Macbook Pro အသစ်ထွက်

Macbook Pro အသစ်ထွက်မယ်ဆိုပြီး သတင်းထွက်နေတာတော့ ကြာပြီ။ နောက်ပြီး Steve ရဲ့ မွေးနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထွက်မယ်လို့ သတင်းထွက်နေတဲ့ အတိုင်း ထွက်လာပါပြီ။ Happy Birthday Steve Job !!!! Macbook Pro အသစ်မှာ ထူးထူးခြားခြား ပါလာတာကတော့ Thunderbolt ပါ။ Thunderbolt က လက်ရှိ USB 2.0 ထက် ၁၂ ဆ မြန်ပြီးတော့ USB 3.0 ထက် ၁၀ ဆ မြန်ပါတယ်။ Intel က ထုတ်လုပ်လိုက်တဲ့ Technology တစ်ခုပါပဲ။ သူ့ရဲ့ File ကူးနှုန်းက 10Gbps ပါ။ ၁ စက္ကန့်ကို 10 Giga bit ကူးနိုင်ပါတယ်။ Thunderbolt ပါတဲ့ ပထမဆုံး laptop လို့ ဆိုရမှာပါ။ နောက်ပြီးတော့ Facetime အတွက် front camera က HD camera ဖြစ်သွားပါတယ်။ ထူးခြားတဲ့အချက်နောက်တစ်ခုကတော့ Power cable plug design ပြောင်းသွားပါပြီ။

နောက်ထပ် သဘောကျစရာကောင်းတာကတော့ Core i5 2.3GHz processor နဲ့ 13 လက်မ ပါ။ ဒါမှမဟုတ် Core i7 2.7 GHz အမျိုးအစားလည်း ရှိပါတယ်။ ၁၅ နဲ့ ၁၇ လက်မတွေကတော့ quad-core Intel Core i7 processor with 6MB shared L3 cache ကို အသုံးပြုထားပါတယ်။ ၁၅ လက်မအတွက် 2.0 or 2.2 GHz ရှိပါတယ်။ ၁၇ လက်မကတော့ 2.2 GHz တစ်မျိုးတည်းပါ။

Graphic ကိုတော့ Intel HD Graphics 3000 အသုံးပြုထားပါတယ်။ 15 နဲ့ 17 လက်မတွေ အတွက်ကတော့ AMD Radeon graphics ကို သုံးထားပြီး ပြီးခဲ့တဲ့ မျိုးဆက်ထက် ၃ ဆ မြန်တယ်လို့ ဆိုပါတယ်။ လက်ရှိ ထွက်နေတဲ ့ သတင်းတွေထဲက မမှန်တာကတော့ အမည်းရောင် Macbook Pro ထွက်မလားဆိုတဲ့ သတင်းပါ။ အခုက Design ကတော့ ဘာမှ ထွေထွေ ထူးထူး မကွာသွားပါဘူး။ သို့ပေမယ့် Display ကတော့ ပိုကောင်းလာပါတယ်။ ၁၃ လက်မက S$1,648 ပဲရှိပါတော့တယ်။ အရင်တုန်းက Macbook Pro ထွက်ထွက်တုန်းက S$2000 လောက်ရှိခဲ့တာ အခု စျေး အများကြီးသက်သွားပါတယ်။ ဘယ်တော့လောက် စထွက်မယ်ဆိုတာကိုတော့ မကြေငြာသေးပါဘူး။

PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် – အပိုင်း ၂

အပိုင်း ၁ ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

၆။ သင့်အတွက် အသုံးဝင်မယ့် Snippet တွေကို သိမ်းထားပါ

Coding တွေရေးတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်သုံးနေရတာတွေ ရှိပါတယ်။ ဥပမာ။ File read / write လိုမျိုး ၊ ဒါမှမဟုတ် mysql connect ချိတ်တာမျိုးတွေပေါ့။ အဲလိုမျိုး code တွေကို ပြန်စဉ်းစား ပြန်ရေးနေမယ့်အစား အသုံးဝင်မယ့် code အပိုင်းတွေကို သိမ်းထားသင့်ပါတယ်။ အသုံးဝင်တဲ့ App တွေကတော့ Snippet, snippely, Code Collector စတာတွေပေါ့။ Snippely က လွဲလို့ ကျန်တာတွေက Mac app တွေပါ။ Snippely တစ်ခုပဲ free ရပါတယ်။ Windows, Mac , Linux အားလုံးအတွက် jcodecollector ရှိပါတယ်။
Continue reading “PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက် – အပိုင်း ၂”

PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက်

PHP ဟာ လူသုံးများတဲ့ web development language တစ်ခုပါ။ 20 millions domain လောက်က PHP ကို အသုံးပြုထားပြီး wikipedia, facebook စတဲ့ နာမည်ကြီး site တွေအပြင် WordPress , Drupal , Joomla စတာတွေကလည်း PHP နဲ့ ရေးသားထားတာပါ။ အခု ဆောင်းပါးမှာတော့ PHP Developer တွေ ပိုအကျိုးရှိစေမယ့် အချက် ၁၀ ချက်ကို ဖော်ပြပေးသွားပါမယ်။
Continue reading “PHP Developer တွေအတွက် အသုံးဝင်မယ့် အချက် ၁၀ ချက်”

