PHP Basic

What is PHP

PHP ဆိုတာ Hypertext Preprocessor ဖြစ်ပါသည်။ PHP သည် server-side scripting language တစ်ခုဖြစ်သည်။ နောက်ပြီး open source software လည်းဖြစ်သည်။PHP ကို Linux, Windows အစရှိတဲ့ OS တွေမှာအသုံးပြုနိုင်ပါတယ်။PHP support လုပ်တဲ့ database တွေလည်း အများကြီး ရှိပါတယ် ဒီထဲကမှ တချို့ ကိုပြောပြရရင် (MySQL,Oracle,PostgreSQL,Sybase) စသဖြင့်ပေါ့ ။

How to work PHP

PHP သည် server-side ဖြစ်လို့သူအလုပ်လုပ်တာကိုမမြင်ရပါဘူး။သူ့လုပ်ဆောင်ချက်က Client ဘက်(Browser) နဲ့ database  တို့ကိုချိတ်ဆက်ပေးတာပေါ့။

ဥပမာဆိုရရင်…

ရေတွင်း၊ရေလှည်းနဲ့ ရေခပ်တဲ့ကြိုး နဲ့ ပုံး ပေါ့။ ရေလှည်းထဲကို ရေဖြည့်မယ်ဆို ရေတွင်းထဲက ရေကိုကြိုးနဲ့ပုံးမပါဘဲ ခပ်လို့မရပါဘူး။ ဒီနေရာမှာ ရေတွင်းဆိုတာက database ၊ရေလှည်းဆိုတာက Browser ၊ ပုံးနဲ့ကြိုးဆိုတာ PHP ပေါ့။ Continue reading “PHP Basic”

HTML By Ccrazy

Web Page များကိုရေးသားခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သော HTML (Hyper Text Markup Language) နှင့် CSS (Cascading Style Sheet) ဆိုင်ရာ လေ့ကျင့်ခန်းများကို (W3 Schools) မှ ဘာသာပြန်ဆိုတည်းဖြတ်၍ အတတ်နိုင်ဆုံး စုံလင်အောင် လေ့လာ ပြုစု တင်ပြထားသည်။

နည်းပညာလမ်းကြောင်းပေါ်မှာ အခြေခံအကျဆုံး အရိုးရှင်းဆုံးနဲ့ နားလည်အလွယ်ဆုံး Webpage ရေးနည်းကိုပြပါဆိုရင် HTML ပဲရှိပါတယ်… ဒါကိုနားမလည်ရင်.. ဘာမှ အလုပ်မဖြစ်ပါဘူး Pro မဖြစ်နိုင်ပါဘူး… ဘာပဲဖြစ်ဖြစ် ကြားနာမှတ်သားဖူးသမျှ ဝေမျှပါတယ်.. နားလည်ပြီးသူများအတွက် မရည်ရွယ်ပါ.. စတင်လေ့လာလိုသူများအတွက်သာ အထူးဦးတည် ရေးသားတာဖြစ်ပါတယ်.. ကျွန်တော် သိလွန်းလို့မဟုတ်ပါ.. အထက်မှာ ဆိုခဲ့သလို “ဧဝံမေ သုတံ ” ပါလို့ ထပ်ပြီး ၀န်ခံပါရစေ… Continue reading “HTML By Ccrazy”