What is Virus
Virus ရဲ့ သမိုင်းကိုတော့ ကျွန်တော် မရှင်းတော့ဘူး။ Wikipedia မှာပဲ ရှာဖတ်လိုက်ရင် အရှည်ကြီးတွေ တွေ့ရမှာပါ။ Virus က အဓိကအားဖြင့်တော့ Windows မှာ တိုက်ခိုက်တာပါ။ Linux နဲ့ Mac မှာ တိုက်ခိုက်ခံရတာ နည်းပါတယ်။ Mac တောင် နောက်ပိုင်း တိုက်ခိုက်ခြင်းတွေ ခံရလာပါတယ်။ Linux ကတော့ အခုချိန်ထိ အေးဆေးပါ။ ဘာလို့ Windows မှာ တိုက်ခိုက်ခံရတာများလည်းဆိုရင်တော့ ရှင်းပါတယ်။ Windows က လူအများဆုံး အသုံးပြုကြတယ်။ နောက်ပြီး တိုက်ရတာလွယ်တယ်။ ဒါကြောင့် အများဆုံး တိုက်ရတာပါ။
Virus တစ်ခုကို ဘယ်လိုဖန်တီးထားလဲဆိုတော့ program နဲ့ ဖန်တီးထားတာပါ။ ဒါကြောင့် Programming Language တစ်ခုခု တတ်ကျွမ်းဖို့လိုပါတယ်။ အဓိကတော့ နည်းနည်းပါးပါးလေ့လာပြီး ရေးတတ်ရင်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ programming language ရဲ့ ဘယ်အပိုင်းကိုရေးတတ်ရင် ရပြီဆိုတာကို သိလာမှာပါ။
ပိတ်မရအောင် ဘယ်လိုလုပ်ထားလဲ
virus တစ်ခုမှာ ပုံမှန်အားဖြင့် program ၂ ခုပါဝင်တတ်ပါတယ်။ မူရင်း virus program နဲ့ သူ့ကို အထောက်အပံ့ပေးဖို့ program တစ်ခုနဲ့ပါ။
ဖျက်မရအောင်ဘယ်လိုလုပ်ထားလဲ
virus program နဲ့ virus support program နှစ်ခုပါတာကို အပေါ်မှာပြောထားပြီးသားပါ။ virus run တာနဲ့ တပြိုင်နဲ့ virus support program run မယ်။ virus support program run တာနဲ့ virus က run မယ်။ အဲဒီ ပုံလေးကို ရှင်းအောင် အောက်မှပြထားပါတယ်။
နောက်ပြီး windows စတက်တာနဲ့ virus program ကို run အောင်လုပ်ထားတတ်ပါတယ်။ အခုနောက်ပိုင်း comment prompt (cmd) တွေကို ပါပိတ်တတ်လာကြပါတယ်။ အောက်မှာ registery မှာ virus တွေ သွားရောက်ပြုပြင်တတ်တဲ့ အပိုင်းလေးတွေကို ဖော်ပြထားပါတယ်။
Windows စစခြင်းမှာ virus တက်လာဖို့အတွက်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run
မှာ virus ရဲ့ ပတ်လမ်းကြောင်းသွားထည့်ထားပါတယ်။
Folder Option ပိတ်ဖို့အတွက်
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
မှာ ညာဘက်က DWord Value ဖြစ်တဲ့ NoFolderOptions ဆိုတာလေးထဲမှာ 0 ရှိနေရင်တော့ show ဖြစ်မှာဖြစ်ပြီး 1 ဖြစ်နေရင်တော့ Hide ဖြစ်နေမှာပါ။ ဒါပေမယ့် Vista မှာတော့ အလုပ်မလုပ်ပါဘူး။
Registery ပိတ်ဖို့အတွက်
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System
မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableRegistryTools ဆိုတာလေးထဲမှာ 0 ဆိုရင် ဖွင့်ခွင့်ပေးထားပြီး 1 ဆိုရင်တော့ ဖွင့်ခွင့်မရှိတော့ပါဘူး။
Task Manager ပိတ်ဖို့အတွက်ကတော့
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System
မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableTaskMgr မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ဖွင့်လို့မရတော့ပါဘူး။
Command Prompt ကို ပိတ်ဖို့အတွက်ကတော့ HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
မှာ ညာဘက်က DWord Value ဖြစ်တဲ့ DisableCMD မှာ 0 ဆိုရင် ဖွင့်လို့ရပြီး 1 ဆိုရင်တော့ ပိတ်လိုက်ပါတယ်။