Vanilla Forum Script Installation

ကျွန်တော် ဒီတစ်ခါတော့ vanilla ဆိုတဲ့ forum script ကို install လုပ်နည်းကိုပြသသွားမှာ ဖြစ်ပါတယ်။ vanilla ကို mysteryzillion မှာ VBulletin အစားအသုံးပြုတော့မယ့် forum CMS တစ်ခုဖြစ်ပါတယ်။ vanilla ဟာ install လုပ်ရတာအရမ်းလွယ်ကူပြီးတော့ configure လုပ်ရတာလည်း ခန့်မှန်းထားသလောက်မခက်ခဲ့ပါဘူး။ သူရဲ့အားသာချက်ကတော့ VBulletin လိုအခကြေးငွေတစ်စုံတစ်ရာပေးစရာမလိုတဲ့ free (not only like beer free but also like freedom)  CMS အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် forum စတင်စမ်းသပ်ထူထောင်လိုသူများအတွက် အထူးသင့်တော်မယ်လို့ယူဆရပါတယ်။ သို့သော် ကျွန်တော်သည် developer level user (power user ) တစ်ယောက်မဟုတ်တာကြောင့် vanilla နဲ့ပတ်သတ်၍ က မှ အ အဆုံးထိရေးသားနိုင်စွမ်းမရှိပါဘူး။ ကိုယ်တက်နိုင်သလောက် installation process ကို end user များနားလည်နိုင်အောင်ရေးသားလိုက်ရပါတယ်။
Continue reading “Vanilla Forum Script Installation”

QT ကို ပြောင်းတော့မယ့် Ubuntu

Ubuntu 11.10 ကနေ စပြီး Ubuntu က Gtk+ ကနေ QT ကို ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။ 2011 နှစ်ကုန်ပိုင်းလောက်မှာတော့ Ubuntu 11.10 ထွက်ပါလိမ့်မယ်။ မကြာခင်မှာ ထွက်လာမယ့် Ubuntu 11.04 , Natty Narwhal မှာတော့ Gtk+ ကိုပဲ သုံးစွဲ ထားပါသေးတယ်။ လက်ရှိ အသုံးပြုထားတဲ့ Gnome ကတော့ Gtk+ လိုအပ်ပါတယ်။ ဒါဆို ဘာကြောင့် Qt ကို ပြောင်းတာလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ Qt ကတော့ small-screen interface တွေအတွက် ဖြစ်ပြီးတော့ netbook တွေ mobile တွေအတွက် design ရေးဆွဲထားတာပါ။ Ubuntu ဟာ mobile တွေ netbook တွေ tablet တွေဆီကို ဦးတည်ဖို့အတွက် Qt ကို ပြောင်းတာ ဖြစ်နိုင်ပါတယ်။

Qt

Qt ဆိုတာနဲ့ Nokia ကို ပြေးမြင်ကြမှာ အမှန်ပါပဲ။ Qt ဟာ application framework ပြီးပြီး လက်ရှိ Nokia Symbian နဲ့ Maemo phones တွေမှာ အသုံးပြုနေပါတယ်။ Qt ဟာ cross-platform ဖြစ်ပြီး Windows, Mac နဲ့ Linux တွေမှာ အသုံးပြုနိုင်ပါတယ်။ Developer တွေဟာ Ubuntu 11.10 အတွက် Qt နဲ့ ရေးသားဖို့လိုအပ်လာပြီး desktop , laptop, tablets နဲ့ smartphones တွေမှာ တစ်ခါတည်း run လာနိုင်ပါလိမ့်မယ်။

Mobile

Canonical ဟာ tablets နဲ့ smartphone လောကကို ဝင်လာဖို့ ရှိပါတယ်။ တကယ်လို့ Ubuntu ဟာ smarphone လောကထဲကို နောက်နှစ်ထဲလောက် ဝင်လာမလား လို့ သံသယ ဖြစ်စရာပါပဲ။ လက်ရှိ Tablet တွေ ခေတ်စားလာတာနဲ့ အမျှ Ubuntu ဟာ tablet စျေးကွက်ထဲကို တိုးမဝင်နိုင်သေးပါဘူး။ Ubuntu ဟာ tablet လောကထဲ ဝင်လာခဲ့ရင်တော့ android နဲ့ အပြိုင်ဖြစ်လာပြီး tablet တွေလည်း ပိုမိုများပြားလာဖို့ ရှိပါတယ်။

ဆိုးတာ ကတော့ လက်ရှိ Gtk+ အတွက် ရေးထားတာတွေက Ubuntu 11.10 မှာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ သို့ပေမယ့် Mobile Tablet စျေးကွက်မှာ Apple အတွက် Android အပြင် နောက်ထပ် ပြိုင်ဘက်အနေနဲ့ Ubuntu ပါ ရောက်လာဖွယ်ရှိပါတယ်။

Mandalay Barcamp that I know

Barcamp ?

