Browsing articles in "Other"
Jan
19
2012

working with git

Git ကို အရင်ရုံး point-star မှာ စသုံးဖူးတာပါ။ git ဆိုတာကို အရင်တုန်းကတော့ opensource တွေကို download ဆွဲချပြီး သုံးဖို့လောက်ပဲ သုံးဖြစ်တယ်။ point-star မှာ github သုံးရမယ်ဆိုတာနဲ့ github ကို လေ့လာဖြစ်တာပဲ။ github နဲ့ git အစတုန်းက လုံးဝ ကို မကွဲတာ။ github သုံးရင်းနဲ့ git နဲ့ github မတူဘူးဆိုတာ သိလာတာ။ git သုံးတတ်ပြီးနောက်ပိုင်းမှာ github မှာ opensource project တွေ တင်ဖြစ်တယ်။ သို့ပေမယ့် တစ်ယောက်တည်းပဲ ဖြစ်တဲ့အတွက် git အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူး။ အရင်ရုံးတုန်းကလည်း တစ်ယောက်တည်းလိုလို ဖြစ်နေတဲ့အတွက် မထူးခြားလှဘူး။ backup သာသာ ရှိပါတယ်။ ဒီရုံးရောက်တော့ repo သုံးမယ် ဆိုတော့ ကျွန်တော်က bitbucket ကို recommend လုပ်ခဲ့တယ်။ သို့ပေမယ့် bitbucket က hg ပဲ support လုပ်တယ်။ ဒါကြောင့် [...]

Dec
12
2011

How to manage Git Repository Server with Gitosis?

ပရောဂျက်တစ်ခုချင်းအလိုက် Permission မလိုအပ်ရင်နဲ့ လူနည်းရင်တော့ Authorized Key နဲ့အဆင်ပြေပါတယ်။ ဒါပေမယ့် Permission တွေလိုအပ်လာပြီ နောက်ပြီးတော့ Repository Initialization တွေ User Management တွေလိုလာရင်တော့ Authorized Key နဲ့မလုံလောက်တော့ပါဘူး။ အသုံးများတာကတော့ Gitosis နဲ့ Gitolite သုံးကြပါတယ် ကောင်းတာကတော့ နှစ်ခုလုံးကောင်းပါတယ် တစ်ခုတော့ရှိပါတယ် Gitosis ကတော့ Development ရပ်နေတာ အတော်လေးကြာနေပါပြီ။ Gitosis ကို Setup လုပ်ရတာ သိပ်မခက်ပါဘူး အရင်ဆုံးတော့ Gitosis ကိုသူ့ရဲ့ Repository ကနေ Clone လုပ်ယူရပါတယ်။ အကယ်လို့ Ubuntu လိုသုံးရင်တော့ သူ့ရဲ့ Repo ထဲကနေ apt-get နဲ့ Install လုပ်လို့ရပါတယ် ဒါပေမယ့်သူက User creation တွေပါလုပ်ကုန်လို့ မလိုတဲ့ဟာတွေပါလို့ ကိုယ်တိုင်ပဲ Install လုပ်ယူတာကပိုပြီး ကိစ္စရှင်းပါတယ်။ အောက်မှာပြထားတဲ့ Commands တွေနဲ့ Gitosis ကို Install လုပ်ယူလိုက်ပါ။ root@gitserver:~# git clone git://eagain.net/gitosis.git [...]

Nov
28
2011

How to setup a simple Git Repository Server?

Git Server တစ်ခုလုပ်ယူရတာ သိပ်ပြီးတော့ မခက်ခဲလှပါဘူး ရုံးမှာတစ်ယောက်တစ်ပေါက် Revision Control တစ်ခုခုတင်ပေးပါ ပြောပြောနေလို့ Git Server တစ်ခုလုပ်ပေးဖို့ တာဝန်ကျလာပါတယ်။ Server ပေါ်မှာ Git အတွက် User Account တစ်ခုခွဲထားလို်က်ပြီး Repository တွေကိုသိမ်းလို့ရပါတယ်။ အလွယ်ဆုံးနည်းကတော့ ခွဲထားတဲ့ User Account တစ်ခုနဲ့ အားလုံးသုံးမှာဖြစ်တဲ့အတွက် Password ကိုအားလုံးကို ပေးထားတာထက် Authorized Key နဲ့ဝင်တာ အဆင်အပြေဆုံးပါပဲ။ အောက်မှာပြထားတဲ့ Command တွေနဲ့ git ဆိုတဲ့ User တစ်ယောက်ကို Create လုပ်လို့ပြီး Authorized Key အတွက် Folder တစ်ခုထည့်လို့ရပါတယ်။ root@gitserver:~# adduser -m git root@gitserver:~# su git git@gitserver:~$ cd ~ git@gitserver:~$ mkdir .ssh ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ Git Server ကိုသုံးမယ့်လူတွေရဲ့ Public Key တွေကို .ssh အောက်ထဲမှာ authorized_keys ဆိုတဲ့ဖိုင် [...]

