Skyfire Browser iPad Vesion ထွက်ပြီ

Skyfire browser ဆိုတာကတော့ Flash video တွေ ကို iPhone မှာ ကြည့်လို့ရအောင် ဖန်တီးပေးထားတဲ့ browser ပါ။ အခု iPad version အတွက်ရပါပြီ။ $4.99 ရှိပါတယ်။ convert လုပ်ပေးတဲ့ Video Quality က အရမ်းမကောင်းပေမယ့် ကြည့်လို့ရပါတယ်။ Sound Quality ကတော့ flash အတိုင်းရပါတယ်။ သို့ပေမယ့် flash music playing website တော်တော်များများ အလုပ်မလုပ်နိုင်ပါဘူး။ အထူးသဖြင့် Grooveshark ကဲ့သို့ online radio လည်း အလုပ်မလုပ်နိုင်ပါ။ Game တွေကတော့ ကစားရဖို့က အဆင်မပြေပါဘူး။ soial integration ထည့်ထားတဲ့အတွက် facebook , twitter တွေကို share လို့ရပါလိမ့်မယ်။ Safari လောက်တော့ မမြန်ပါဘူး။ flash video တွေ ကြည့်ချင်တဲ့လူတွေအတွက်တော့ အဆင်ပြေမယ့် browser တစ်ခုပါ။

3D gesture-sensing dock

Kinet ကို ကြည့်ပြီး သဘောကျနေတယ်ဆိုရင် Elliptic Labs က ထုတ်လိုက်တဲ့ iPad Dock ကိုလည်း သဘောကျမိမှာပဲ။ iPad ကို Touch စရာမလိုပဲ လေထဲမှာ လက်လေး ဝှေ့ယမ်းပြီး အသုံးပြုလို့ရပြီ။ မသိရင်တော့ Hero ကားထဲကလို power တွေ ရနေသလိုပဲပေါ့။ နောင်တချိန် Touch ဆိုတာထက် Kinet လိုမျိုး device တွေ ပြောင်းလဲ ပေါ်လာအုံးလေမလားမသိ။ Elliptic Labs က အခုလာမယ့် CES မှာ ပြသမယ့် Dock လေးပါ။ အထူးသဖြင့် အိမ်ထောင်ရှင်မ တွေ သဘောကျမယ့် အရာပါ။ ဟင်းချက် အညွှန်းကို iPad နဲ့ ကြည့်လို့ရပေမယ့် လက်တွေ ပေနေတဲ့ အခါ ဘယ်လို Touch မလဲ ? အဲလို ပြဿနာအတွက် လက်နဲ့ ထိစရာမလိုပဲ iPad ကို ခိုင်းစေလို့ရပါပြီ။ CES 2011 မှာတော့ အစမ်းတွေ တွေ့ရမယ်လို့ မျှော်လင့်မိရတာပဲ။
Continue reading “3D gesture-sensing dock”