Instagram 1.07 တွင် filter အသစ် ၂ ခု ပါဝင်

Instagram version အသစ်ကို iPhone OS app store မှာ ရရှိနိုင်ပါပြီ။ လက်ရှိ version မှာတော့ bug fixes တော်တော်များများ လုပ်ထားပြီး localization improvements လည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် filter အသစ် ၂ ခု ဖြစ်တဲ့ Walden နဲ့ Hefe ကို လည်း ထပ်မံ ထည့်သွင်းထားပါတယ်။ အခြား ထူးထူးခြားခြား အကြီးမားဆုံး ပြောင်းလဲမှုတွေတော့ မပါရှိပါဘူး။

Instagram Android အတွက် ထုတ်မည်

1 Million registered user ရှိတဲ့ iPhone photo share instargram ဟာ android phone အတွက် ထွက်ရှိမယ်ဆိုပါတယ်။ Instagram co-founder Kevin Systrom က သူတို့ Android အတွက် ရေးဆွဲနေပြီလို့ဆိုပါတယ်။ techcrunch မှာလည်း confirm လုပ်ထားပြီးပါပြီ။ TechCrunch မှာ သူပြောထားတာကတော့

“Android အတွက်က ငါ့တို့အတွက် အရေးကြီးပါတယ်။ အခြားလူတွေအတွက်လည်း အရေးကြီးမယ်ထင်ပါတယ်”

လို့ ဆိုပါတယ်။ ဒါကြောင့် Android version မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။