Windows, Linux, Mac တွေ ထဲမှာတော့ Windows က တိုက်ခိုက်မှုခံရမှု အများဆုံးပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အများက windows အသုံးများတာရယ် နောက်ပြီး Programmer တော်တော်များများက windows အတွက်ပဲ ရေးတတ်ကြတာလည်းပါဝင်ပါတယ်။ နောက်ပြီး windows က ကူးစက်ဖို့အလွယ်ဆုံး အပိုင်းမို့ပါပဲ။ အများဆုံးတွေ့ရတဲ့ virus ပုံစံတွေကတော့ .exe, .vbs, .bat တွေပါပဲ။ အဲဒီ file တွေက Windows မှာပဲ run တယ်။ အဲဒီ virus က Ubuntu မှာ လာဖွင့်ရင် အလုပ်မလုပ်ပါဘူး။ .exe, .vbs, .bat တွေက Windows တစ်ခုထဲမှာပဲ အလုပ်လုပ်ကြပါတယ်။
ဘာ Programming Language သုံးကြလဲ
Virus တစ်ခုဖန်တီးတော့မယ်ဆိုရင်တော့ run time file မလိုပဲ run နိုင်ဖို့ပါပဲ။ နောက်ပြီး requirement မရှိဖို့ရယ်ပေါ့။ တကယ်လို့ .NET နဲ့ ရေးထားတဲ့ virus ဆိုရင်တော့ .NET Framework ရှိတဲ့ စက်တွေကိုပဲ ဒုက္ခပေးနိုင်လိမ့်မယ်။ .NET Framework မရှိတဲ့ စက်တွေကတော့ ဘာမှမဖြစ်ပါဘူး။ Java နဲ့ရေးလည်း java runtime မရှိပဲနဲ့ အဲဒီ virus က အလုပ်မလုပ်နိုင်ဘူး။ VB 6 , C++6 တွေနဲ့တော့ ရေးလို့ရတယ်။ ဒါပေမယ့် requirement တွေ သိပ်မများစေနဲ့ပေါ့။ သူတို့က တချို့ function တွေအတွက် runtime လိုလာကြပြန်ရော။ အများရေးကြတာကတော့ C++ ရေးကြပါတယ်။ နောက်ပြီး .vbs (VB Script) ကိုလည်း အသုံးများကြတယ်။ သူက runtime မလိုဘူးလေ။ Windows တိုင်းမှာ အလုပ်လုပ်နိုင်တယ်။
Hardware ပစ္စည်းတွေ ဖျက်စီးနိုင်လား
ကဲ… ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့တွေ စက္ကန့်တိုင်း စက္ကန့်တိုင်း memory stick ကို write နေမယ်။ ၁ စက္ကန့်မှာ ၁ ခါ write တယ်ပဲထား။ ၁ မိနစ်ဆိုရင် အကြိမ် ၆၀ ပေါ့။ ဒါဆိုရင် နာရီဝက်ဆိုရင် အကြိမ် ၁၈၀၀ လောက် write နေပြီ။ အဲဒီအတွ CPU ကော memory ပါ အလုပ်လုပ်လိုက်ရပြီ။ အကြိမ်ကြိမ်အခါခါ ဖြစ်လာမယ်ဆိုရင်တော့ stick က bad sector တွေပေးလာမယ်။ အဲဒီအချိန်မှာ bad sector တွေကို fix မလုပ်ဘူးဆိုရင် ကြာလာရင် stick ပျက်သွားနိုင်ပါတယ်။
နောက်ပြီး memory ကိုအချိန်ပြည့်ယူထားမယ်။ ကြာလာရင် memory overload ဖြစ်လာမယ်။ စက်ကြီးနှေးလာမယ်။ memory ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ virus က တိုက်ရိုက် ထိခိုက်စေတာမဟုတ်ပဲ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးသွားအောင် ဖျက်စီးနိုင်ပါတယ်။
အများကတော့ kaspersky အသုံးပြုကြပါတယ်။ ကျွန်တော်လည်း kasperksy ကိုပဲ အသုံးပြုနေပါတယ်။ အသုံးများတဲ့ antivirus တွေကတော့
- Kaspersky
Norton
MacAfee
Bitdefender
NOD32
Avast
Panda
AVG
စတာတွေပါပဲ။
Antivirus ဘယ်လိုအလုပ်လုပ်လဲ
Antivirus တွေက အဓိကအားဖြင့် virus signature file ကို သိကြတာပါ။ virus တစ်ခု အခြေခံဘယ်လိုလုပ်ထားတယ်ဆိုတာကို မှတ်ထားတယ်။ နောက်ပြီး program ရဲ့ Internal name ကို မှတ်ထားကြတာပါ။ ဒါကြောင့် နာမည်ဘယ်လိုပြောင်းပြောင်း virus မှန်းသိနေကြတာပါ။ virus မှန်းသိအောင်လည်း signature file ကို အမြဲ update လုပ်ပေးရပါတယ်။ တကယ်လို့ virus က ကိုယ်ပိုင်ရေးထားတာဖြစ်မယ်။ ဒါမှမဟုတ် virus က အသစ်ဖြစ်နေမယ်ဆိုရင်တော့ antivirus တွေက သိမှာမဟုတ်ပါဘူး။ kaspersky အနေနဲ့ကတော့ virus အသစ်ထွက်လာရင် newvirus@kaspersky.com သို့ ပေးပို့နိုင်ပါတယ်။