Browsing articles tagged with " tablet"
Jan
24
2011

QT ကို ပြောင်းတော့မယ့် Ubuntu

ubuntutablet_feature

Ubuntu 11.10 ကနေ စပြီး Ubuntu က Gtk+ ကနေ QT ကို ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။ 2011 နှစ်ကုန်ပိုင်းလောက်မှာတော့ Ubuntu 11.10 ထွက်ပါလိမ့်မယ်။ မကြာခင်မှာ ထွက်လာမယ့် Ubuntu 11.04 , Natty Narwhal မှာတော့ Gtk+ ကိုပဲ သုံးစွဲ ထားပါသေးတယ်။ လက်ရှိ အသုံးပြုထားတဲ့ Gnome ကတော့ Gtk+ လိုအပ်ပါတယ်။ ဒါဆို ဘာကြောင့် Qt ကို ပြောင်းတာလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ Qt ကတော့ small-screen interface တွေအတွက် ဖြစ်ပြီးတော့ netbook တွေ mobile တွေအတွက် design ရေးဆွဲထားတာပါ။ Ubuntu ဟာ mobile တွေ netbook တွေ tablet တွေဆီကို ဦးတည်ဖို့အတွက် Qt ကို ပြောင်းတာ ဖြစ်နိုင်ပါတယ်။ Qt Qt ဆိုတာနဲ့ Nokia ကို ပြေးမြင်ကြမှာ အမှန်ပါပဲ။ Qt [...]

Dec
22
2010

Motorola Tablet ထုတ်မည်

honeycomb-tablet

၂၀၁၁ မှာ motorola က tablet ထုတ်လာဖို့ရှိပါတယ်။ Android 3.0 Honeycomb ကို အသုံးပြုပါလိမ့်မယ်။ သူ့ရဲ့ Tablet Prototype ကိုတော့ Google ကတော့ ထုတ်ပြဖူးခဲ့ပါတယ်။ Mororoal က နောက်လ လာမယ့် CES 2011 မှာ ထုတ်ပြမယ့်သဘောအနေနဲ့ Tease video file ကို မနေ့က ပြသခဲ့ပါတယ်။ အခြား Tablet တွေထက် ဘာပိုထူးခြားမလဲဆိုတာတော့ သေချာမသိရသေးပေမယ့် Android 3.0 မှာ Tablet version အတွက် ပြန်လည်ပြုပြင်ထားမယ်လို့ ခန့်မှန်းရပါတယ်။ Video ကတော့ ဟိုး BC ကတည်းက tablet ပေါ်လာပုံကိုပြထားပြီး လက်ရှိ tablet တွေ အကြောင်းကို ဖော်ပြထားပါတယ်။ သို့ပေမယ့် motorola tablet ကို မဖော်ပြပဲ လျို့ဝှက်ချက်အနေနဲ့ ထားထားပြီး CES 2011 ဆိုပြီး ကြေငြာထားတာလေးပါ။

Dec
21
2010

Kno မနက်ဖြန်စပြီး ဖြန့်ချီတော့မည်

kno

Kno ဆိုတာကတော့ Ubuntu Tablet ပါ။ Ubuntu 9.10 ကို အခြေခံပြီး ကျောင်းသုံးအတွက် ပြန်လည်ပြုပြင်ထားပါတယ်။ text book လို့လည်း ဆိုလို့ရပါတယ်။ မနက်ဖြန် ဖြန့်ချီမယ် ဆိုပေမယ့် pre order မှာထားတဲ့သူတွေကို အရင်ဆုံး shipping လုပ်မှာပါ။ အခြားလူတွေ အနေနဲ့ကတော့ january လ အလယ်လောက်မှ အမှန်တကယ် ဝယ်ယူလို့ရပါမယ်။ သူ့ရဲ့ အဓိက market target ကတော့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ရုံးသမားတွေ အတွက် သိပ်ပြီး အသုံးမဝင်သလို စျေးလည်း များလွန်းနေပါမယ်။ dual screen ဖြစ်ပြီး ၁၄.၁ လက်မ ရှိပါတယ်။ အလေးချိန်ကတော့ ၅ ပေါင်ခွဲ ရှိပါတယ်။ ကြီးတယ် လေးတယ်လို့ ထင်သလား။ တကယ်လို့ လက်ရှိ ကျောင်းမှာ သယ်နေရတဲ့ text book တွေ exercise book တွေ အားလုံးပေါင်းရင် ၁၀ ပေါင်ကျော်လောက် ရှိပါတယ်။ Kno က ကျောင်းသား တစ်ယောက်ရဲ့ လိုအပ်ချက်အားလုံးကို [...]