Cocos-2d iPhone 0.99.5

Cocos2d iphone 0.99.5 ထွက်ရှိပါပြီ။ 0.995 မှာတော့ iPhone 4 Retina Display support ပါလာပါတယ်။ file.png နဲ့ file-hd.png ဆိုပြီး ထည့်ထားလိုက်ရင် iPhone 4 မှာ file-hd ကို အလိုအလျောက်ခေါ်ယူပေးပါတယ်။ -hd ထည့်လိုက်ရုံနဲ့ HD image ကို သုံးလို့ရပါပြီ။ x,y position တွေ ပြန်ပြင်နေစရာမလိုတဲ့အပြင် ဘာမှလည်း မခက်ခဲပါ။ သာမန်ာ iPhone မှာ @2x လို့ ထည့်ရပေမယ့် cocos2d မှာတော့ -hd ဆိုပြီး အသုံးပြုရပါတယ်။
Continue reading “Cocos-2d iPhone 0.99.5”

Install Cocos2d-iphone

Cocos2d ဟာ iPhone 2D Game ရေးဆွဲဖို့အတွက် opensource framework တစ်ခုပါ။ game တွေကိ ုမြန်ဆန်လွယ်ကူအောင် ရေးဆွဲဖို့အတွက် framework တွေထဲက opensource framework တစ်ခုပါ။ အခု iphone အတွက် ဖြစ်တဲ့အတွက်ကြောင့် Mac OS 10.6 နဲ့Xcode ရှိထားဖို့လိုပါတယ်။ Cocos2d က အစက python နဲ့ရေးထားပြီးတော့ objective-c အတွက် သီးသန့် ပြန်ရေးထားတယ်လို့ ဆိုပါတယ်။

ဟုတ်ပြီ။ ကျွန်တော်တို့ အရင်ဆုံး http://www.cocos2d-iphone.org/download မှာ download လုပ်လိုက်ပါ။ stable version က cocos2d-iphone-0.99.4.tar.gz ပါ။ rc version ကတော့ cocos2d-iphone-0.99.5-rc1.tar.gz ပါ။ rc1 အခြေအနေ ရောက်နေတဲ့အတွက် stable မဖြစ်ပေမယ့် တော်တော် အဆင်ပြေပါတယ်။ 0.99.5 နဲ့ o.99.4 က ကွာတဲ့ အချက်တွေ ရှိပါတယ်။ 0.99.5 မှာ iPhone 4 retina display အတွက် hd image တွေ ထည့်လို့ရလာပါတယ်။ 0.99.4 ကတော့  iPhone 4 မှာ hd အနေနဲ့ support မရနိုင်ပါဘူး။ ဒါကြောင့် 0.99.5rc1 ကိုပဲ download ချစေချင်ပါတယ်။

cocos2d-iphone-0.99.5-rc1.tar.gz ကို ဖြည်လိုက်ပါ။ ပြီးရင် terminal ဖွင်ပြီး ဖြည်ထားတဲ့ folder ကို သွားလိုက်ပါ။

Terminal မှာ

$sudo sh install-templates.sh

ဆိုပြီး ရိုက်ပြီး cocos2d ကို သွင်းနိုင်ပါတယ်။ ပြီးရင် xCode ကို ဖွင့်လိုက်ပါ။ Create new project လုပ်လိုက်ရင် cocos2d template ကို user template အောက်မှာ တွေ့ပါလိမ့်မယ်။

အခု cocos2d သွင်းလို့ရသွားပြီဆိုတော့ နောက်ပိုင်း cocos2d နဲ့ game ရေးပုံလေးတွေ ဆက်လက်ရေးသားပေးပါ့မယ်။