iOS Resources for developer

iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက

Cocoa Control

iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။

iOS Weekly

iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ newsletter တွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် News , Design, Code , Tool ဆိုပြီး Section ၄ ခု ပါပါတယ်။

Continue reading “iOS Resources for developer”

Instagram 1.07 တွင် filter အသစ် ၂ ခု ပါဝင်

Instagram version အသစ်ကို iPhone OS app store မှာ ရရှိနိုင်ပါပြီ။ လက်ရှိ version မှာတော့ bug fixes တော်တော်များများ လုပ်ထားပြီး localization improvements လည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် filter အသစ် ၂ ခု ဖြစ်တဲ့ Walden နဲ့ Hefe ကို လည်း ထပ်မံ ထည့်သွင်းထားပါတယ်။ အခြား ထူးထူးခြားခြား အကြီးမားဆုံး ပြောင်းလဲမှုတွေတော့ မပါရှိပါဘူး။