အဓိကပါ။ လုပ်ချင်စိတ်ရှိရင် ဖြစ်အောင်ကို လုပ်သွားတာပဲ။ လုပ်နိုင်တာပဲ။
    စေတန်ပြောတဲ့ ရူးသွပ်မှု မရှိလို့ဆိုတာကို သဘောတူပါတယ်။ ကျောင်းသားဘဝမှာက လစာမှ မရတာပဲ။ ရူးသွပ်မှုတစ်ခုတည်းနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ လုပ်သွားကြတာပါ။
    နောက်တစ်ခုက အမှတ်ကောင်းဖို့ ၊ သင်တန်းဆင်းလက်မှတ်တွေများများ ရှိနေဖို့က အဓိက ဖြစ်သွားတဲ့ cultureပါ။ ၏ ၊ သည် မရွေး ဖြေရတဲ့ အလေ့အထမှာ အမှတ်ကောင်းဖို့အတွက် ကူးချ၊ခိုးချတဲ့အလေ့အထ ဖြစ်သွားတယ်။ ကူးချ ၊ ခိုးချလို့ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်တာတွေက လုပ်ငန်းခွင် ဝင်တဲ့ခါ ဒုက္ခဖြစ်တော့တာပါပဲ။ ရေကူးသင်တန်းမှာတော့ ခိုးချလို့ မရဘူး။ တကယ်မတတ်ရင် ရေနစ်မှာပဲ။ လုပ်ငန်းခွင်က ရေကူးသင်တန်းနဲ့သွားတူတယ်။
    နောက်တစ်ခုက သင်တန်းပေးပုံပါ။ မလေးရှားနိုင်ငံမှာ သူ့နိုင်ငံသား အိုင်တီပညာရှင်တွေ အရမ်းများတယ်။ အိုင်တီဌာနအတွက်ဆို နိုင်ငံခြားသားကို မခန့်ဘဲ (ခန့်စရာမလိုဘဲ) သူ့နိုင်ငံသားတွေချည်းပဲရှိနေတာ ဘာကြောင့်လဲဆိုတော့ အစိုးရသော်လည်းကောင်း၊ company အဖွဲ့အစည်းတွေကသော်လည်းကောင်း ကျောင်းတွေကိုသွားတယ်။ ပရိုဂရမ်းမင်းဆိုတာ ဘာမှန်း တစ်လုံးမှ မသိတဲ့ နိုင်ငံသားကျောင်းသားတွေကို စည်းရုံးတယ်။ သူတို့ဆီမှာ သင်တန်းလာတက်ဖို့ စည်းရုံးတယ်။ သင်တန်းကာလမှာ laptop တစ်လုံးစီနဲ့ သင်တန်းလာတက်တဲ့အတွက် allowance ဘယ်လောက်ဆိုပေးတယ်။ အဲဒီလို သင်တန်းတွေ ဖွင့်ပေးပြီး သင်တန်းမှာ ပရောဂျက်တွေ လုပ်ခိုင်းသွားတယ်။ စစချင်းမှာ မက်လုံးလေးတွေနဲ့ ဆွဲဆောင်ပြီး ကျောင်းသားက ဒီထဲမှာ စိတ်ပါဝင်စားသွားတယ်။ ပရောဂျက်တွေကနေလည်း ပိုက်ဆံပြန်ရလာတဲ့အခါ လုပ်ပျော် ၊ သင်ယူပျော်လာတယ်။ သူတို့ စလာ စည်းရုံးရင် Java သင်တန်းကနေ စည်းရုံးပါတယ်။ ဒါမျိုးတွေကို တစ်တိုုင်းပြည်လုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ အကုန်လုံးကို ဆင်းပြီး ကျောင်းသားစုတယ်။ ကျောင်းသားရဲ့ သွားလာမှု လွယ်ကူစေမယ့် အခြေအနေပေါ်မူတည်ပြီး သင်တန်းနေရာကို ကျောင်းသားတွေ အဆင်ပြေတဲ့နေရာမှာ ဖွင့်ပေးတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံသားကျောင်းသားပဲ ဖြစ်ရပါတယ်။ အဲဒီလိုနဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ ဘယ်အိုင်တီဌာနမှာမဆို နိုင်ငံခြားသားဆိုတာ မရှိဘူးလို့ ပြောလို့ရအောင်ကို မရှိသလောက်ပါပဲ။
    အရိုးစွဲနေတဲ့ cultureတွေကို ပြောင်းလဲပစ်နိုင်မှပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ခုနေ စပြောင်းမယ်ဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေက အချိန်ပေးဖို့လိုတဲ့အတွက် အချိန်ကာလတစ်ခုတော့ အချိန်ပေးရမှာပါ။

