Kno မနက်ဖြန်စပြီး ဖြန့်ချီတော့မည်

Kno ဆိုတာကတော့ Ubuntu Tablet ပါ။ Ubuntu 9.10 ကို အခြေခံပြီး ကျောင်းသုံးအတွက် ပြန်လည်ပြုပြင်ထားပါတယ်။ text book လို့လည်း ဆိုလို့ရပါတယ်။ မနက်ဖြန် ဖြန့်ချီမယ် ဆိုပေမယ့် pre order မှာထားတဲ့သူတွေကို အရင်ဆုံး shipping လုပ်မှာပါ။ အခြားလူတွေ အနေနဲ့ကတော့ january လ အလယ်လောက်မှ အမှန်တကယ် ဝယ်ယူလို့ရပါမယ်။ သူ့ရဲ့ အဓိက market target ကတော့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ရုံးသမားတွေ အတွက် သိပ်ပြီး အသုံးမဝင်သလို စျေးလည်း များလွန်းနေပါမယ်။

dual screen ဖြစ်ပြီး ၁၄.၁ လက်မ ရှိပါတယ်။ အလေးချိန်ကတော့ ၅ ပေါင်ခွဲ ရှိပါတယ်။ ကြီးတယ် လေးတယ်လို့ ထင်သလား။ တကယ်လို့ လက်ရှိ ကျောင်းမှာ သယ်နေရတဲ့ text book တွေ exercise book တွေ အားလုံးပေါင်းရင် ၁၀ ပေါင်ကျော်လောက် ရှိပါတယ်။ Kno က ကျောင်းသား တစ်ယောက်ရဲ့ လိုအပ်ချက်အားလုံးကို တစ်ခုတည်းနဲ့တင် ဖြည့်စွက်ပေးလိုက်တာပါ။ နောက်ပြီး High Resolution ဖြစ်တဲ့အတွက်ကြောင့် ၁၄.၁ လက်မ ဟာ သင့်တော်တယ်လို့ သတ်မှတ်လည်း ရပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံက text book တွေ ပါဝင်လာခြင်း မရှိတဲ့အတွက်ကြောင့် မြန်မာပြည်အတွက် အသုံးမကျလှပါဘူး။
Continue reading “Kno မနက်ဖြန်စပြီး ဖြန့်ချီတော့မည်”