Barcamp ဆိုတာ ဘာလဲ ဆိုတော့ ပုံမှန်ဆွေးနွေးပွဲ၊ အစည်း အဝေး တွေ ့ဆုံပွဲ စာတာတွေလို ကြိုတင်စီမံထားတဲ ့ခေါင်းစဉ်

တွေ ထားရှိချင်း မရှိဘဲ တက်ရောက်လာသူတွေက ပြောလာမယ့် ၊ပြောချင်တဲ့အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲမှာ အများအပြား တင်ပြပေးနိုင်တဲ့နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတစ်ခုဖြစ်ပါတယ်

သင်ဟာ နည်းပညာ တစ်ခုခု စီးပွားရေးတစ်ခုခု ကို စွဲစွဲမြဲမြဲလုပ်ဖို ့လေ့လာနေဆဲ လူတစ်ယောက်လား ?

အောင်မြင်နေသော လူတစ်ယောက်လား ကျွန်တော်တို ့မန်းလေးဘားကန် မှာ မျှဝေပေးဖို့ ကြွရောက်လာခဲ့ပါ။

သင့်တွင်တစ်ခုခု သူ ့နဲ ့နယ်ပယ်တူရာလူတွေကို ဝေမျှပေးစရာ အတွေး တစ်စစ တစ်ခုခုရှိနေပါသလား ။Tips and tricks

ကောင်းကောင်းလေးတွေသင် တွေ ့ရှိထားပါသလား ။ ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွခဲ့ပါ။

နည်းပညာတို ့ရဲ ့အသက် နည်းပညာတို ့ရဲ ့သတင်း နည်းပညာတို ့ရဲ ့အသုံးချ နေရာများကို ဆွေးနွေးဟောပြော ပေးချင်

နေပါသလား ။ မိမိတို ့လေ့လာနေတဲ့နယ်ပယ်ကို လူအများ စိတ်ဝင်စားလာအောင် လုပ်ဆောင်ဖို ့အခက်တွေ ့နေပါသလား

ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွလာခဲ့ပါ။

မိမိတို ့စီးပွားရေး ကိုနောက်ဆုံးပေါ်နည်းပညာတွေနဲ ့လျှင်မြန်တိုးတက်နေတဲ ့အိုင်တီခေတ်ကြီးမှာ ထိုးဖောက်ချင်ပါသ

လား။ မိမိတို ့ကုန်ပစ္စည်းများကို clients တွေနဲ ့အစဉ်ထိတွေနေ စေနိုင်တဲ့ IT ပညာရပ်ကို အသုံးချဖို ့စိတ်ကူးနေပြီလား။

သင့် လုပ်ငန်းနဲ ့ပတ်သတ်ပြီးတစ်ခုခု အသစ်အဆန်းတွေ တွေ ့မြင်ချင်နေသလား။

ကျွန်တော်တို ့မန္တလေး ဘားကန် ့ကိုသာကြွလာခဲ့ပါ။

အကောင်းဆုံးသော ၀ါသနာတူတွေကို တွေ ့ချင်နေပါသလား။ တစ်ခုခု လုပ်ပြဖို ့စိတ်ကူးယဉ်နေတဲ့လူငယ်လေးများရှိပါသ

လား။ အောင်မြင်ပြီးသားဖြစ်တဲ့ကိုယ့်နယ်ပယ်ထဲက Contacts တွေလိုချင်ပါသလား ။ မိမိတို ့social network ကို ဒီထက်

ကောင်းမွန်တဲ့ သူငယ်ချင်းများထပ်ထည့်ချင်ပါသလား။ မြန်မာပြည်ရဲ ့အင်တာနက် နည်းပညာတွေကို ဦးဆောင်နေတဲ့

Developers တွေ Publishers တွေ Bloggers တွေနဲ ့တွေ ့ဆုံချင်နေပါသလား ။ အဆက်အသွယ်ရချင်နေပါသလား။

ကျွန်တော်တို ့မန္တလေးဘားကန် ့သို ့သာကြွလာခဲပါ။

မိမိတို ့ရဲ ့တစ်ခုခုသော -ism ကို ချပြချင်နေပါသလား။ မိမိတို ့နေထိုင်တဲ ့တွေ ့ခေါ်တဲ့ ပုံသဏ္႑ာန်တွေကိုသုံးသပ်ပုံတွေကို

လူတွေနဲ ့ထိတွေ ့စေချင်ပါသလား။ မိမိတို ့ရဲ ့ အတွေး စိတ်ကူးပုံရိပ်တွေ ဖန်တီးမှူတွေဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာ

သိပ္ပံနည်းကျ ရှင်းပြချင်ပါသလား ။

ကျွန်တော်တို ့မန္တလေးဘားကန် ့ကိုသာကြွလာခဲ့ပါ။

Continue reading “Mandalay Barcamp that I know”

တကယ်တတ်ချင် တကယ်လုပ်

MRT ပေါ်မှာ ထိုင်ခုံနေရာ ရလို့ ထိုင်ရင်း programming စသင်ခဲ့တဲ့ အချိန်ကို စဉ်းစားမိတယ်။ တစ်ခါတည်း ကို စိုးမင်းရဲ့ ၁၀ နှစ် ဆိုတဲ့ ဆောင်းပါး ကိုလည်း သတိရမိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘာ langauge အသုံးပြုလဲလို့ မေးလိုက်ရင် ဖြေစရာတွေက အများကြီး။ အစုံပဲ။ အခုအချိန်မှာ မေးရင်တော့ ၂ မျိုးပဲ ရှိတယ်။ PHP နဲ့ objective-c ။ အခုအချိန်မှာ အဲလို ရဲရဲ ဝင့်ဝင့် ပြောရဲသွားပြီ။ Programming ကို စ လုပ်ခဲ့တာကတော့ VB ဆိုတာထက် Pseudo လို့ ဆိုရမယ်။ ဗိုလ်တထောင် ကောလိပ်မှာ diploma တက်တုန်းက VB မသုံးခင် Pseudo နဲ့တင် ၁ လ လောက် ကြာသွားတယ်။ Pseudo code ကနေ စခဲ့တယ်လို့ ဆိုရမယ်။

