Font Embed in Android Titanium

ဒီနေ့ Titanium Mobile SDK အသစ်မှာ Android အတွက် font embed ပါလာပါပြီ။ ဒါကြောင့် Titanium ကို အသုံးပြုပြီး မြန်မာ စာ အသုံးပြုတဲ့ iphone, android app တွေ ရေးလို့ရပါပြီ။ အရင် version တုန်းကတော့ iPhone တစ်ခုတည်းမှာ ရခဲ့ပေမယ့် အခု version မှာတော့ Android အတွက်ပါ ရလာပါပြီ။

How to

Titanium မှာ project အသစ် တစ်ခု ဆောက်လိုက်ပါ။

Continue reading “Font Embed in Android Titanium”

Motorola Xoom


Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် မေးခွန်းထုတ်ရတဲ့ Tablet တစ်ခုပါ။ နောက်ပြီး Flash Player support လုပ်တဲ့အတွက် Flash game တွေ video တွေကြည့်ချင်တဲ့လူတွေ အတွက် အဆင်ပြေတာပေါ့။

Honeycomb/Android 3.0

Google Android 3.0 မှာ ဒီလို တွေ မြင်ရပါလိမ့်မယ်။ ထူးခြားတာကတော့ 360 degree Wall ပါပဲ။ UI Design ကတော့ Android 2 ထက် အများကြီး သာလွန်သွားပါတယ်။ Android 3.0 ဟာ Tablet တွေ အတွက် ဖန်တီးထားတာဖြစ်တဲ့အတွက် နောင်တချိန် Android Tablet တွေ အများကြီး တွေ့ရပါလိမ့်မယ်။
Continue reading “Honeycomb/Android 3.0”

Android Grew 420 Percent in 2010

Mobclix ရဲ့ ၂၀၁၀ report အရ Android ဟာ ၄၂၀ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပါတယ်။ ထို့အတူ iPhone ကလည်း ၃၄၇ ရာခိုင်နှုန်း တိုးတက်ကြီးထွားလာခဲ့ပါတယ်။ In App purchase က စီးပွားရေး နည်းအသစ် လို့ ဆိုလို့ရလာပါတယ်။ Free app တွေ ပေးထားပြီး full version upgrade လုပ်ချင်ရင် လုပ်လို့ရတဲ့ နည်း အသစ်ပေါ့။ game မှာ မြေပုံတွေ map တွေကို app purchase နဲ့ အသုံးပြုလာပါတယ်။ Game ဟာလည်း ဒီနှစ်မှာ ထိပ်ဆုံး ရှိနေဆဲပါပဲ။ 70% top app တွေဟာ game တွေ ဖြစ်နေဆဲပါ။ smartphone တွေကို ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး 2.8 hours/day နှုန်းနဲ့ app ကို အသုံးပြုလာကြပါတယ်။
Continue reading “Android Grew 420 Percent in 2010”

အာကာသထဲ ရောက်သွားတဲ့ Android

Nexus S ကို ဘောလုံးနဲ့ အာကာသထဲကို လွှင့်တင်ပြီး video ရိုက်ထားတာလေးပါ။ Google Map for Mobile 5.0 , Google Sky Map , Latitude အပြင် custom sensor-logging app ကို အသုံးပြုပြီး GPS နဲ့ track လုပ်ပြီး လွှင့်တင်လိုက်ပါတယ်။ ကမ္ဘာမြေမျက်နှာပြင်ကနေ ပေပေါင်း 100,000 ကျော် ရောက်ရှိခဲ့ပြီး project ကတော့ ကျွန်တော်တို့ရဲ့ atmosphere အနားသပ်တွေရဲ့ data တွေကို စုစည်းဖို့အတွက်ပါ။

Instagram Android အတွက် ထုတ်မည်

1 Million registered user ရှိတဲ့ iPhone photo share instargram ဟာ android phone အတွက် ထွက်ရှိမယ်ဆိုပါတယ်။ Instagram co-founder Kevin Systrom က သူတို့ Android အတွက် ရေးဆွဲနေပြီလို့ဆိုပါတယ်။ techcrunch မှာလည်း confirm လုပ်ထားပြီးပါပြီ။ TechCrunch မှာ သူပြောထားတာကတော့

“Android အတွက်က ငါ့တို့အတွက် အရေးကြီးပါတယ်။ အခြားလူတွေအတွက်လည်း အရေးကြီးမယ်ထင်ပါတယ်”

လို့ ဆိုပါတယ်။ ဒါကြောင့် Android version မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။

Motorola Tablet ထုတ်မည်

၂၀၁၁ မှာ motorola က tablet ထုတ်လာဖို့ရှိပါတယ်။ Android 3.0 Honeycomb ကို အသုံးပြုပါလိမ့်မယ်။ သူ့ရဲ့ Tablet Prototype ကိုတော့ Google ကတော့ ထုတ်ပြဖူးခဲ့ပါတယ်။ Mororoal က နောက်လ လာမယ့် CES 2011 မှာ ထုတ်ပြမယ့်သဘောအနေနဲ့ Tease video file ကို မနေ့က ပြသခဲ့ပါတယ်။ အခြား Tablet တွေထက် ဘာပိုထူးခြားမလဲဆိုတာတော့ သေချာမသိရသေးပေမယ့် Android 3.0 မှာ Tablet version အတွက် ပြန်လည်ပြုပြင်ထားမယ်လို့ ခန့်မှန်းရပါတယ်။ Video ကတော့ ဟိုး BC ကတည်းက tablet ပေါ်လာပုံကိုပြထားပြီး လက်ရှိ tablet တွေ အကြောင်းကို ဖော်ပြထားပါတယ်။ သို့ပေမယ့် motorola tablet ကို မဖော်ပြပဲ လျို့ဝှက်ချက်အနေနဲ့ ထားထားပြီး CES 2011 ဆိုပြီး ကြေငြာထားတာလေးပါ။