ပြီးခဲ့တဲ့ part 1 မှာ Sql server ထဲကို data ထည့်သွင်းခြင်းကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်… ဒီအပိုင်းမှာ အဲဒီ့ database ကို form ပေါ်မှာ မြင်နိုင်အောင် DataGridView သုံးပြီးတော့ display လုပ်ပါမယ်.. ကဲ ကြည့်ရအောင်..
ကျနော်တို ့part 1 မှာတုန်းက Form ပေါ်မှာ Figure1_1 မှာ ပြထားသလို Sql Server ထဲကို data တွေ ထည့်သွင်းထားတယ် ဆိုပါစို ့..
အဲဒါကို Form ပေါ်မှာ display ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ပါ… ပထမဆုံး Figure1_2 မှာ ပြထားတဲ့အတိုင်း Form ပေါ်မှာ Button အသစ်တစ်ခု ထပ်ထည့်လိုက်ပါအုံး..
Figure1_2
button’s property အနေနဲ ့ Name ကို btnDisplay နဲ ့ Text မှာ Display လို ့ပြင်ရေးလိုက်ပါ…
ပြီးရင် button ကို double click ပေးပြီး သူ ့အလုပ်လုပ်ပုံကို ရေးရအောင်..
SqlConnection conn = new SqlConnection(“Data Source=MRDREAM\\SQLEXPRESS;” +
“Initial Catalog=SQLSAMPLE; Integrated Security=SSPI”);
SqlDataAdapter da = new SqlDataAdapter();
ပထမဆုံး connection ချိတ်မယ်.. ပြီးရင် dataAdapter ကို create လုပ်မယ်.. part 1 က Add Record button အလုပ်လုပ်ပုံမှာ ရှင်းပြပြီးသားဖြစ်တဲ့အတွက် ထပ် မရှင်းတော့ပါဘူး..
DataSet ds = new DataSet();
ADO.NET မှာ data source ထဲက data တွေဟာ dataAdapter အကူအညီနဲ ့ DataSet ထဲကို ရောက်ပါတယ်။ dataSet ထဲက data တွေကိုမှ Form Controls တွေပေါ် data binding လုပ်လိုက်တာပါ..
ဒါကြောင့် အခု DataSet ကို create လုပ်လိုက်ပါတယ်..
da.SelectCommand = new SqlCommand(“SELECT * FROM SAMPLE”, conn);
part 1 မှာတုန်းက sql server ထဲက database ထဲကို data တွေ ထည့်သွင်းမှာဖြစ်တဲ့အတွက်
dataAdapter.InsertCommand ကို အသုံးပြုခဲ့တာ မှတ်မိမှာပါ.. အခုက database ထဲက ဟာကို Form Controls ပေါ် တင်မှာဖြစ်တဲ့အတွက် dataAdapter.SelectCommand နဲ ့ အသုံးပြုပါမယ်။
SELECT * FROM SAMPLE မှာ SAMPLE က database ရဲ ့ Table name၊ * ဆိုတာ Table ထဲမှာ ရှိသမျှ data အားလုံး…
ds.Clear();
DataSet ကို clear လုပ်ပေးတယ်ဆိုတော့ ဘာအတွက်လဲ မေးစရာ ရှိပါတယ်.. သူ ့ကို clear ပေးမထားရင် data အသစ် တစ်ခု ထည့်လိုက်တာနဲ ့ အရင် data တွေပါ ပြန်ပြီး display ထပ်လုပ်ပါလိမ့််မယ်.. အဲလိုမဖြစ်ရအောင်လို ့ကာကွယ်ထားတာပါ.. မသိသေးသူများ ရှေ ့မှာ comment လေးပိတ်ပြီး run ကြည့်ပါ…
da.Fill(ds);
dataAdapter နဲ ့ DataSet ထဲကို data တွေ Fill ဖြည့်လိုက်တာပါ..
dataGridView1.DataSource = ds.Tables[0];
နောက်ဆုံး DataGridView ရဲ ့ DataSource ထဲကို DataSet ထဲက dataTables တွေကို ထည့်လိုက်ခြင်းအားဖြင့် Form ရဲ ့ DataGridView ပေါ်မှာ မြင်ရပါလိမ့်မယ်..
ခုရေးခဲ့တဲ့ Display button ရဲ ့ code ပါ။
private void btnDisplay_Click(object sender, EventArgs e)
{
SqlConnection conn = new SqlConnection(“Data Source=MRDREAM\\SQLEXPRESS;” +
“Initial Catalog=SQLSAMPLE; Integrated Security=SSPI”);
SqlDataAdapter da = new SqlDataAdapter();
DataSet ds = new DataSet();
da.SelectCommand = new SqlCommand(“SELECT * FROM SAMPLE”, conn);
ds.Clear();
da.Fill(ds);
dataGridView1.DataSource = ds.Tables[0];
}
Output
Figure1_3
ကျနော်တို ့ data အသစ်လေးတွေ ထပ်ထည့်ကြည့်မယ်.. Figure1_4 မှာ ကြည့်ပါ…
Figure1_4
ဆက်ရန် (part 3)
ok!
Thanks for reading!!
See u around, buddy!!!
Thanks a lot! Very useful for me.
But I can’t see the picture. Just see frog.
yes. I submitted to the imageshacke but they didn’t approve our site. I will upload again soon.