6
2011
Motorola Xoom
Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် [...]
22
2010
Motorola Tablet ထုတ်မည်
၂၀၁၁ မှာ motorola က tablet ထုတ်လာဖို့ရှိပါတယ်။ Android 3.0 Honeycomb ကို အသုံးပြုပါလိမ့်မယ်။ သူ့ရဲ့ Tablet Prototype ကိုတော့ Google ကတော့ ထုတ်ပြဖူးခဲ့ပါတယ်။ Mororoal က နောက်လ လာမယ့် CES 2011 မှာ ထုတ်ပြမယ့်သဘောအနေနဲ့ Tease video file ကို မနေ့က ပြသခဲ့ပါတယ်။ အခြား Tablet တွေထက် ဘာပိုထူးခြားမလဲဆိုတာတော့ သေချာမသိရသေးပေမယ့် Android 3.0 မှာ Tablet version အတွက် ပြန်လည်ပြုပြင်ထားမယ်လို့ ခန့်မှန်းရပါတယ်။ Video ကတော့ ဟိုး BC ကတည်းက tablet ပေါ်လာပုံကိုပြထားပြီး လက်ရှိ tablet တွေ အကြောင်းကို ဖော်ပြထားပါတယ်။ သို့ပေမယ့် motorola tablet ကို မဖော်ပြပဲ လျို့ဝှက်ချက်အနေနဲ့ ထားထားပြီး CES 2011 ဆိုပြီး ကြေငြာထားတာလေးပါ။


An article by mzedu
