Font Embed in Android Titanium

ဒီနေ့ Titanium Mobile SDK အသစ်မှာ Android အတွက် font embed ပါလာပါပြီ။ ဒါကြောင့် Titanium ကို အသုံးပြုပြီး မြန်မာ စာ အသုံးပြုတဲ့ iphone, android app တွေ ရေးလို့ရပါပြီ။ အရင် version တုန်းကတော့ iPhone တစ်ခုတည်းမှာ ရခဲ့ပေမယ့် အခု version မှာတော့ Android အတွက်ပါ ရလာပါပြီ။

How to

Titanium မှာ project အသစ် တစ်ခု ဆောက်လိုက်ပါ။

Continue reading “Font Embed in Android Titanium”

Mobile App Development

Mobile app development နဲ့ ပတ်သက်ပြီး အခြေခံ အဆင်လေးကို presentation လေးလုပ်ထားတာပါ။ MZ ပွဲမှာ ပြမလို့ စဉ်းစားထားပေမယ့် အသံ quality သိပ်မကောင်းတာကြောင့် ပြဖြစ်မယ် မထင်ပါဘူး။ အခုမှ mobile app ကို လုပ်ချင်တဲ့ လူတွေအတွက်တော့ အသုံးဝင်မယ့် video ဖြစ်မယ်လို့ ထင်ပါတယ်။

7 Cross Platform iOS and Android Solutions

iOS ကို သာမက Android ပါ run လို့ ရအောင် application တွေ ရေးဖို့အတွက် SDK List လေးပါ။

Native App Creators

Airplay SDK – သူကတော့ game company တော်တော်များများ အသုံးပြုကြပါတယ်။ cross platform applications အတွက် game ရေးဖို့ဆိုရင် အဆင်ပြေပါတယ်။ 2D/3D Game တွေ ရေးဖို့အတွက် အဆင်ပြေပါတယ်။

Corona SDK – Lua ကို သုံးပြီး app တွေရေးဖို့အတွက်ဆိုရင်တော့ Corona ရှိပါတယ်။ သူကတော့ Actionscript 2.0 နဲ့ တူပါတယ်။ Adobe Developer အဟောင်းတွေက တည်ထောင်ထားတာပါ။ တန်ဖိုးကတော့ $99 per year ပေးဆောင်ရပါတယ်။

Flash CS5 (Adobe Air for iOS ) – Packager ကို သုံးပြီး iOS အတွက် Flash CS5 apps တွေ ဖန်တီးလို့ရပါတယ်။ Mac ကို သုံးစရာမလိုပဲ ရေးလို့ရပါတယ်။ စျေးနှုန်းကတော့ $600 ဝန်းကျင်ရှိပြီးတော့ upgrade လုပ်တာဆိုရင်တော့ $200 ပေးရပါလိမ့်မယ်။

Unity – Game တွေအတွက် သီးသန့်ဆိုရင်တော့ Unity ရှိပါတယ်။ သူက 3D object တွေအတွက် Editor ပါပြီးသားဆိုတော့ တော်တော်လေးကို ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ထို့အတူ စျေးလည်း ကောင်းပါတယ်။ iPhone သီးသန့်အတွက် Unity ဆိုရင် $300 လောက်ပေးရမှာဖြစ်ပြီး Unity Pro ဆိုရင်တော့ $1500 လောက်ကုန်ပါလိမ့်မယ်။ Android အတွက်ပါရေးမယ်ဆိုရင်တော့ $3000 လောက်တော့ ကုန်ကျပါမယ်။

Hybrid App Creators (HTML/Javascript and HTML/ruby based)

Appcelerator – native app ကို HTML/Javascript ကို သုံးပြီး ရေးလို့ရမယ့် နည်းလမ်းပေါ့။ UIWebView ကို သုံးပြီး iPhone မှာ run တာပေါ့။ သူက Free ပါပဲ။

Phonegap – Appcelerator နဲ့ အတူတူပါပဲ။ သူကတော့ Appcelerator ထက်စာရင် ရေးရတာ ပိုလွယ်ပြီးတော့ support နဲ့ communities အားကောင်းတယ်လို့ ဆိုရပါမယ်။

Rhomobile – Ruby ကို သဘောကျတဲ့သူတွေအတွက်ကတော့ Rhomobile က အဆင်ပြေပါလိမ့်မယ်။ ROR သမားတွေ အကြိုက်ပေါ့။ noncommericial application အတွက် free ပါ။

Conclusion

Flash သမားတွေအတွက်တော့ Flash CS5 က အသင့်တော်ဆုံးပေါ့။ Airplay SDK ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ SDK ဆိုလည်း မမှားပါဘူး။ Corona ကတော့ စျေးနည်းနည်းများတယ်လို့ ထင်ပါတယ်။ နောက်ပြီး Lua language ကိုလည်း လေ့လာဖို့ လိုလိမ့်မယ်။ Corona စျေးများတာကတော့ Unity စျေးများတာကို မမှီဘူးလို့ဆိုရမလားပဲ။ သို့ပေမယ့် Unity က Game Development အတွက် တော်တော်လေးကို ကောင်းမွန်ပါတယ်။ Game Development အတွက် invest မလုပ်ဘူးဆိုရင်တော့ မစဉ်းစားသင့်ပါဘူး။

HTML/Javascript solutions အတွက်ဆိုရင်တော့ Appcelerator ဖြစ်ဖြစ် Phonegap ဖြစ်ဖြစ် အဆင်ပြေပါတယ်။ web developer တွေအတွက် iPhone , Android app အမြန်ရေးဖို့အတွက်ပေါ့။ Appcelerator ကတော့ သူ့ javascript တွေ သိထားဖို့လိုတယ်။ ထပ်လေ့လာဖို့လိုတာပေါ့။ Phonegap ကတော့ လက်ရှိ HTML5 application ကို iPhone , Android အတွက် ချက်ခြင်း ပြောင်းလိုက်ရုံပဲလေ။ ROR သမားတွေအတွက်တော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်။ Rhomobile က အဆင်ပြေဆုံး ဖြစ်လိမ့်မယ်။

reference: http://maniacdev.com/2010/09/cross-platform-iphone-and-android-solutions/