    1. classroom culture နဲ့ learning culture ဆိုတာထောက်ခံပါတယ်။ ဒီတစ်ခုတည်းကြောင့်မဟုတ်ပေမဲ့ လူငယ်တွေတော်သင့်သလောက် တော်မလာတာ ဒါကြောင့်လို့ ထင်ပါတယ်။ မူလတန်းမှသည် အထက်တန်းအထိ မဟုတ်ပဲ ရိုးရိုးဘွဲ့သာမက အချို့သောဘွဲ့လွန် ပါရဂူဘွဲ့တွေမှာလည်း အလွတ်ကျက်တာသာ ပညာလို့ ထင်နေကြပါတယ်။
      ကိုရဲမြတ်သူတို့ ပြောသလို လစာ (တနည်းအားဖြင့်) အကျိုးဖြစ်ထွန်းမှုကြောင့်လည်း ပါမှာပါဘဲ။ ကြိုါ်စားတဲ့သူ တော်တဲ့သူထက် အဆင်ပြေ လက်သင့်ရာ လူက ကောင်းစားတတ်ကြတော့ ကြိုးစားလည်း မထူးဘူးဆိုတဲ့ စိတ် လူတော်တော်များများမှာ ရှိနေတာ သတိထားမိတယ်။

  14. ဘာကြီးဖြစ်ရင် ဝင်ငွေကောင်းမလဲကို သိဖို့ မြန်မာပညာရေးဈေးကွက်မှာ ထိပ်ဆုံးက ဆေးကျောင်းပါ သို့သော် ဆရာဝန်ဖြစ်ရင် ချမ်းသာသွားလား၊ အင်ဂျင်နီယာတွေဘယ်လိုနေလဲ၊ ရှေ့နေတွေ နဲ့ အခြား ပညာရှင်တွေရော ဖြစ်တာနဲ့ ဝင်ငွေကောင်းကြရောလား စဉ်းစားစရာရှိပါတယ်။ ငွေသီးနေနဲ့ ဆရာဝန်အင်ဂျင်နီယာတွေရှိပေမဲ့ သူတို့အရည်အချင်းနဲ့သူတို့ပါ။ ဘွဲ့ရတာနဲ့ တတ်တာနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။
    အခုနောက်ပိုင်း မြန်မာသူဋ္ဌေးတွေ ငွေပေးနိုင်တော့ နှာစီးချောင်းဆိုးကို ဘန်ကောက်သွားကုနေကြပါတယ်။ ဟိုမှာစိတ်ချမ်းသာတယ် ပေးရကျိုးနပ်တယ်နဲ့ပြန်လာပါတယ်။ ဟိုက သူတို့နဲ့ ထိတွေ့တဲ့ ဆရာဝန်တွေထက် ပိုတတ်တာတွေ ဒီမှာ အများကြီးပါ သိူု ့သော် မြန်မာဆေးရုံဆေးခန်းတွေရဲ့ service minded နဲ့ Operation System က သူတို့လောက်မချောမွေ့ပါဘူး။ ဆရာဝန်မဟုတ်တဲ့ အခြားကျွမ်းကျင်သူတွေ သူတို့လောက် မရှိပါဘူး။ တကယ်တော့ စနစ်တခုမှာ ဆရာဝန်သာမက သန့်ရှင်းရေး ကအစအရေးပါတယ်ဆိုတာ လုပ်ငန်းတည်ဆောက်သူတွေ နားလည်တည်ဆောက်နိုင်မှု့ကွာတာက သိပြုရမည့်အချက်ပါ။