တတ်လိုက်တဲ့ Language တွေ

ဘာ language ရလဲလို့ မေးလိုက်ရင် စုံနေနတာပဲ။ C#, Java , VB , Flash တစ်ယောက်ကို အနည်းဆုံး ၃ ခု ၄ ခုလောက်တော့ တတ်ကြတယ်။ အဲလို တတ်တာကိုပဲ ဂုဏ်ယူနေကြသလိုပဲ။ ကျွန်တော့် တုန်းကလည်း သင်တန်းတွေတက်ဖြစ်သလို language တွေကလည်း တော်တော်စုံတယ်။ ကျောင်းမပြီးခင်မှာပဲ Java, C#, VB ကို သင်တန်းတွေ တက်လို့ တတ်နေပြီ။ သင်တန်း မတက်ပဲနဲ့ လေ့လာဖြစ်တာက javascript , html, css ။ အဲဒါလေးတွေက basic လေးတွေပါ။ သင်တန်းလည်း တက်စရာမလိုပဲ လွယ်လွယ်ကူကူ တတ်နိုင်တဲ့ အရာလေးတွေပါ။ သေသေချာချာ ကိုယ့်ဘာသာ ကိုယ် လေ့လာဖြစ်တာက Action script ပဲ။ Action script ကို Flash မှာပါတဲ့ Help file လေးကနေ လေ့လာဖြစ်တာ။ အဲတုန်းက Flash MX ပဲ ရှိသေးတယ်နဲ့တူတယ်။ Version 7 နဲ့ တူတယ်။ Internet လည်း မရှိပေမယ့် offline help file လေးကနေ လေ့လာဖြစ်တယ်။ ဒါကြောင့် အဲတုန်းက ဘာ language တက်လဲဆိုရင် ပြောစရာတွေက အများကြီး ဖြစ်နေတယ်။ ဒါတောင် ကျောင်းမှာ C++ သင်ပေမယ့် အဲဒီတုန်းက စိတ်မဝင်စားလို့ တတ်လို့ ထည့်မပြောတော့ဘူး။

တစ်ခုဆို လုံလောက်ပြီ

glite ကို စလုပ်ရင်းနဲ့ PHP ကို စရင်းနှီးလာတယ်။ 2007 က စပြီး လေ့လာဖြစ်တယ်လို့ ဆိုရမယ်။ လေ့လာရင်းနဲ့ သဘောကျလာပြီး လက်ရှိ ပြိုင်တူ လေ့လာနေတဲ့ .NET , Java , Flash အကုန်လုံးကို စွန့်ပြီး PHP မှ PHP ကို စလေ့လာတာပဲ။ PHP အတွက် BC မှာ မရှိဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် စာအုပ်ဝယ်ဖို့ ရှာတော့ စာအုပ်ဆိုင်မှာ Visual Qucik Pro က ထုတ်တဲ့ PHP , MySQL စာအုပ်ကို တွေ့တယ်။ ပထမဆုံးတွေ့မိတာက City Mart မှာ။ စျေးကြည့်လိုက်တော့ ၅၀၀၀ လားမသိဘူး။ ကိုယ့်ရတဲ့ မုန့်ဖိုးက ၁ နေ့ ၁ ထောင်တောင် ရှိတာမဟုတ်ဘူး။ ကျောင်းကိုလည်း ထမင်းဘူးပဲ ထည့်ပေးတော့ မုန့်ဖိုး မရတဲ့ ရက်တွေက များတယ်။ အဲဒီ စာအုပ်လေး ဝယ်ချင်လို့ တော်တော်စုလိုက်ရတယ်။ စာအုပ်ရပြီး အဲဒီ စာအုပ်အတိုင်းပဲ အဓိက ထားလေ့လာတာပဲ။ နောက်တော့ သူငယ်ချင်းတစ်ယောက်ကို ငှားလိုက်တာ ပြန်ကို မရတော့တဲ့ စာအုပ်တွေထဲမှာ အဲဒီ စာအုပ်လည်း ပါတယ်။

PHP ကို စလေ့လာကတည်းက တခြားဟာတွေ တစ်ခုမှ မလေ့လာတော့ဘူး။ Windows Application မရေးတော့ဘူး။ Web App ပဲ ရေးတော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲလိုမျိုး ဆုံးဖြတ်ပြီး တစ်ခုတည်း လေ့လာခြင်းက သင်တန်းတွေ တက် အများကြီးလေ့လာတာထက် ပိုသာတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်။ စမ်းလိုက်။ error တက်ရင် ပြန်ရှင်းလိုက်နဲ့။ မေးဖို့လူကလည်း များများစားစားမရှိ။ စာအုပ်ကိုပဲ အားကိုးပြီး လေ့လာခဲ့ရတယ်။

