Browsing articles tagged with " IELTS"
Oct
20
2009

IELTS ဖြေတော့မလား

International English Language Testing System(IELTS)ဖြေတဲ့ ကျောင်းသားဦးရေက တစ်နေ့ထက်တစ်နေ့ပိုပိုများလာတာ တွေ့နေရပါတယ်။ ဒီတော့ သိသလောက်လေး အကြံပေးချင်လို့ ဒီခေါင်းစဉ်နဲ့ရေးပါတယ်။ IELTSမှာ အောင်တာ ရှုံးတာ မရှိပါဘူး။ band 0ကနေ9အထိပေးပါတယ်။ မဖြေတဲ့သူဆို သုည၊ အင်္ဂလိပ်ကို မိခင်ဘာသာစကားအဖြစ်ပြောတဲ့သူအဆင့်ရှိရင် ကိုးရပါတယ်။ ပုံမှန်တော့ တက္ကသိုလ်တွေက အနည်းဆုံး 5.5ကနေစတောင်းတတ်ပါတယ်။ ဥပဒေတို့၊ ဆေးတို့တက်ချင်ရင် 8လောက်ထိ တောင်းတဲ့ ကျောင်းတွေရှိပါတယ်။ မြန်မာကျောင်းသားတွေက 6နဲ့6.5လောက်ရတာများပါတယ်။ 7.5/8ထိရတဲ့သူတွေလည်း ရှိပါတယ်။ IELTSက လေ့ကျင့်ဖို့အချိန်များများယူလေ အမှတ်များများရနိုင်လေပါပဲ။ တစ်ပွဲတိုးလုပ်တာ မကောင်းပါဘူး။ ကိုယ်က အင်္ဂလိပ်စာ အခြေခံသိပ်ကောင်းနေတယ်ဆိုရင်တော့ တစ်လလောက် မေးခွန်းဟောင်းတွေကျင့်ပြီးရင် ဖြေလို့ရပါပြီ။ မြန်မာပြည်မှာ မေးခွန်းဟောင်းစာအုပ်တွေ လွယ်လွယ်ဝယ်လို့ရပါတယ်။ တစ်အုပ်ကို ၁၅၀၀လောက်ပဲ ပေးရပါတယ်။ Cambridge IELTS 4/5/6... အဲဒီဟာတွေသာကျင့်ထားရင် 6လောက်ကတော့ ပြေးမလွတ်ဘူးထင်ပါတယ်။ ရှေ့ပိုင်းကျတဲ့စာအုပ်တွေက မကြည့်တော့တာဘဲ ကောင်းပါတယ်။ ဘာလို့ဆိုတော့ မေးခွန်းပုံစံနည်းနည်းစီ ကွဲသွားလို့ပါ။