9
2011
Making Todolist with node.js and mongo Part VII
အခု task တစ်ခု ပြီးသွားတဲ့ ကိစ္စကို သွားရအောင်။ Done ကို နှိပ်လိုက်တာနဲ့ /done/:id ကို သွားမယ်။ ပြီးရင် ပြန်လာမယ်။ ဒါကြောင့် အောက်ကလို ရေးလိုက်တယ်။ ပြီးတဲ့ အခါ ကျွန်တော်တို့မှာ closeByid မရှိသေးဘူး။ closeByiD က username နဲ့ task id ပေါ်မှာ မူတည်ပြီး done ကို 1 ဆိုပြီး update လုပ်ပေးရမယ်။ ဒါကြောင့် set ကို သုံးပြီး current id သိအောင် $.done နဲ့ သုံးရမယ်။ code ကို အောက်မှာ ကြည့်လိုက်ပါ။ dataprovider.js မှာ အောက်ကလို ဖြည့်လိုက်တယ်။
28
2011
Making Todolist with node.js and mongo Part VI
ကဲ … အခု ကျွန်တော်တို့ task list အတွက် mongodb ပြင်ဆင်ပြီးပြီ။ အခုတော့ mongodb အတွက် model တစ်ခု ဆောက်ပါမယ်။ data-provider.js အခု code လေးက ကျွန်တော်တို့တွေ ပထမဆုံး DataProvider module လေး စလိုက်တာပါ။ DB တစ်ခု ဆောက်တယ်။ ဆိုတာက ကျွန်တော်တို့တွေ collection ကို ခေါ်ဖို့ ဖန်တီးလိုက်တာပါ။ ကဲ အခု ကျွန်တော်တို့တွေ tasks တွေ အကုန်လုံးကို ထုတ်ကြည့်ဖို့ အတွက် ရေးပါမယ်။ taskcollection ကို user name နဲ့ ရှာလိုက်တယ်။ ပြီးတော့ result ကို callback ပြန်ပို့လိုက်တယ်။ အခု index.js တစ်ခုဖန်တီးပြီး ကျွန်တော်တို့ ဖန်တီးထားတဲ့ model ကို လှမ်းခေါ်သုံးပါမယ်။ ကျွန်တော်တို့ လိုအပ်တာတွေက express , mongodb နဲ့ jqtpl template engine ပါ။ ဒါကြောင့် အဲဒီ module [...]
20
2011
Making Todolist with node.js and mongo Part V
ရှေ့ပိုင်းမှာတော့ value တွေ ထည့်တာ task အသစ်ထပ်ဖြည့်တာတွေကို ပြောပြီးပါပြီ။ အခု Mongodb ကိုပဲ ရှေ့ဆက်ရအောင်။ Update Value အခု ကျွန်တော်တို့တွေ Task တစ်ခု done ဖြစ်သွားတဲ့ အခါမှာ done ကို 1 ပြောင်းပေးပါမယ်။ ဒီတော့ လက်ရှိ object ကို update လုပ်ရပါမယ်။ ဆိုပြီး ရိုက်လိုက်ပါ။ todo.id ဆိုတာက todo အောက်က id field ကို ညွှန်းလိုက်တာပါ။ id က 1 ဖြစ်ရမယ်ဆိုပြီး ညွှန်းလိုက်တာပါ။ $set ကတော့ ပြန်ပြင်ဖို့ပေါ့။ todo.$.done ဆိုတာကတော့ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ array number အောက်က done field ကို 1 လို့ ပြင်လိုက်တာပါ။
12
2011
Making Todolist with node.js and mongo Part IV
အခုဆိုရင်တော့ mongodb ကို နည်းနည်း သဘောပေါက်သွားလောက်ပါပြီ။ အခု project structure ကို ရှင်းပြပါမယ်။ Project က Task တွေကို add မယ်။ Task Done ဖြစ်သွားရင် မှတ်ထားမယ်။ မလိုအပ်တဲ့ task တွေကို ပြန်ဖျက်မယ်။ ဒီတော့ data ကို အောက်ပုံစံနဲ့ သိမ်းလိုက်ပါတယ်။ data တွေကို username ပေါ်မှာ မူတည်ပြီး သိမ်းလိုက်ပါတယ်။ todo ကို array နဲ့ သိမ်းပါမယ်။ ဖြစ်မပြီးကို သိဖို့ အတွက် done ကို 0 နဲ့ 1 သတ်မှတ်ပါမယ်။ နောက်ဆုံး သိမ်းထားတဲ့ id နံပတ်ကို သိအောင် lastid နဲ့ သိမ်းထားလိုက်ပါတယ်။ MySQL မှာ auto increment မပါတဲ့အတွက် အသစ်ဖြည့်တာ အခါမှာ id ကို ကိုယ့်ဘာသာ ကိုယ် တိုးဖို့အတွက် သိမ်းခဲ့တာပါ။ Install Mongodb အရင်ဆုံး mongodb ကို [...]
