အသံထွက်လည်းပေါင်းတတ်သွားပြီဆိုရင်တော့ ရှေ့ဆက်ရအောင်။ အရေးကြီးတာက ပြီးခဲ့တဲ့ သင်ခန်းစာနှစ်ခုက romajiတွေကို နားမလည်ရင် ဘယ်လိုမှရှေ့ဆက်လို့ရမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ခုကနေစပြီး romajiနဲ့ပဲ ရေးပြီး မြန်မာလိုအသံထွက် ရေးပြမှာမဟုတ်တော့တဲ့အတွက်ကြောင့်ပါ။
အခု နောက်ထပ်မှတ်စရာနှစ်ချက်ကို ပြောပြပါမယ်။ ဒီနှစ်ခုပြီးရင် ဂျပန်လိုပြောဖို့ အုတ်မြစ်ချပြီးပြီသာ မှတ်လိုက်တော့..။ ပထမတစ်ချက်က သံရှည်ဆွဲတာပါ။
“a”နဲ့ “u”နဲ့ “၀”ကို သံရှည်ပေါင်းဖို့ သုံးပါတယ်။ သံရှည်ဆိုတာ မြန်မာသံနဲ့ပြောရရင် “အ”ဆိုတဲ့ အသံကနေ “အား”ဆိုတဲ့အသံဖြစ်သွားတာကို ပြောတာပါ။ “အို”ဆိုရင် “အိုး”ဖြစ်မယ်။ အဲလိုမျိုးပေါ့။
ဥပမာ.. “a”ကို နောက်ထပ် “a”တစ်လုံးပေါင်းရင် “aa”ဖြစ်သွားပြီး အားလို့ အသံထွက်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း “a”တစ်တန်းလုံးကို “a”ပေါင်းလို့ရပါတယ်။ “ka” ကို “a”ပေါင်းရင် “kaa(ခါး)”၊ “sa”ကို “a” ပေါင်းရင် “saa(စား)”။
“u” ကို နောက်ထပ် “u”တစ်လုံးပေါင်းရင် “u”ဖြစ်သွားပြီး အူးလို့ အသံထွက်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း “u”တစ်တန်းလုံးကို “u”ပေါင်းလို့ရပါတယ်။ “ku” ကို “u” ပေါင်းရင် “kuu(ခူး)”၊ “su” ကို “u” ပေါင်းရင် “suu(စူး)”။
“၀”ကို နောက်ထပ် “၀” တစ်လုံးပေါင်းရင် “၀” ဖြစ်သွားပြီး အိုးလို့ အသံထွက်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း “၀” တစ်တန်းလုံးကို “၀” ပေါင်းလို့ရပါတယ်။ ko ကို “၀” ပေါင်းရင် koo(ခိုး/ခေါ)၊ so ကို o ပေါင်းရင် “soo(စိုး/စော)”။
ဒီသံရှည်ပေါင်းတာကို သိရင် “suuji”လို့မြင်ရင် “စုအုဂျိ” လို့အသံမထွက်ဘဲ “စူးဂျိ”လို့ ထွက်တတ်သွားမှာပါ။
နောက်တစ်မျိုးက “i”ရဲ့ အသံပြောင်းတာပါ။
ပုံမှန်ဆိုရင် “ai”လို့တွေ့ရင် “အအိ”လို့ ထွက်ရပါမယ်။ ဒါပေမဲ့ အသံကို ခပ်မြန်မြန်ထွက်လိုက်တဲ့အခါကျ “အအိ”လို့ တစ်လုံးချင်းဖြတ်မထွက်ဘဲ “အိုက်”ဆိုတဲ့ အသံနဲ့ နီးစပ်သွားပါတယ်။ ဒါပေမဲ့ တရုတ်တွေလို “အိုက်”လို့ တစ်လုံးတည်းထွက်တာ မဟုတ်ပြန်ပါဘူး။ “အအိ”နဲ့ “အိုက်”ကြားက အသံကို ထွက်ပါတယ်။ ဒီတော့ “kai”ဆိုရင်လည်း “ခအိ”နဲ့ “ခိုက်”ကြားက အသံ၊ “sai”ဆိုရင်လည်း “စအိ”နဲ့ “စိုက်”ကြားက အသံကို ထွက်ပါတယ်။
ဒီခြွင်းချက်နှစ်မျိုုးကိုလည်း သိပြီ။ romajiလည်း အကုန်ဖတ်တတ်ပြီဆိုရင် ရှေ့ဆက်လို့ရပါပြီ။
ကဲ..စရအောင်။ ဘာမှမစခင် တစ်ခုကြိုသိထားစေချင်တာက ဂျပန်စာရဲ့ သဒ္ဒါဖွဲ့စည်းပုံက မြန်မာစာနဲ့ ချွတ်စွပ်တူပါတယ်။ တရုတ်ဆို အင်္ဂလိပ်နဲ့သွားတူတယ်မဟုတ်လား။