  15. ကျနော်ကိုုယ်တိုုင်က လိုုအပ်ချက် အများကြီးရှိတာ ဦးစွာဝန်ခံပါတယ်။ ကွန်ပျုတာ နယ်ပယ်ထဲဝင်တာလဲ အချိန်သိပ်မကြာသေးသလိုု ဒီလိုုအချိန်တိုုတွင်းမှာ သိချင်းစိတ်များနေတာကြောင့်လဲပါတယ်။ ဘာလုုပ်ရမှန်းမသိဘဲ ဇွတ်ဝင်လာမိတာ အသေချာပါပဲ အိုုင်တီနည်းပညာကိုု ဘယ်သွား ဘာလုုပ်ဆိုုပြီး ဘယ်သူမှလည်းဂိုုက်လုုိင်းမပေးနုုိင်ခဲ့ပါဘူး။ ဒီလိုု Forum တွေ အကိုုတွေ အမတွေအားကိုုတွေပဲ ဖတ်ပြီး အတင်းတိုုးထွက်လာရပါတယ်။
    အထက်ဖော်ပြပါက ဘာကိုုဆိုုလိုုချင်လဲဆုုိတော့ ဦးတည်ရာမရှိပဲ ကျနော် အိုုင်တီလောကထဲဝင်လာမိတာကိုုဆိုုလိုုတာပါ။
    လွန်ခဲ့တဲ့ (၁)နှစ်လောက်က စပြီး ကွန်ပျုတာ အခြေခံသိအနည်းငယ်သိလာတယ်။ ဒါနဲ ့ကျနော့်ကိုုကျနော်သတိထားမိတာ ကိုုယ့်ဘာသာ ကိုုယ်အရှိန်ကောင်းနေတယ်ဆိုုတာပဲ လေ့လာအား (ဥပမာ ကိုုစေတန်တိုု ့ဆိုုဒ်တွေ ဘလေ့ာတွေဖတ် Ebook တွေဖတ်ရင်း Tutorial တွေဖတ်စမ်းနေတာ အတော့်ကိုုထိရောက်နေတယ်။ တကယ်လဲ လုုပ်ဖြစ်တယ်။ အဲတုုန်းက အရှိန်ရနေတာ ကျနော်ကိုု အရှိန်သေစေခဲ့တယ်။ ခုု ကျနော်မြန်မာပြည်ရဲ ့နာမည်ကြီး Software House တခုုကဖွင့်တဲ့ Software Engineer Diploma တခုုကိုု တက်ရောက်နေပါတယ်။ (နာမည်လဲ မပြောပါဘူး သင်တန်းကျောင်းကိုု တုုိက်ခိုုက်နေတာမဟုုတ်တော့) သင်တန်းကြေးလဲ ၈၀၀ ကျော်လောက်ပေးရပေမယ့် သူတိုု ့မတက်ခင်ဆွေးနွေးတုုန်းကပြောပုုံက ကျနော် ဘဝကိုု အိမ်မက် မက်ချင်စရာကောင်းတဲ့ အနာဂါတ်ကိုုရစေပါတယ်။
    သင်တန်းမှာလဲ တကယ့်လုုပ်ငန်းခွင်က ၆ နှစ် ရ နှစ် အတွေ ့ကြုံရှိ ဆရာတွေကသင်မယ်ဆိုုလိုု ့လဲ သူတိုု ့ဆီက လုုပ်ငန်းခွင်အတွေ ့ကြုံတွေ ရမယ်လိုု ့များစွာမျှော်လင့်မိပါတယ် ကျနော်ကိုုယ့်ဖာသာ ဖတ်လေ့လာတုုန်းက ဟာတွေမသိရင်မေးမယ် ဆွေးနွေးမယ်လိုု ့များစွာအိမ်မက် မက်ခဲ့မိပါတယ်။ ဒါပေမယ့် တကယ့်သင်တန်း တက်နေချိန်မှာတော့ ဒီနေ ့သင်မှာကိုု ဒီနေ ့ဖတ်ပြီးလာသင်တဲ့သူတွေကများနေပါတယ် သူတိုု ့လဲ မေးခွန်းကိုု တခုုမေးရင် အဆင်ပြေပြီးနောက်တခုုမေးရင် လုုံးဝအဆင်မပြေတော့ပါဘူး။
    ကျနော်တိုု ့သင်တန်းမှာ ပထမ မော်ဂျုးမှာ programming နဲ ့အခြား SE ဆိုုင်ရာဘာသာရပ်တွေသင်ပါတယ်.။အခြားဘာသာရပ်တွေကိုု ကျနော်အဆင်ပြေပေမယ့် Programming J2SE က အစပြုလိုု ့ ခုုဆိုု J2ME ထိရောက်ပါပြီ ။ ကျနော် w3 school တိုု ့အခြားဆိုုဒ်တွေမှာ ဖတ်ပြီးကိုုယ့်ဖာသာ စမ်းနေရတာမှ အဆင်ပြေပါသေးတယ်။
    ကျနော်ဒီနေရာမှာဆိုုလိုုချင်တာ ကိုုယ်တိုုင်လေ့လာချင်စိတ်အားသန်နေရဲ ့နဲ ့ဘာကြောင့်မှန်းမသိ ကျနော်ကိုုယ်ကျနော်သတိထားမိတာ စိတ်တိုုင်းမကျမှုု ဒီတခုုပေါ်အများကြီးမျှော်လင့်ထားမှုုတွေ ကျပြီး ကိုုစေတန်ပြောတဲ့ အနာဂါတ်ကိုုမမြင်ချင်းကိုု စတင်စေခဲ့ပါတယ်။ စိတ်အားထက်သန်ချိန် အားကျစိတ်များတဲ့ချိန်မှာ စာတွေအရမ်းဖတ်စေခဲ့ပြီ ခုုကျတော့ စိတ်ကျခြင်းတွေကိုု မနည်းကိုုယ့်ဘာသာ ထိန်းနေရပါတယ်။
    ခုုလိုု ဘလော့တွေဖတ်တိုုင်း အားပြန်တက်စေခဲတာတော့အမှန်ပါ။ ဒီအတွက် ကျေးဇူးလဲ အရမ်းတင်ပါတယ်။