တကယ်လုပ်နိုင်လား

PHP လေ့လာတာဟာ အခု အချိန်မှာဆို ၄ နှစ်လောက်ရှိသွားပြီ။ Programming ကိုလေ့လာတာကတော့ ၈ နှစ်လောက် ရှိသွားပြီ။ ၈ နှစ်ရဲ့ ပထမဆုံး ၂ နှစ်လောက်ကတော့ VB 6 နဲ့ပဲ ရေးခဲ့တယ်။ ပထမဆုံး စရေးတာကလည်း မဟာဘုတ် Application ကို VB6 နဲ့ ရေးပြီး သူငယ်ချင်းတွေကို soruce code ပါ ပေးလိုက်တာပဲ။ ကျန်တဲ့ ၂ နှစ်ကတော့ Flash , VB.NET , C#.NET , Java ကို လေ့လာဖြစ်တယ်။ Java ကို လုံးဝ စွန့်လွှတ်လိုက်သလို တော်ပြီ မလေ့လာတော့ဘူး။ ငါနဲ့ မဖြစ်ဘူးဆိုပြီး တစ်ခါတည်းကို ဆုံးဖြတ်ချက်ချလိုက်တဲ့ language လို့လည်း ဆိုလို့ရတယ်။

အခုအချိန်မှာ PHP နဲ့ web app တစ်ခုရေး ဆိုရင် ရေးနိုင်တယ်လို့ ပြောရဲတယ်။ တကယ်လို အပ်တာက Language များများ တတ်ဖို့ မဟုတ်ဘူး။ တစ်ခုတည်းကို သေသေချာချာ သိဖို့နဲ့ တကယ်ရေးတတ်ဖို့ပဲ။ PHP လို့ ဆိုလိုက်တာနဲ့ HTML , CSS , javascript , jquery စတာတွေက အလိုလို တွဲပါလာသင့်တာ။ Web လိုင်းမှာ အဲဒါတွေ ပစ်ပယ်ပြီးတော့ သွားလို့ မရဘူး။ PHP တတ်တယ်။ HTML နဲ့ CSS မတတ်ဘူး။ ဒါမှမဟုတ် javascript မတတ်ဘူးလို့ ပြောတဲ့သူတွေကို တွေ့ဖူးတယ်။ သေချာတယ်။ သူ အိယောင်ဝါး လုပ်နေတာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချလို့ရတယ်။ HTML , CSS , javascript စတာတွေက PHP နဲ့ ယှဉ်ရင် တကယ့် minor learning လေးတွေ။ အဲဒီ အခြေခံအဆင့် မရှိပဲနဲ့ PHP ကို လေ့လာတာဟာ မဖြစ်သင့်ဘူး။ လက်တွေ့ ရေးဆိုရင် မရေးနိုင်တာတွေ အများကြီးပဲ။ ASP.NET သမားတွေ CSS တောင် မပြင်တတ်တာ တွေ့ဖူးတယ်။ ဘာလုပ်နေလဲဆိုရင် ASP.NET လို့ ဖြေပြီး CSS ကော ရလားလို့ မေးရင် ဘာကြီးလဲဟင်လို့ ပြန်မေးတာတွေလည်း တွေ့ဖူးပါတယ်။

ကျွန်တော် ပြောတဲ့ တစ်ခု ဆို လုံလောက်ပြီ ဆိုတဲ့ အထဲမှာ တစ်ခုက Langauge တစ်ခုကို ပြောတာမဟုတ်ဘူး။ Language တစ်ခု အပြင် သူနဲ့ ဆက်စပ်တာတွေပါ ပါတယ်။ Web app ရေးရင် HTML , CSS , javascript တတ်ထားရမယ်။ javascript အပြင် jquery ပါ တတ်ထားရင် ပိုကောင်းတယ်။ အဲဒါတွေ မတတ်ပဲ web application တွေ ရေးနေတယ်ဆိုရင်တော့ ဘယ်လိုမှ quality ကောင်းလာမှာမဟုတ်ဘူး။

in 24 Hour

PHP in 24 hour တို့ လို စာအုပ်မျိုးကို ကြည့်မိရင် ရယ်ချင်တဲ့ အထဲမှာပါတယ်။ HTML in 24 hour က လက်ခံလို့ရတယ်။ HTML + CSS in 24 hour ဆိုတဲ့ အထိ လက်ခံလို့ရတယ်။ Programming langauge ကို 24 hour ဆိုတာကတော့ မဖြစ်နိုင်ဘူး။ SAMS က ထုတ်တဲ့ စာအုပ်တော်တော်များများ ဖတ်ပြီး ကြီးပြင်းခဲ့ရတာပဲ။ စာတွေက တကယ်ကောင်းတယ်။ ခေါင်းစဉ်ကသာ လူရယ်ချင်စရာ ဖြစ်နေတာ။ ငယ်ငယ်တုန်းက ဟာ.. ငါ တော်တော် နှေးပါလား။ 24 hour စာအုပ်ကို ဖတ်နေတာ ၂၄ နာရီ မကတော့ဘူးလို့ ထင်မိသေးတယ်။ ခေါင်းစဉ်ကသာ 24 hour ။ လက်တွေ့စာတွေက အနည်းဆုံး ၃ နှစ်လောက် လေ့လာမှ သိတယ် ဆိုရုံလောက်ပဲ။ ကိုယ်ပိုင် PHP Framework ကို စမ်းပြီး ဆောက်ဖြစ်ခဲ့တာ မကြာသေးဘူး။ MZ User ကိုလည်း အဲဒီ framework နဲ့ပဲ ရေးထားခဲ့တာ။ ၄ နှစ်လောက် လေ့လာပြီးတဲ့အခါမှ နည်းနည်း တီးမိ ခေါက်မိလာတာ။ ရေးနိုင်တယ်လို့ ပြောရဲ ဆိုရဲ ရှိလာတာ။ ဒါကြောင့် သင်တန်းတွေ တက်ပြီး ၃ လ လောက်နဲ့ ငါ တတ်ပြီလို့ ပြောလို့မရဘူး။ သင်တန်းတွေ ကြော်ငြာက SAMS စာအုပ် ခေါင်းစဉ်တွေလိုပဲ။ စာသင်တာ ကောင်းနိုင်ပေမယ့် သင်တန်းပြီးတာနဲ့ တတ်ပြီဆိုတာကတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။