ဥပမာ… ငါ နင့်ကို ချစ်တယ်
(ကတ္တား) (ကံ) (ကြိယာ)
watasiwa anataga aisiteiru
(ကတ္တား) (ကံ) (ကြိယာ)
I love you
(ကတ္တား) (ကြိယာ) (ကံ)
Wo ai ni
(ကတ္တား) (ကြိယာ) (ကံ)
ဒီတော့ မြန်မာစာနဲ့ စာကြောင်းဖွဲ့စည်းပုံတူတဲ့ ဂျပန်စာကို သင်ရတာမခက်ပါဘူး။ စာလုံးရေးတတ်ဖို့နဲ့ ဝေါဟာရအသစ်တွေ မှတ်နိုင်ဖို့ပဲ လိုတာပါ။
အခု အလွယ်ဆုံးနဲ့ စမယ်။ မြန်မာစာမှာ ကတ္တားအနောက်ကလိုက်တဲ့ “သည်”ကို ဂျပန်စာမှာ “wa”လို့ခေါ်ပါတယ်။ ကျွန်တော်သည်၊ ကျွန်မသည်၊ ဆရာမသည်၊ ကွန်ပျူတာသည်.. အဲဒီက “သည်”ကို ပြောတာပါ။ မြန်မာစာမှာ ကြိယာအနောက်ကလို်က်တဲ့ “သည်”ကိုကျတော့ ဂျပန်မှာ “desu”လို့ခေါ်ပါတယ်။ “desu”ကို ပုံမှန်ဆို “ဒဲစု”လို့ထွက်ရပေမဲ့ ဂျပန်မှာ ခြွင်းချက်အနေနဲ့ “ဒဲစ်”လို့ ထွက်ပါတယ်။ အတော်ကြီး ယဉ်ကျေးတဲ့ မိန်းကလေးတွေဆိုရင်တော့ “
ဒဲစု”လို့ပဲ တစ်လုံးချင်းထွက်ပါတယ်။ ကဲ ဒီ“wa”နဲ့ “desu”ကို သိပြီဆိုရင် ၀ါကျတည်ဆောက်လို့ရပါပြီ။
………..wa………….desu
ဒီစာကြောင်းက
……………သည်…………….ဖြစ်သည်လို့ပြောပါတယ်။ စာလုံးအစားသွင်းပြီး ကြည့်ရအောင်။
sususan wa gakusei desu
စုစုဆိုတာက လူနာမည်။ စန်ဆိုတာက အားလုံးသိတဲ့အတိုင်း ဂျပန်တွေကနာမည်နောက်မှာ ထည့်ခေါ်တဲ့နာမည်။ gakuseiဆိုတာက ကျောင်းသားကိုပြောတာပါ။(gakusei ကိုပုံမှန် ဂခုစဲအိလို့ထွက်ရပေမဲ့ ဒီစာလုံးက ခြွင်းချက်အနေနဲ့ ဂတ်ခ်စေးလို့ ထွက်ပါတယ်) ကျောင်းသူလည်းအတူတူပေါ့။ ဒီတော့ ဒီစာကြောင်းရဲ့အဓိပ္ပာယ်က..
မစုစု သည် ကျောင်းသား ဖြစ်သည်
fujisan wa yama desu
ဖူဂျီ သည် တောင် ဖြစ်သည်
mimisan wa neko desu
မိမိ သည် ကြောင် ဖြစ်သည်
momosan wa isha desu
မမိုမို သည် ဆရာဝန် ဖြစ်သည်
ကဲဒီလောက်ဆိုရင်တော့ ဂျပန်လို ၀ါကျတစ်ကြောင်း တည်ဆောက်တတ်ပြီထင်ပါတယ်။ အခု နေ့စဉ်သုံးထဲက အခြေံဝေါဟာရလေးနည်းနည်းပေးမယ်။ ကျက်ရမှာနော်။ ကြည့်ဖို့မဟုတ်ဘူး။ အလွတ်မှတ်ထားဖို့။
hito လူ
gakusei ကျောင်းသား
onna မိန်းမ
otoko ယောကျင်္ား
sensei ဆရာ/မ
enpitsu ခဲတံ
isha ဆရာဝန်
jinsei ဘဝ
kimoti စိတ်ခံစားမှု
te လက်
hongaku စာရေးဆရာ
koibito ချစ်သူ
gohan ထမင်း
mizu ရေ
fuku အဝတ်အစား
bosi ဦးထုပ်
pasokon တစ်ကိုယ်ရည်သုံး ကွန်ပျူတာ
hon စာအုပ်
yuubinkyoku စာတိုက်
လေ့ကျင့်ခန်းလုပ်ချင်ရင် ဒီစာလုံးတွေကိုပဲ wa နဲ့ desuသုံးပြီး ၀ါကျတွေ လုပ်ကြည့်ပါ။ မှန်မမှန်သိချင်ရင် စာမေးရန်မှာ တင်ပေးလို့ရပါတယ်။
မှတ်ချက်။ ။အပတ်တိုင်း တနင်္လာနဲ့ ကြာသာပတေးနှစ်ရက်မှာ ဂျပန်စာသင်ပါမယ်။ ပုံမှန်လာတဲ့သူတွေ အဆင်ပြေအောင်ပါ။