7
2011
Making Todolist with node.js and mongo Part III
ရှေ့ပိုင်းတွေမှာတော့ Node.js အကြောင်းပြောပြီးပါပြီ။ အခု အပိုင်းမှာတော့ mongodb အကြောင်း အနည်းငယ်ပြောပါမယ်။ Mongodb အကြောင်း ပြောပြီးမှပဲ project ရဲ့ တည်ဆောက်ပုံကို နားလည်မှာပါ။ Mongodb က NOSQL database ဖြစ်ပြီးတော့ document storage ကို အသုံးပြုထားပါတယ်။ Mongodb အကြောင်းကို ရေးဖူးပြီးသား ဖြစ်တဲ့အတွက်ကြောင့် အောက်က link တွေမှာ ဖတ်လိုက်ပါ။ http://www.saturngod.net/knowledgebase/nosql http://www.saturngod.net/knowledgebase/nosql-part-2 အဲဒါကို ဖတ်ပြီးရင်တော့ အမြန်ဆုံး လေ့လာရလွယ်အောင် http://www.mongodb.org/ မှာ Try It Out ကို နှိပ်ပြီး tutorial လေးကို လက်တွေ့ စမ်းသပ်နိုင်ပါတယ်။ အဲဒါလေး ပြီးရင်တောင project လေးကို စလို့ရပါပြီ။
5
2011
Making Todolist with node.js and mongo Part II
အပိုင်း၁ မှာတော့ Node.js ဆိုတာ ဘာလဲ။ ဘယ်လို သွင်းရလဲ စတာတွေကို ရေးပြခဲ့ပြီးပါပြီ။ နောက်ပြီးတော့ hello world ဥပမာလေးလည်း ရေးပြခဲ့ပါတယ်။ သို့ပေမယ့် code လေးတွေကို မရှင်းပြရသေးပါဘူး။ အခု Hello World ရေးထားတဲ့ code လေးကို လေ့လာရအောင်။ ဆိုတဲ့ code မှာ require ဆိုတာကတော့ php မှာ include ခေါ်သလို python မှာ import လုပ်သလိုပေါ့။ Node.js မှာတော့ require က module တွေ ခေါ်တာပေါ့။ Module ဆိုတာက Node.js မှာ အရန်သင့် အသုံးပြုရန် အတွက် ရေးထားတဲ့ library တွေပါ။ System မှာ default ပါတဲ့ module တွေ ကို ခေါ်ပြီး အသုံးပြုလို့ရသလို Third Party Module တွေကိုလည်း ခေါ်ပြီးသုံးလို့ရပါတယ်။ Node.js မှာပါတဲ့ module အကြောင်းတွေကို ဒီမှာ ဖတ်နိုင်ပါတယ်။ [...]
3
2011
Making Todolist with node.js and mongo Part I
Node.js နဲ့ Mongodb ကို အသုံးပြုပြီးတော့ Todo list လေး တစ်ခု တည်ဆောက်ပုံကို ရေးပြပါမယ်။ Todo list မှာ ဘာ feature တွေ ပါမလဲဆိုတော့ ထည့်မယ်။ ဖျက်ပြီ။ ပြီးသွားတဲ့ task တွေကို done လုပ်တာ ပါမယ်။ ဒီလောက်ပါပဲ။ Node.js အရင်တုန်းကတော့ Javascript ဆိုတာ web browser client side တွေမှာ အလုပ်လုပ်တဲ့ script ပါ။ အခုအခါမှာတော့ Google V8 ကြောင့် Javascript ကို server side မှာ အသုံးပြုလို့ရလာပါပြီ။ Node.js ဟာ Google V8 ကို အသုံးပြုထားတဲ့ Event I/O framework ပါ။ Node.js က အရမ်းကို မြန်ပါတယ်။ PHP ထက်လည်း မြန်ပါတယ်။ နောက်ပြီးတော့ Real Time application တွေ ဖြစ်တဲ့ Friendfeed , Google [...]


An article by