Limit

Project တစ်ခုလောက် ရေးတတ်သွားမယ်။ နည်းနည်းပါးပါး သိလာမယ်။ ငါလိုချင်တာတွေက ဒါတွေ ဒါတွေ ပါတယ်။ ဒါတွေ ဒါတွေ လိုချင်တယ်။ အချိန်ကတော့ ဒီလောက်ပဲ ရမယ်။ ဖြစ်နိုင်လား လို့ မေးတဲ့ မေးခွန်းမျိုးတွေ ပြန်ဖြေနိုင်ဖို့ မလွယ်သေးဘူး။ Experience နဲ့ ဆိုင်သလို ကိုယ့် အကြောင်း ကိုယ်သိဖို့လည်း လိုတယ်။ တော်တော်များများက ကိုယ့်အကြောင်း ကိုယ်မသိကြဘူး။ ကိုယ်ဘယ်လောက် ထိ လုပ်နိုုင်တယ်ဆိုတာကို မသိကြဘူး။ အချို့တွေက ကိုယ့်ရဲ့ limit ကို လျော့တွက်ထားကြတယ်။ လုပ်နိုင်တဲ့ စွမ်းအင်ရှိတယ်။ ဉာဏ်ရယ်ရှိတယ်။ ငါမလုပ်နိုင်ပါဘူးလေ ဆိုပြီး ဝိရီယ ကို လျော့ချထားတယ်။ အချို့တွေကလည်း ရှိတာထက် ပိုပြီး များများစားတွက် ကြတယ်။ အဲဒီတော့ deadline မမှီတာတွေ ဖြစ်လာကော။ စိတ်ဖိစီးမှုတွေ များလာပြီး အဆင်မပြေတာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့် limit ကို ကိုယ် ကောင်းကောင်းသိဖို့ တကယ်ကို လိုအပ်တယ်။ သင်တန်းပြီးသွားတဲ့ သူတစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ limit ဘယ်လောက်ထိ ရှိလဲဆိုတာကို ကိုယ့်ဘာသာကိုယ် သုံးသပ်နိုင်ဖို့လိုတယ်။ လူကြီးတွေ တွေးသလို သင်တန်းဆင်းတာနဲ့ အကုန်တတ်ပြီလို့ ထင်ရင်တော့ မှားသွားမှာ အမှန်ပဲ။

တကယ်တတ်လာဖို့ အချိန်ဆိုတာထက် Experience လိုတယ်။ ငါ ၃ နှစ်လောက်ရှိပြီ PHP လေ့လာနေတာ။ ဒါပေမယ့် မတတ်သေးပါဘူးကွာဆိုရင်တော့ project တွေ ကောင်းကောင်းမလုပ်ခဲ့ရဘူးလို့ပဲ။ လေ့လာတဲ့ အချိန်ဆိုတာထက် လုပ်ခဲ့ရတဲ့ Project Experience က ကိုယ့်ရဲ့ limit တွေကို တိုးမြှင့်ပေးတယ်။ Knowledge တွေ တိုးတက်လာတယ်။

