HTML 5 ဆိုတာကတော့ အခုနောက်ပိုင်း ခေတ်စားလာပါတယ်။ အခုနောက်ပိုင်း Browser တွေဟာ HTML5 ကို support လုပ်လာပါပြီ။ နောက်ပိုင်းမှာ website တွေဟာ HTML5 ကို အဓိက အသုံးပြုတော့မှာပါ။ HTML5 ဆိုတာဘာလဲ။ HTML5 က ဘာတွေ ထူးလဲ။ HTML5 ကို ဘယ်မှာလေ့လာလို့ရမလဲ။
HTML 5 ~= HTML 5 + jsAPI + CSS3
လို့ ဆိုလို့ရပါတယ်။ HTML ဆိုတာက tag တွေပါပဲ။ ထူးထူးခြားခြားရယ်လို့ မရှိလာပေမယ့် HTML5 နဲ့ အတူ တွဲပါလာတဲ့ javascript API အသစ်တွေနဲ့ CSS3 က ထူးခြားမှုတွေ ဖြစ်စေပါတယ်။
Javascript အသစ်တွေက
- Selector
- Web Storage
- Web SQL Database
- Application Cache API
- Web Worker
- Web Socket
- Notification
- Drag & Drop
- Geolocation
စတာတွေ ပါဝင်လာပါတယ်။
HTML မှာက
- New semantic tags
- New link relations
- Micro data
- ARIA attributes
- New From field types
- Audio + Video
- Canvas
- Canvas 3D (WebGL)
- SVG
စတာတွေ ပါဝင်လာပါတယ်။
CSS 3 မှာတော့
- CSS Selectors
- font support (font embed)
- Text wrapping
- Columns
- Text stroke
- Opacity
- Hue/saturation/luminance color
- Rounded corners
- Gradients
- Shadows
- Reflection
- Background enhancements
- Transitions
- Transforms
- Animations
စတာတွေ အသစ်ပါဝင်လာပါတယ်။ HTML4 , Javascript နဲ့CSS ကို သိတဲ့သူတွေအနေနဲ့
မှာ example များနဲ့ တကွ အကုန်လုံး အသုံးပြုပုံကို ရှင်းပြထားတဲ့အတွက် လွယ်လွယ်ကူကူလေ့လာနိုင်ပါတယ်။ Slide တစ်ခုလုံးကို HTML5 နဲ့ရေးသားထားတဲ့အတွက် example တွေကို စမ်းသပ်တဲ့အခါမှာ သာမာန် slide တွေထက် အဆင်ပြေစေပါတယ်။