ပြီးခဲ့တဲ့ သောကြာနေ့ ကိုရဲမြတ်သူ ဘန်ကောက်ရောက်နေတော့ ကျွန်တော့် ဆီကို ဖုန်းဆက်ပါတယ်။ အဓိကတော့ ပြည်တွင်းကလူတွေ ပြည်ပထွက်ကုန်တဲ့ နောက်ပိုင်းမှာ လူတော်တွေရှားလာတယ်။ Computer နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ချင်တဲ့ လူတွေ နည်းလာတယ်။ အဲဒီ အတွက် company တွေ အနေနဲ့လည်း အဆင်မပြေဘူး။ လက်ရှိ ရှိနေတဲ့ human resource တွေ ဘာကြောင့် မတိုးတက်လာတာလဲ။ ဘာကြောင့် ရှားပါးကုန်တာလဲဆိုတာကို အချိန် တစ်နာရီလောက် စကားပြောဖြစ်ခဲ့တယ်။
ရှားပါးလာတဲ့ Human Resource
Generation တစ်ခုပြီး တစ်ခု နိုင်ငံခြားထွက်လာတဲ့ အမျှ မြန်မာနိုင်ငံမှာလည်း Human Resource တွေ တဖြည်းဖြည်း ကျဆင်းလာတယ်။ လက်ရှိ ပြည်တွင်းမှာ ကျန်ရှိတဲ့သူတွေက ရာခိုင်နှုန်းအရ Fresh တွေနဲ့ Begineer တွေ ပိုများလာတယ်။ အများအားဖြင့် သင်တန်းဆင်း တွေ က များလာတယ်။ သင်တန်းဆင်း တော်တော်များများဟာလည်း လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြံု အားနည်းသလို တကယ်လိုအပ်တဲ့ project ကြီးတွေမှာ လုပ်ဖို့ကလည်း လုပ်ငန်းရှင်တွေ ကိုယ်တိုင် အာမခံရဲ ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရတနာပုံ DDoS ပြဿနာတုန်းကဆိုရင် တရုတ်လက်ထဲအပ်ပြီး ခိုင်းရတဲ့ အဆင့်ထိတောင် ဖြစ်သွားတယ်။ နောက်ပြီး ပြည်တွင်းမှာ လုပ်ငန်း Freelance network က အားနည်းနေသေးတာကြောင့်လည်းပါတယ်လို့ ဆိုရမယ်။ အချို့ လုပ်နိုင်တဲ့ လူတွေ ရှိပေမယ့် လက်ရှိ အလုပ်အပ်ချင်တဲ့သူတွေ ရှာဖွေရ ခက်တာတွေလည်း ရှိတယ်။ ရှိပေမယ့် ရှာရခက်နေတယ်။ ရှားနေတယ်လို့လည်း ဆိုရမှာပေါ့။