လုပ်ချင်စိတ်

အချိန်ဆိုတာထက် Experience ရဖို့လိုတယ်။ အလုပ်မှ မဝင်ရသေးတာ။ ဘယ်လိုလုပ် Experience ရှိမှာလဲလို့ ဖြေတာတွေလည်း ကြားဘူးတယ်။ ကိုယ့်ဘာသာကိုယ် project လေး တစ်ခု ပြီးအောင် ဖန်တီးဘူးလား လို့ မေးလိုက်ရင် ဟင်အင်းပဲ။ ကိုယ့်ဘာသာ project အသေးလေး တစ်ခု timeline ချ။ deadline တွေ ချပြီး ရေးကြည့်ပါလား လို့ပဲ အကြံပေးချင်တယ်။ တော်တော်များများက ကိုယ့်ဘာသာကိုယ် ချထားတဲ့ deadline အတွင်းတောင် မလုပ်နိုင်ကြဘူး။ နောက်ပြီး ရေးနေရင်းမှာ အကြောင်းပြချက်တွေနဲ့ ဆက်မလုပ်တာတွေ ဖြစ်လာတယ်။ အိမ်က ဟိုဟာခိုင်းလို့။ လုပ်စရာလေးတွေ ရှိသေးလို့ မလုပ်ဖြစ်ဘူး။ အဲဒါနဲ့ ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတဲ့ deadline နဲ့ project ကိုတောင် ပြီးဆုံးအောင်မြင်အောင် မလုပ်နိုင်ကြတာ များတယ်။ တနည်းပြောရင် လုပ်ချင်စိတ် မရှိဘူး။ လေ့လာချင်စိတ် မရှိဘူး။ သူများယောင်လို့ လိုက်ယောင် သလို ဖြစ်နေတယ်။ သူများပြောလို့ လိုက်လုပ်သလို ဖြစ်နေတယ်။ အများစုကတော့ အလုပ်ထဲရောက်ရင် တကယ်လုပ်မှာပါဆိုတဲ့ ဆင်ခြင်က အမြဲ ကပ်ပါလာတယ်။ experience မရှိတော့ အလုပ်ရဖို့ ခက်တယ်။ အလုပ်မရတော့ experience မရှိဘူးဆိုပြီး မုန့်လုံး စက္ကူကပ် တဲ့ ပြဿနာ ဖြစ်ကုန်ကော။

အတွေ့အကြံုရဖို့

အလုပ်ရမှ အတွေ့အကြံုရမယ်လို့ ပြောတာဟာ ချမ်းသာအောင် တန်ခိုးရှင်ကို ထိုင်စောင့်နေသလိုပဲ။ အတွေ့အကြံုဆိုတဲ့စကားကို တွေ့ တဲ့ အခါ ကြံု တဲ့ အခါမှာ တတ်မြောက်လာတာ။ ကိုယ်က တွေ့ဖို့ လိုတယ်။ ကြံုဖို့ လိုတယ်။ ဒါကြောင့် တွေ့ အောင် ကြံုအောင် ကိုယ့်ဘာသာ ကိုယ် ဖန်တီးရတယ်။ အလုပ် ရမှဆိုပြီး ထိုင်စောင့်နေတာဟာ တန်ခိုင်းရှင်ကို ထိုင်စောင့်နေတာနဲ့ အတူတူပဲ။ Working Experience က ပိုကောင်းတာမှန်ပေမယ့် ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ project တွေကလည်း မတူတဲ့ အတွေ့အကြံုတွေကို ရစေတာပဲ။ နောက်ပြီး ကိုယ့် ဘာသာကိုယ် project သေးသေးလေးတွေ ရေးပြီး interview တွေမှာ ပြလို့ ရတယ်။ ပြောလို့ရတယ်။ လုပ်နိုင်တယ်ဆိုတာကို ပြောလို့ရတယ်။ နောက်ပြီး လုပ်နေတဲ့ project ကနေ သင်ယူစရာတွေ တွေ့လာရမယ်။ အသစ် ထပ်လေ့လာစရာတွေ ၊ ပြဿနာဖြေရှင်းနည်းတွေ တဖြည်းဖြည်းနဲ့ တတ်ကျွမ်းလာတယ်။ သို့ပေမယ့် အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုယ့်ဘာသာကိုယ် project သေးသေးလေးချပြီး မလုပ်ဖြစ်ကြတာ များတယ်။

The anatomy of a WordPress theme

wordpress theme တစ်ခု ဖန်တီး ဖို့အတွက် wordpress theme တည်ဆောက်ပုံကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ကပုံမှာ wordpress theme တစ်ခု တည်ဆောက်ဖို့ ဘာတွေ လိုအပ်သလဲ။ နောက်ပြီး ဘယ် file တွေက ဘာတွေ အတွက်လဲ ဆိုတာကို ရှင်းလင်း ပြထားပါတယ်။ WordPress Theme တစ်ခုလုံးကို ရှင်းလင်း လွယ်ကူစွာ နားလည်သွားစေနိုင်တဲ့ ပုံဆိုလည်း မမှားပါဘူး။

Instagram 1.07 တွင် filter အသစ် ၂ ခု ပါဝင်

Instagram version အသစ်ကို iPhone OS app store မှာ ရရှိနိုင်ပါပြီ။ လက်ရှိ version မှာတော့ bug fixes တော်တော်များများ လုပ်ထားပြီး localization improvements လည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် filter အသစ် ၂ ခု ဖြစ်တဲ့ Walden နဲ့ Hefe ကို လည်း ထပ်မံ ထည့်သွင်းထားပါတယ်။ အခြား ထူးထူးခြားခြား အကြီးမားဆုံး ပြောင်းလဲမှုတွေတော့ မပါရှိပါဘူး။

Run Another Dropbox on Mac

Dropbox ကို Mac မှာ တစ်ခုထက် မက သုံးချင်တာတွေရှိပါတယ်။ သို့ပေမယ့် ပုံမှန် အားဖြင့် dropbox က တစ်ခုတည်းပဲ သုံးလို့ရပါတယ်။ ကျွန်တော် တို့ ဆီမှာ account ၂ ခုရှိတယ်။ တစ်ခုက ရုံးအတွက် တစ်ခုက personal အတွက် ဆိုပြီး ရှိတယ်ဆိုရင် သုံးရတာ အဆင်မပြေတော့ဘူး။ Mac မှာ Dropbox ၂ ခု သုံးချင်တယ်ဆိုရင်တော့ ဒီ file လေးကို download ချလိုက်ပါ။
Continue reading “Run Another Dropbox on Mac”

