Browsing articles tagged with " Development"
Jan
19
2012

working with git

Git ကို အရင်ရုံး point-star မှာ စသုံးဖူးတာပါ။ git ဆိုတာကို အရင်တုန်းကတော့ opensource တွေကို download ဆွဲချပြီး သုံးဖို့လောက်ပဲ သုံးဖြစ်တယ်။ point-star မှာ github သုံးရမယ်ဆိုတာနဲ့ github ကို လေ့လာဖြစ်တာပဲ။ github နဲ့ git အစတုန်းက လုံးဝ ကို မကွဲတာ။ github သုံးရင်းနဲ့ git နဲ့ github မတူဘူးဆိုတာ သိလာတာ။ git သုံးတတ်ပြီးနောက်ပိုင်းမှာ github မှာ opensource project တွေ တင်ဖြစ်တယ်။ သို့ပေမယ့် တစ်ယောက်တည်းပဲ ဖြစ်တဲ့အတွက် git အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူး။ အရင်ရုံးတုန်းကလည်း တစ်ယောက်တည်းလိုလို ဖြစ်နေတဲ့အတွက် မထူးခြားလှဘူး။ backup သာသာ ရှိပါတယ်။ ဒီရုံးရောက်တော့ repo သုံးမယ် ဆိုတော့ ကျွန်တော်က bitbucket ကို recommend လုပ်ခဲ့တယ်။ သို့ပေမယ့် bitbucket က hg ပဲ support လုပ်တယ်။ ဒါကြောင့် [...]

Apr
10
2011

Mobile App Development

Screen shot 2011-04-10 at PM 06.24.05

Mobile app development နဲ့ ပတ်သက်ပြီး အခြေခံ အဆင်လေးကို presentation လေးလုပ်ထားတာပါ။ MZ ပွဲမှာ ပြမလို့ စဉ်းစားထားပေမယ့် အသံ quality သိပ်မကောင်းတာကြောင့် ပြဖြစ်မယ် မထင်ပါဘူး။ အခုမှ mobile app ကို လုပ်ချင်တဲ့ လူတွေအတွက်တော့ အသုံးဝင်မယ့် video ဖြစ်မယ်လို့ ထင်ပါတယ်။

Feb
28
2011

PHP Developer ကောင်း မပီသခြင်း Part II

bad-php-programmer

အပိုင်း ၁ ကို ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ကိုယ့် coding ကို အားကိုးလွန်းခြင်း တချို့ ကိစ္စတွေမှာ ရိုးရိုးလေးနဲ့ အရှည်ကြီး ရေးရမယ့် coding နဲ့ သင့်ရဲ့ trick နဲ့ တိုတို လေး ရေးလိုက်လို့ရတာတွေ ရှိပါတယ်။ လူတိုင်း နီးပါးကတော့ ကိုယ်ပိုင် trick လေး သုံးပြီးရေးလိုက်ချင်တာပဲ။ သို့ပေမယ့် သင့် code က ပြန်ဖတ်တဲ့ အခါမှာ အရမ်းကို ရှုပ်ထွေးလွန်းနေပြီး သင်တစ်ယောက်တည်းသာ နားလည်နိုင်တယ်ဆိုရင်တော့ သင်ဟာ Developer ကောင်း ပီသတဲ့ သူမဟုတ်တော့ဘူး။ လူတိုင်းက သင့်လို မတော်ပါဘူး။ သင်ရေးတဲ့ code က သင့်တစ်ယောက်တည်း အတွက်ဆိုရင် ကိစ္စမရှိပေမယ့် နောင်တချိန် အခြားလူတစ်ယောက်က ပြန်ပြင်ရမယ်ဆိုရင်တော့ မသုံးသင့်ဘူးပေါ့။ ပြန်ပြင်တဲ့လူက သင့် code ကို လုံးဝ နားမလည်ဘူး သို့မဟုတ် သင့်လောက် မတတ်ဘူး မတော်ဘူးဆိုရင်တော့ သင့်ကို ပြန်မေးတာတွေကို သင်ပြန်ဖြေနေရလိမ့်မယ်။ လူတိုင်းက သင့်လောက် မတော်ပါဘူး။ ဒါကြောင့် ရိုးရှင်းပါ။

Oct
31
2010

Source Code Control

Software Development လုပ်တဲ့အချိန်မှာ အရေးကြီးတဲ့အချက်တစ်ခုဟာ ရေးနေတဲ့ Sorce Code များကိုထိမ်းသိမ်းရခြင်း ဖြစ်ပါတယ်။ ရေးသားတဲ့နေရာမှာ အမြဲပြုလုပ်ရလေ့ရှိတာက မူရင်းရေးပြီးသား Sorce Code များကိုအကြောင်းအမျိုးအမျိုးကြောင့် ပြင်ပြီးစမ်းရတတ်ပါတယ်။ အဲဒီလိုပြုလုပ်ရင်း မကောင်း၍သော်လည်းကောင်း မူရင်းကိုပြန်လိုချင်၍သော်လည်းကောင်း တစ်ခါတစ်ရံမှာခက်ခဲ့တတ်ပါတယ်။ ဒီနေရာမှာ Source Code Control (Version Control System) တွေဟာ အများကြီးအရေးပါလာပါတယ်။ ဒီလိုအရာတွေကို ပုံမှန်အားဖြင့်ရှင်းလေ့ရှိတာက စမ်းသပ်မှု့ပြင်ဆင်မှု့မလုပ်ခင်မှာ backup လုပ်ပြီးစမ်းသပ်ပြင်ရပါတယ် မူရင်းပြန်လိုချင်တယ်ဖြစ်လာရင်တော့ backup လုပ်ထားတာကို ပြန်သုံးလို့ရပါတယ်။ နောက်ပြီးတော့ backup လုပ်ရာမှာလည်း ဖိုင်တွေကို Version သော်လည်းကောင်း နေ့စွဲအချိန်လိုသော်လည်းကောင်း ထည့်ပြီးမှတ်ထားမယ်ဆိုရင် ထိမ်းသိမ်းရလွယ်ပါတယ်။ backup လုပ်ထားတဲ့ ဖိုင်တွေကိုလည်း အားလုံးအတွက် တစ်နေရာတည်းမှာထားပြီး shared directory အဖြစ်ဆိုရင်အားလုံး အသုံးပြုရလွယ်ကူပါတယ်။ ဒါတွေဟာ Source Code Control ရဲ့အခြေခံအချက်တွေပါ။ Version Control System တွေကိုဘာလို့ အသုံးပြုရတယ်ဆိုတဲ့ အချက်တွေဟာလည်း အရေးကြီးပါတယ်။ shared directory တွေမှာက ပရောဂျက်တစ်ခုအတွက်နဲ့ ပရိုဂရမ်မာနည်းရင် ညှိနှိုင်းသုံးစွဲလို့ရပေမယ့် များလာရင်တော့ [...]