    ခုုတော့ Java သင်ရင်လဲ ထိထိရောက်ရောက်မဟုုတ် အစလေးစပြီးရပ်ထားလိုုက်ပြန်ပြီ ကျောင်းသားတွေ java ပရောဂျက်ကိုုမလုုပ်နုုိင်မှာဆိုုးလိုု ့တဲ့ .Net ကိုု အပိုုသင်ပြီး ပရောဂျက်ကိုု .Net နဲ ့လုုပ်ရမယ်တဲ့။ပရောဂျက်ကိုုလဲ Database က data ကိုု read & write ုလုုပ်တာပါပြီး လိုုအပ်ချက်လေးပါရင်ရပါပြီတဲ့။
    ကျနော်ဆိုုလိုုချင်တာက ကိုုယ်တုုိင်က တကယ်ဘာမှသေချာမရသေးဘူး တခုုခုုကိုုအားစိုုက်လုုပ်မယ်ဆိုုတော့လဲ ကျနော်တိုု ့လိုုအပ်တဲ့ ထောက်ပ့ံမှုမပြုနုုိင် ပြီးတော့ အခြားတခုုရွေ ့တယ်။ သင်ရင်လဲ ပရိုုဂရမ်ကိုု w3 လိုုဆိုုဒ်က နမူနာ program ကိုု စာရွက်ဝေပြီး ကူးရိုုက်ခိုုင်းပါတယ်။

    အဲလိုု မျိုး နည်းစနစ်တွေကြောင့် ကျနော်တိုု ့သေနေရတာတွေများပါတယ်။ အရင် ဗုုိလ်တထောင် NMC မှာတက်တုုန်းက ဆိုုရင်တောင် စိန်ခေါ်မှုု အပြိုင်အဆုုိင် တွေရှိသေးတော့ မဖြစ်ဖြစ်အောင်လုုပ်လိုုစိတ်တက်ကြွစိတ်တွေရှိပါသေးတယ်။ ခုုအဖြစ်တွေများနေတယ်။။

    ကျနော်ကိုုတုုိင်လိုုအပ်ချက်တွေများလိုု ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခုုလိုု နည်စနစ်သင်တန်းကြောင်းတွေ တော့ပြင်စေချင်ပြီဗျာ။ မနေ ့က သင်တန်းပြီးတဲ့ဆရာတွေ သင်တာက ကျနော်တိုု ့ကိုုသတ်နေသလိုုပဲ။

    ခုုတော့ ဘာပြောပြော အခြေခံလေးလဲ မဆိုုသလောက်နည်းနည်းရှိလာပြီဆိုုတော့ ကိုုယ့်အရှိန်နဲ ့ကိုု စာဖတ်လိုုက် စမ်းလိုုက်နဲ ့ပဲ လေ့လာနေပါတယ်။

  16. I would like to say about the system of education of myanmar today. I am attending dagon university in yangon now with math major. Most teachers don’t teach us to understant. They alway say to us to attend in the tution where they have opened.
    They also promise to us that we do not need to worry to pass the final exemination if we attend in their tution. So the youth of today like us can’t learn to really know educate.But we get the method to pass exem. I think that youths of today are not leaders of tomorrow if go on like this.

Leave a Reply

Your email address will not be published. Required fields are marked *