Apple Release iOS 4.3 Beta

Apple iOS 4.3 Beta ကို iPhone , iPad, iPodTouch တို့အတွက် ထုတ်ပေးလိုက်ပါပြီ။ အသစ်ပါဝင်လာတဲ့ feature တွေကတော့ wifi hotspot , stream video to Apple TV using AirPlay, iAd full screen banners, and HTTP Live Streaming statistics , Multitasking Gestures တို့ပါပဲ။ အခုအချိန်မှာတော့ $99/year or Enterprise developer တွေပဲ download ချ ပြီး အသုံးပြုလို့ရပါသေးတယ်။ ခန့်မှန်းရတာတော့ iPad 2 နဲ့ အတူတူ ထွက်ရှိလာဖို့ရှိပါတယ်။

VLC get pulled from app store

VLC player ကို ဒီနေ့ မနက်မှာ App store မှာ မရှိတော့ပါဘူး။ VLC ဟာ video format တော်တော်များများကို ဖွင့်လို့ရတဲ့ Player တစ်ခုဖြစ်ပါတယ်။ နောက်ပြီး VLC player ဟာ GPL license အောက်မှာ ရှိပြီးတော့ VLC iOS ကိုတော့ apple license အောက်မှာ တင်ရပါတယ်။ ဒီ လိုင်စင် ကိစ္စဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ Applidium က ထုတ်လိုက်တာလား Apple က ထုတ်လိုက်တာ လားတော့ မသိသေးပါ။ ဘာပဲ ပြောပြော iPhone , iPad user တွေအတွက်တော့ ဝမ်းနည်းစရာ သတင်းတစ်ပုဒ်ပါပဲ။

App Store Will Come Tonight

ဒီနေ့ည မြန်မာ စံတော်ချိန် ၁၁ နာရီခွဲ စကာင်္ပူ စံတော်ချိန် ၁ နာရီ မှာ App Store ကို စသုံးလို့ရပါလိမ့်မယ်။ Mac App ပေါင်း ထောင်ကျော်ရှိမယ်လို့ ဆိုပါတယ်။ နာမည်ကြီး App တွေကို စတင် ဝယ်ယူသုံးစွဲလို့ရပြီး iOS App လိုမျိုး download , update လွယ်လွယ်ကူကူ သုံးစွဲလို့ရပါလိမ့်မယ်။ အရင်တုန်းက DVD package နဲ့ ရောင်းတဲ့ iWork လိုမျိုး App တွေကို ခွဲပြီး ဝယ်ယူလို့ရလာနိုင်တဲ့အတွက် စျေးသက်သာသွားမှာတော့ သေချာပါတယ်။ iWork package မှာ ကျွန်တော်တို့ မသုံးတဲ့ App တွေရှိတယ်။ အဲဒီအတွက် သီးသန့် ပိုက်ဆံ ပေးပြီး အရင်က ဝယ်ခဲ့ရပေမယ့် အခုတော့ Pages တစ်ခုတည်း ဝယ်ချင်လည်း ဝယ်လို့ရပါပြီ။

Motorola Xoom


Motorola က tablet ထုတ်မယ်လို့ ရေးထားပြီးပါပြီ။ CES 2011 မှာ Xoom အမည်နဲ့ Android 3.0 ကို အသုံးပြုပြီး ထုတ်လိုက်ပါပြီ။ ပထမဆုံး Android 3.0 Tablet လို့ ဆိုလည်းရပါတယ်။ 3G network ကနေ 4G network ကို upgrade လုပ်လို့ရတယ်လို့ ဆိုပြန်တယ်။ CPU ကတော့ NVIDIA Tegra 2 Dual Core 1 GHz နဲ့ RAM ကလည်း 1 GB ပါ။ Flash Room 32 GB အပြင် အခြား ထပ်ပြီး microSDHC ကို 32 GB ထိ တိုးလို့ရပါသေးတယ်။ storage ကတော့ ရှယ်ပေါ့ဗျာ။ အရွယ်အစားကတော့ 10.1 လက်မ ရှိပါတယ်။ Resoultion ကတော့ WXGA (1280 x 800) ရှိတယ်။ iPad Killer လားလို့တောင် မေးခွန်းထုတ်ရတဲ့ Tablet တစ်ခုပါ။ နောက်ပြီး Flash Player support လုပ်တဲ့အတွက် Flash game တွေ video တွေကြည့်ချင်တဲ့လူတွေ အတွက် အဆင်ပြေတာပေါ့။

Honeycomb/Android 3.0

Google Android 3.0 မှာ ဒီလို တွေ မြင်ရပါလိမ့်မယ်။ ထူးခြားတာကတော့ 360 degree Wall ပါပဲ။ UI Design ကတော့ Android 2 ထက် အများကြီး သာလွန်သွားပါတယ်။ Android 3.0 ဟာ Tablet တွေ အတွက် ဖန်တီးထားတာဖြစ်တဲ့အတွက် နောင်တချိန် Android Tablet တွေ အများကြီး တွေ့ရပါလိမ့်မယ်။
Continue reading “Honeycomb/Android 3.0”