Sep
29
2010

တတိယခြေလှမ်း အခြေခံ XSL

XMLရဲ့ Tagများသည် အချက်အလက်တွေရဲ့အဓိပ္ပါယ်များနှင့်၊ ထူးခြားချက်များကိုဖော်ပြပေးနိူင်ပါသည်။ ယခင်အခန်းများတွင် ဖော်ပြပြီးခဲ့သလို XMLသည်အချက်အလက်များကို ဖော်ပြရန်အတွက် Tagများကို လွတ်လပ်စွာ အသုံးပြုနိူင်ပေ၏။ ထို့အတွက် HTMLကဲ့သို့ ပိုင်ဆိုင်တဲ့Tagတွေအသီးသီးကို မည်သို့ဖော်ပြမည် ဆိုသည်ကို ကြိုတင်သတ်မှတ်ထားခြင်းမရှိပေ။သို့ရာတွင် XMLအချက်အလက်များကို ပြင်ဆင်ပြီးလှပစွာ ပုံဖော်လိုကြမည် မဟုတ်ပေလော။ 

Jun
22
2010

XML Part – 2

ဒုတိယခြေလှမ်း အခြေခံ DTD XMLဟာ Tagတွေကိုလွတ်လပ်စွာ သတ်မှတ်ပြီးအသုံးပြုနိူင်သည့်အတွက်  အချက်အလက်အမျိုးမျိုးကို ဖော်ပြပေးနိူင်၏။ သို့ပေမယ့်  လွတ်လပ်စွာရေးသားနိူင်ခြင်းကြောင့်လည်း အဆင်မပြေမှု့များလည်း  တွေ့ရှိနိူင်ပါသည်။ ဥပမာအားဖြင့် XMLနဲ့ရေးသားထားတဲ့ အချက်အလက်တွေကို   တခြားကုမ္ပဏီတစ်ခုနဲ့ အဆက်အသွယ်လုပ်မည်ဆိုတဲ့ နမှုနာကိုစဉ်းစားကြည့်ကြပါ။  ကုမ္ပဏီအသီးသီးက နှစ်သက်သလို Tagတွေကို အသုံးပြုနေခဲ့မည်ဆိုလျှင်  အဲ့ဒီXMLစာတွေကိုဘာသာပြန်ဖို့အတွက်လည်း Programတွေ လိုအပ်လာပါလိမ့်မည်။  သည်လိုဆိုရင်ဖြင့် အဆင်မပြေနိူင်ပါ။

Jun
18
2010

XML – Part 1

1.ပထမခြေလှမ်း အခြေခံ XML XML ဆိုသည်မှာ TAGတွေကိုအသုံးပြုပြီး၊ စာပိုဒ်တစ်ခုရဲ့ဖွဲ့စည်းပုံကို စနစ်ချရာမှာအသုံးပြုသော စနစ်တစ်ခု ဖြစ်၏။ XML သည်မရေရာသော ရေးသားပုံစနစ်ကလိုက်မခံပဲ၊ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ စာရေးသားပုံစနစ်ကို သတ်မှတ်ထားသည့်အတွက် Program များမှ အသုံးပြုရလွယ်ကူစေသော ထူးခြားမှု့ကိုပိုင်ဆိုင်၏။ ထိုကြောင့်ရုံးသုံးစာများတွင်၊ Business Data အချက်အလက်တွေကို ရေးသားရာမှာ XML ကိုအသုံးပြုနေကြ သည်မှာမရေတွက်နိုင်ပေ။